Videos
Yutong Bus ကုမ္ပဏီ ထုတ် 5G ကွန်ရက်နည်းပညာ သုံး စမတ်ဘတ်စ်ကား တစ်စင်းကို စမ်းသပ်ပြေးဆွဲ

ဟီနန်၊ မေ ၂၂ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ပြည်နယ် ကျန်းကျိုးမြို့တွင် Yutong Bus ကုမ္ပဏီက ထုတ်လုပ်သည့် 5G ကွန်ရက်နည်းပညာသုံး စမတ်ဘတ်စ်ကား တစ်စင်းကို စမ်းသပ်ပြေးဆွဲခဲ့သည်။ အဆိုပါကားတွင် ရေဒါ၊ လေဆာ၊ ဆင်ဆာစနစ်နှင့် ကင်မရာ စနစ်များကိုလည်း တပ်ဆင်ထားသောကြောင့် လမ်းအမှတ်အသားများ၊ မီးပွိုင့်များနှင့် လမ်းများပေါ်ရှိ အတားအဆီးများအားလုံးကို စကင်ဖတ်မောင်းနှင်နိုင်သည်။ Auto pilot စနစ်ပါဝင်သောကြောင့် လမ်းကြောင်းပြောင်းလဲခြင်းနှင့်အတူ မီးပွိုင့်အချက်ပြစနစ်များကို လူ၏ အကူအညီ မပါဘဲ အလိုအလျောက်ဆောင်ရွက်နိုင်သည်။ (Xinhua)