Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
အိမ်ထောင်စုပေါင်း သန်း ၁၅၀၏ တစ်နှစ်စာ ဓါတ်ငွေ့ လိုအပ်မှုကိုဖြည့်ဆည်းပေးနိုင်သည့် shale gas သဘာဝဓါတ်ငွေ့ စီမံကိန်း - Xinhua News Agency
Connect with us

Videos

အိမ်ထောင်စုပေါင်း သန်း ၁၅၀၏ တစ်နှစ်စာ ဓါတ်ငွေ့ လိုအပ်မှုကိုဖြည့်ဆည်းပေးနိုင်သည့် shale gas သဘာဝဓါတ်ငွေ့ စီမံကိန်း

ချုံချင့်၊ မေ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချုံချင့်ပြည်နယ်တွင် ကျောက်သားထုထည်များအောက်မှ ထုတ်ယူရရှိသည့် သဘာဝ ဓါတ်ငွေ့ (shale gas) ကို ဘီလီယံ ၃၀ ကျော်ခန့်ထုတ်ယူရရှိ ပြီဖြစ်ကြောင်းသိရသည်။

၎င်းပမာဏမှာ အိမ်ထောင်စုပေါင်း သန်း ၁၅၀၏ တစ်နှစ်စာ ဓါတ်ငွေ့ လိုအပ်မှုကိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်ပြည်နယ်ရှိ sinopec ကုမ္ပဏီက လုပ်ကိုင်နေသည့် ဖူလင်း shale gas ထုတ်ယူရေး စီမံကိန်း သည် နိုင်ငံ၏ အဓိက shale gas ထုတ်လုပ်ရေးစီမံကိန်းဖြစ်ပြီး ၎င်းမှ ထွက်ရှိသည့် သဘာဝဓါတ်ငွေ့ များ သည် ဒေသအတွက်လိုအပ်သည့် ဓါတ်ငွေ့ပမာဏကို ဖူလုံအောင်ထောက်ပံ့ ပေးနိုင်ကြောင်းသိရသည်။ 

Sinopec ကုမ္ပဏီ ဖူလင်း ဋ္ဌာနခွဲမှ ဒုတိယအထွေထွေမန်နေဂျာဖြစ်သူ Zhu Danghui က ” အိမ်ထောင်စုတစ်ခုမှာ တစ်နေ့ကို ဓါတ်ငွေ့ ၀.၅ ကုဗ မီတာတော့သုံးစွဲကြတယ်၊ ဒါကြောင့် သဘာဝဓါတ်ငွေ့ ၃၀ ဘီလီယံဆိုရင်အိမ်ထောင်စု သန်းပေါင်း ၁၅၀ ရဲ့ တစ်နှစ်စာ ဓါတ်ငွေ့ လုံလောက်မှုကိုဖြည့်ဆည်းပေးနိုင်တဲ့သဘောဖြစ်ပါတယ်” ဟုဆိုသည်။ 

ဖူလင်း စီမံကိန်းမှ နေ့စဉ် သဘာဝဓါတ်ငွေ့ကုဗ မီတာပေါင်း ၁၇ သန်း ခန့်ထုတ်လုပ်ပေးနိုင်သည်ဖြစ်ရာ အိမ်ထောင်စုပေါင်း၃၄ သန်းကို ထောက်ပံ့ပေးနိုင်သည်။ 

တရုတ်နိုင်ငံအနေဖြင့် ကျောက်သားထုထည်များအောက်မှ သဘာဝဓါတ်ငွေ့ တူးဖော်ထုတ်ယူခြင်းလုပ်ငန်းကို နည်းပညာများနှင့် ထုတ်ယူနိုင်စွမ်းတိုးမြှင့်စေရေးအရှိန်မြှင့်တင် ပြီး ကမ္ဘာပေါ်တွင် ထိပ်တန်းသဘာဝဓါတ်ငွေ့ ဖြန့်ဖြူးသည့်နိုင်ငံများအနက် တစ်နိုင်ငံအဖြစ် ရောက်ရှိစေရန် ဆောင်ရွက်လျှက်ရှိသည်။  (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.