Connect with us

Videos

Samsung အနေဖြင့် နိုင်ငံအလိုက်အရည်အသွေးခွဲခြားထုတ်လုပ်ရောင်းချခြင်းမျိုးမပြုလုပ်သင့်ဟု တရုတ်စားသုံးသူ ကာကွယ်ရေးအဖွဲ့ ဆို

ပေကျင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

Samsung မိုဘိုင်းလ်ဖုန်းထုတ်လုပ်ရေးကုမ္ပဏီအနေဖြင့် Galaxy Note 7 smartphones များကို ပြန်လည် သိမ်းယူခြင်း များဆောင်ရွက်ရာတွင် ပိုမို အားစိုက်ပြီးဆောင်ရွက်သင့်ကြောင်း နှင့် တရုတ် ဝယ်သူများ ၏ တရားဝင်အခွင့်အရေးကို ပိုမိုဂရုစိုက်ပေးရန် တရုတ်အဆင့်မြင့်ဈေးကွက်များ စောင့်ကြည့် လေ့လာရေးမှ တာဝန်ရှိသူက ဆိုသည်။Samsung ကုမ္ပဏီအနေဖြင့် ယခုနောက်ဆုံးဖြစ်ပေါ်ခဲ့သည့် မိုဘိုင်းလ်ဖုန်းများပြန်လည် သိမ်းယူရသည့် ကိစ္စကို သင်ခန်းစာယူသင့်ကြောင်း နိုင်ငံများစွာတွင် ဖွင့်လှစ်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်သည့်အတွက် ထိုကိစ္စ အပေါ် တွင် တာဝန်ယူသင့်ကြောင်း နှင့် အလားတူကိစ္စများထပ်မံမဖြစ်ပွားရန် ကာကွယ်သင့်ကြောင်းတရုတ်စားသုံးသူ ကာကွယ်ရေး ဗြူရို ရှိ တာဝန်ရှိသူကဆိုသည်။Samsung ကုမ္ပဏီအနေဖြင့် Galaxy Note 7 smartphone ၁၉ဝ၉၈၄ လုံး ကို တရုတ်ပြည်မကြီးတစ်ခုထဲမှ ပြန်လည်သိမ်းယူခဲ့ရသည်။

တရုတ်ပြည်မကြီးတွင် Galaxy Note 7 ဖုန်းမှ မီးထလောင်မှုနှင့် အပူလွန်ကဲမှုပေါင်း ၂ဝ ကျော်ဖြစ်ပွားခဲ့ကြောင်း လည်း သိရှိရသည်။တရုတ် စားသုံးသူကာကွယ်ရေးဗြူရို က Samsung ကုမ္ပဏီအနေဖြင့် ကုမ္ပဏီတွင်း အရည်အသွေး ိုင်း ကိုကောင်းမွန်အောင်ထိန်းသိမ်းမှုကို ပိုမိုကြပ်မတ်သင့်ကြောင့် အရည်အသွေး ကောင်းမွန်မှုမရှိသည့် ကုန်ပစ္စည်းများကိုမရောင်းချသင့်ကြောင်း နှင့် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံတွင် ကုန်ပစ္စည်း၏ အရည်အသွေး အား ခွဲခြားထုတ်လုပ် ရောင်းချခြင်းမျိုးမပြုလုပ်သင့်ကြောင်း ပြောကြားခဲ့သည်။Samsung Galaxy Note 7ဖုန်းများကို သြဂုတ်လ အတွင်းက ထွက်ရှိခဲ့ပြီး စက်တင်ဘာလ အစောပိုင်းတွင် တကမ္ဘာလုံးသို့ဖြန့်ချိခဲ့ပြီး နောက် ဘက်ထရီ ပြဿနာကြောင့် ပြစ်တင်မှုများစွာ နှင့်ရင်ဆိုင်ခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.