Connect with us

Videos

တရုတ်နိုင်ငံရှေးခေတ်ပိုးလမ်းမကြီးစတင်ရာ Qinzhou ဆိပ်ကမ်း

ကွမ်ရှီးကျွမ့်၊ဧပြီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Qinzhou ဆိပ်ကမ်းသည် ရှေးခေတ်ပိုးလမ်းမကြီးစတင်ရာ ဆိပ်ကမ်းဖြစ်ပြီး ယခုအချိန်တွင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ အရှေ့တောင်အာရှ နှင့်အ ခြားဒေသတို့ အားဆက်စပ်ပေးရာ နေရာဒေသတစ်ခုလည်းဖြစ်လာသည်။ ၎င်းသည် တရုတ်နှင့် အာဆီယံနိုင်ငံများပူးပေါင်းဆောင်ရွက်မှုတွင် အထူးအရေးပါသောဒေသလည်းဖြစ်သည်။ Qinzhou မှ အာဆီယံဒေသများသို့ ကြီးမားသော ရေလမ်းကြောင်းကြီးများ၊ နိုင်ငံတကာ မှ သင်္ဘောများဝင်ထွက်သွားလာနိုင်မည့် အဆောက်အဦများနှင့် သယ်ယူပို့ဆောင်ရေးဋ္ဌာန များကို တည်ဆောက်ထားပြီးဖြစ်သည်။ ထို့အပြင် ၂၁ ရာစု ကုန်သွယ်ရေကြောင်းပိုးလမ်း မကြီးနှင့် ပိုးလမ်းမတစ်လျှောက်စီးပွားရေးလုပ်ငန်း များအတွက် အချက်အချာကျသော ဒေသတစ်ခု လည်းဖြစ်သည်။

Qinzhouမြို့သည် တရုတ်နိုင်ငံတောင်ပိုင်းရှိ နှစ်ပေါင်း ၁၄ဝဝ သက်တမ်းရှိသော ရှေးဟောင်းမြို့တစ်မြို့ ဖြစ်ကာ ရှည်လျားလှသော သမိုင်းကြောင်းနှင့် တိုင်းရင်းသားမျိုးနွယ်စုများ နှင့် အဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်များ တည်ရှိရာ မြို့လည်းဖြစ်သည်။ထို့အပြင် ရေမြေတောတောင်သဘာဝအလှများနှင့် ယနေ့တိုင်ရှုမငြီးစဖွယ် သာယာလှပသော မြို့တစ်မြို့လည်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.