Videos
Sinovac မှ ထုတ်လုပ်သည့် CoronaVac ကာကွယ်ဆေးသည် COVID-19 ကာကွယ်ရာတွင် ၆၇ ရာခိုင်နှုန်း ထိရောက်မှုရှိ ကြောင်း ချီလီ ထုတ်ပြန်
ဆန်တီယေဂို၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်း Sinovac မှ ထုတ်လုပ်သည့် CoronaVac ကာကွယ်ဆေးသည် COVID-19 ကာကွယ်ရာတွင် ၆၇ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း ချီလီကျန်းမာရေးဝန်ကြီးဋ္ဌာန က ထုတ်ပြန်သည်။
လေ့လာမှုအတွက် အသက် ၁၆ နှစ်နှင့်အထက် ရှိသူ စုစုပေါင်း ၁၀.၅ သန်းအား သုတေသနပြုလုပ်သွားရန် ဖြစ်သည်။ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန လက်အောက် အကြံပေးနှင့် ဆရာဝန် ဖြစ်သူ Rafael Araos က “ကျွန်တော်တို့ဒီမှာ ပြည်သူ့ကျန်းမာရေးဆောင်ရွက်ချက်များအကြောင်း နဲ့ တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ကိုဆွေးနွေးနေကြတာပါကာကွယ်ဆေးထိုးနှံထားပြီးသူ ၇၀ရာခိုင်နှုန်း လောက်က COVID-19 ဖြစ်ပွားမှုကိုကာကွယ်နိုင်ပြီးတော့ သေဆုံးမှု ၈၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့တဲ့အပြင် အရေးပေါ်အခြေအနေ မရောက်ရှိစေဖို့ ၈၉ရာခိုင်နှုန်း ကာကွယ်နိုင်ခဲ့ပါတယ် ဒါဟာ အတော်ကို ကောင်းမွန်တဲ့ ရလဒ်ဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့တော့ အဲဒီအတိုင်းဆက်ပြီး ထိန်းထားနိုင်ဖို့မျှော်လင့်ပါတယ် “ ဟု ဆိုသည်။
အဆိုပါ အစီရင်ခံစာမှာ ပဏာမ အစီရင်ခံစာဖြစ်ပြီး လစဉ် ထပ်မံဖြည့်စွက်မည်ဟုသိရသည်။ချီလီနိုင်ငံ၌ ပြည်လုံးကျွတ် ကာကွယ်ဆေးထိုးနှံခြင်း အား ဖေဖော်ဝါရီလ တွင် စတင်ခဲ့သည်။ ပြည်သူ၁၅ သန်းအား ကာကွယ်ဆေးထိုးနှံပေးသွားရန်ရည်မှန်းထားကြောင်းသိရသည်။ လက်ရှိအချိန်တွင် ပြည်သူထက်ဝက်ခန့်အား ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်သည်။ (Xinhua)