Videos
“VR နည်းပညာဖြင့် သာယာလှပသော တရုတ်ပြည် ခရီးသွား ရသ ခံစားမှုပြပွဲ” ကျင်းပ(ရုပ်သံ)
ရန်ကုန် ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)
“VR နည်းပညာဖြင့် သာယာလှပသော တရုတ်ပြည် ခရီးသွား ရသ ခံစားမှုပြပွဲ” ဖွင့်ပွဲ အခမ်းအနား အား ဇန်နဝါရီ ၂၂ ရက် တွင် ရန်ကုန်မြို့ ရှိ တရုတ် ယဉ်ကျေးမှု စင်တာ ၌ ဖွင့်လှစ်ခဲ့ပြီး အခမ်းအနား တက်ရောက် သည့် ဧည့်သည်တော် များ နှင့် ပရိသတ်များ အား လက်တွေ့ခံစားမှုပြခန်း တွင် အဆင့်မြင့် နည်းပညာများ ကို ကိုယ်တိုင် ထိတွေ့ခံစား စေခဲ့သည်။
အခမ်းအနားတွင် မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ကိုယ်စား အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်) မှ ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်၊မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းမြင့် နှင့် ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ တာဝန်ခံ မစ္စ ရွှီလင်း က တို့က နှုတ်ခွန်းဆက် စကား အသီးသီးပြောကြား ခဲ့သည်။
ပြပွဲ အား ဖေဖော်ဝါရီ ၈ ရက်နေ့ အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး ပြည်သူလူထု အနေဖြင့် ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာတွင် အခမဲ့ လာရောက် ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။(Xinhua)