ပေကျင်း၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ယခုသီတင်းပတ်အတွင်း တရုတ်-ဘယ်လာရုစ် စက်မှုဇုန်ဝန်ထမ်းပေါင်း ၁၀၀ ခန့်အား တရုတ်နိုင်ငံမှ ပံ့ပိုးသော COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။ တရုတ်-ဘယ်လာရုစ် စက်မှုဇုန်သည် ဘယ်လာရုစ်နိုင်ငံရှိ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများထဲတွင်တစ်ခုအပါအဝင် ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ဆောင်ရွက်လျက်ရှိသည့် ရပ်ဝန်းနှင့်ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှု၏...
ကျိလင်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကျိလင်ပြည်နယ်ရှိ Dunhua မြို့ နှင့် Erdaobaihe မြို့ သို့ ချိတ်ဆက်ပြေးဆွဲမည့် မြန်နှုန်းမြင့်ရထားလမ်းကြောင်းတစ်ခုအား ပြီးခဲ့သည့် သောကြာနေ့က ဖောက်လုပ်ပြီးစီးခဲ့ကြောင်းသိရသည်။
ဟေးလုံကျန်း၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) မကြာသေးမီက တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် Heihe တွင် တရုတ်မီးသတ်သမားများ က တောမီးလောင်မှုဖြစ်ပွားလာပါက ငြှိမ်းသတ်နိုင် မည့်လေ့ကျင့်ခန်းများလေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။ထိုသို့လေ့ကျင့်ရာတွင် စိန်ခေါ်မှုများစွာနှင့်မြေနေရာဒေသမရွေး၌ ငြှိမ်းသတ်နိုင်စေရန် ရည်ရွယ်ပြင်ဆင်ခဲ့ကြောင်းသိရသည်။ (Xinhua)
ရှန်ဟိုင်း၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) တရုတ် သုတေသီများက NEZHA III နီကျား ၃ ဟု အမည်ပေးထားသော လေပေါ်တွင်ပျံဝဲရုံသာမက ရေအောက်သို့ ဆင်းသက် မောင်းနှင်နိုင်သည့် မောင်းသူမဲ့ ဟိုက်ဘရစ်အမျိုးအစား ယာဉ်တစ်စင်း အား တီထွင်ခဲ့သည်။ နီကျား ၃ ယာဉ်အား အဏ္ဏဝါသိပ္ပံကျောင်း...
ရွှေလီ၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရွှေလီမြို့တွင် ပြီးခဲ့သည့်မတ်လနှောင်းပိုင်းက COVID-19 ကူးစက်ခံရမှုအသစ်ထပ်မံတွေ့ရှိခဲ့ရာ ရောဂါ ဆိုးဝါးစွာပျံ့နှံ့မှုမရှိစေရန်အစွမ်းကုန် ကုသပေးလျက်ရှိသည်။ရွှေလီတွင် COVID-19 အသစ်ထပ်မံကူးစက်ခံရသူများအတွက် တရုတ်ရိုးရာတိုင်းရင်းဆေးအား အဆင့်မြှင့်တင်ကာ အသုံးပြု ကုသပေးလျက်ရှိသည်။ ဆေးရုံရှိ ဆရာဝန် ၃၀ ကျော်စုပေါင်းကာ တရုတ်ရိုးရာတိုင်းရင်းဆေး ဖော်စပ်ခဲ့ကြသည်။...
ဝူဟန့်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) လွန်ခဲ့သည့် တစ်နှစ်က COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် lockdown ကန့်သတ်ခံခဲ့ရသည့် ဝူဟန့်မြို့သည် တစ်နှစ်အကြာတွင် မူလအတိုင်းပြန်လည် စည်ကားသက်ဝင်နေပြီဖြစ်သည်။ (Xinhua)
ကျန်းစု၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ၏ မြေတူးစက်ထုတ်လုပ်ရေးလုပ်ငန်း သည် နှစ်စ ကတည်းက အလားအလာ ကောင်းမွန်လျက်ရှိ ကြောင်းသိရသည်။ကျွမ်းကျင်သူများ ၏ အဆိုအရ ထိုသို့ဈေးကွက် ကောင်းရရှိခြင်းမှာပြည်တွင်းပြည်ပ စီးပွားရေး ပြန်လည်ဦးမော့လာသည့် လက္ခဏာပင်ဖြစ်ကြောင်းဆိုသည်။ တရုတ်နိုင်ငံ ယန္တရားများတည်ဆောက်ရေး အဖွဲ့ CCMA မှ...
ဘဲလ်ဂရိတ်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ဆာဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic သည် ဧပြီ ၆ ရက်က နိုင်ငံ အရှေ့ပိုင်း Majdanpek မြို့တွင် တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ကြောင်း သိရသည်။ “ကျွန်တော် နေလို့အရမ်းကောင်းပါတယ်။ ထွေထွေထူးထူး...
မနီလာ၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မက်ဒရို မနီလာ အပါအဝင် အခြား ဆက်စပ်ဧရိယာ ၄ နေရာ ၌ COVID-19 ကူးစက်ခံရမှု အရှိန်လျော့ကျသွားခြင်းမရှိသေးသဖြင့် သမ္မတဒူတာတေးက lockdown ကာလအား တိုးမြှင့်ချထားရန် ခွင့်ပြုခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့သည့် စနေနေ့တွင် ပြောကြားခဲ့သည်။...
ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ဆောင်မှုများ၊ အဓိက ကျသည့် အကြံဉာဏ်သစ်များနှင့်အတူ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးကို လုံးဝအောင်မြင်မှုရရှိစေရန် ဗျူဟာချမှတ်ဆောင်ရွက်ခဲ့ခြင်းမှာ အားအကောင်းဆုံး လက်နက်ဖြစ်ကြောင်း အင်္ဂါနေ့က ထုတ်ပြန်သည့် စက္ကူဖြူကြေညာချက်တွင်ဖော်ပြထားသည်။ ၎င်းမှာ တရုတ်နိုင်ငံ ၏ လက်တွေ့အခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက်လိုအပ်သည့် လုပ်ဆောင်ချက်များအပေါ်မူတည်သည့် ကွန်မြူနစ်ပါတီ၏ ကောင်းမွန်သည့်...