Videos
စတော့ ရှယ်ယာ ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူ ပိုမို များပြားလာစေမည့် YSX Expo 2018
ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)
စတော့ ရှယ်ယာ ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူ ပိုမို များပြားလာစေရေး ရည်ရွယ်ချက်များ ပါဝင်သည့် YSX Expo 2018 အခမ်းအနားအား ရန်ကုန် စတော့အိတ်ချိန်းမှ ကြီးမှူး၍ စက်တင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့သည်။
YSX Expo 2018 အခမ်းအနား ကျင်းပရခြင်းသည် ကုမ္ပဏီများ အရင်းအနှီးဈေးကွက်မှ တဆင့် ကာလရှည် ရင်းနှီးငွေများ စုစည်း တတ်စေရန် နှင့် နိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်၊ စတော့ရှယ်ယာ ဈေးကွက် အကြောင်း အများ ပြည်သူတို့ ပိုမိုသိရှိ နားလည်စေရန် နှင့် အရင်းအနှီးဈေးကွက် Eco-System ကြီး ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပေးရန် တို့အတွက် ဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း နှင့် တာဝန် ရှိသူများက YSX Expo 2018 ကျင်းပ ရခြင်း ရည်ရွယ်ချက်များ ၊ ရန်ကုန် စတော့အိတ်ချိန်း အကြောင်း အရာများအား ပြောကြားခဲ့သည်။YSX Expo 2018 တွင် ဆွေးနွေးပွဲ များ သာမက စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ ပြခန်းများ ၊ ဘဏ္ဍာရေး သင်တန်းများ၏ ပြခန်းများ ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၏ ပြခန်းများ ၊ အာမခံ ကုမ္ပဏီများ၏ ပြခန်းများလည်း ပါဝင် ပြသခဲ့ကြောင်း သိရသည်။ရန်ကုန် စတော့အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီများ ဖြစ်သည့် FMI ကုမ္ပဏီ ၊ မြန်မာသီလဝါ အထူး စီးပွားရေး ဇုန် အများပိုင် ကုမ္ပဏီ လီမိတက် (MTSH) ၊ မြန်မာနိုင်ငံသားများဘဏ်(MCB) ၊ ပထမ ပုဂ္ဂလိက ဘဏ် (FPB) နှင့် TMH telecom ကုမ္ပဏီလီမီတက် တို့အရောင်းအဝယ် ပြုလုပ်လျက် ရှိကြောင်း သိရသည်။(Xinhua)