Connect with us

Videos

လေယာဉ်တစ်စင်း၏ ကိုယ်ထည်အစိတ်အပိုင်းကြီးမှာ တံတားအောက်တွင် ညပ်သွားသည့် video ဖိုင်

ဟာဘင်၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟာဘင်မြို့တွင် လေယာဉ်တစ်စင်း၏ ကိုယ်ထည်အစိတ်အပိုင်းကြီးမှာ တံတားအောက်တွင် ညပ်သွားသော video ဖိုင်ကို အွန်လိုင်းစာမျက်နှာများတွင်လူအများစိတ်ဝင်တစားကြည့်ရှုခဲ့ကြသည်။ ၎င်းလေယာဉ်အစိတ်အပိုင်းကြီးကို တပ်ဆင်လဲလှယ်ပြီးနောက် ထရပ်ကားဖြင့် သယ်ယူပို့ဆောင်ချိန်တွင် ထိုသို့ တံတားအောက်သို့ညပ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ထရပ်ကားမောင်းနှင်သူက ကား၏ တာယာဘီးများကို လေလျှော့ ပစ်ခဲ့ရသည်။ ထရပ်ကား၏ တာယာများမှာ ပုံမှန်ထက်အလွန်မြင့်မားသောကြောင့် ခန့်မှန်းထားသည့်အမြင့်ထက်ကျော်လွန်ကာ ယခုလို ဖြစ်ပွားခဲ့ရကြောင်းကျွမ်းကျင်သူများကဆိုသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.