Videos
တရုတ်နိုင်ငံ Qinling တောင်တန်းများကြားမှ သဘာဝအလှတရားနှင့် တေးသွားပေါင်းစပ် ဖျော်ဖြေတင်ဆက်မှု
ဆန်ရှီး၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်းနှင့် တောင်ပိုင်းကို သဘာဝအတိုင်း ပိုင်းခြားထားသည့် Qinling တောင်တန်းပေါ်တွင် ဂီတတီးဝိုင်း ဖျော်ဖြေတင်ဆက်မှုတစ်ခု ပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်ရှိ သစ်ပင်များနှင့် မြူခိုးများဝန်းရံထားသော Niubeiliang အမျိုးသားသစ်တောဥယျာဉ်တွင် ပြုလုပ်ခဲ့သော ရှီးအန်းသံစုံတီးဝိုင်းနှင့် သံပြိုင်တီးမှုတ်မှုများက တရုတ်သံစဉ်တေးသွားများနှင့် အနောက်တိုင်းဂန္ထဝင်တေးသွားများကို ပေါင်းစပ်ပုံဖော်ခဲ့ခြင်းဖြစ်သည်။
Qinling တောင်တန်းများသည် အလွန်များပြားသော သစ်ပင်အမျိုးမျိုးနှင့် ပန်ဒါကြီးမျိုးများ၊ ရွှေရောင်မျောက်များနှင့် crested ibis ငှက် စသည့် တောရိုင်းတိရစ္ဆာန်များ နေထိုင်ရာ တရုတ်နိုင်ငံ၏ သဘာဝအရင်းအမြစ်ဘဏ်အဖြစ် လူသိများလျက်ရှိသည်။ (Xinhua)