Videos
ကွေးနိုင်ဆန့်နိုင်ပြီး လူသားဆံပင်ထက်ပင် ပိုမိုပါးလွှာသည့် screen မျက်နှာပြင်ထုတ်လုပ်
ရှန်ဇန်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှန်ဇန်းအခြေစိုက် ကုမ္ပဏီတစ်ခုက ဖောက်ထွင်းမြင်နိုင်အောင်ပါးလွှာပြီးကွေးနိုင်ဆန့်နိုင်သည့် 0.01 မီလီမီတာ အထူသာရှိသော မျက်နှာပြင်တစ်ခုကို ထုတ်လုပ်ခဲ့သည်။ ၎င်းမှာလူသားတို့၏ ဆံပင်တစ်ပင်ထက် အချင်းဝက်မှာ ၅ဆခန့်ပိုမိုပါးလွှာသည်။ ကွေးနိုင်ခေါက်သိမ်းနိုင်သည့် မျက်နှာပြင်အမျိုးအစားဖြစ်ပြီး ဆင်ဆာစနစ်ကိုပါထည့်သွင်းထားသည်။ LCD မျက်နှာပြင်ကဲ့သို့ ကြီးမားသည့် ပစ္စည်းများတွင်လည်းအစားထိုးအသုံးပြုနိုင်သည်။ (Xinhua)