International Organizations
ဂရိနိုင်ငံတွင် အင်အား ၅.၈ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့

အေသင်၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ)
ဂရိနိုင်ငံ Creteကျွန်းတွင် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းက ပြင်းအား ၅.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လက်ရှိတွင် ငလျင်ကြောင့် သေဆုံးသူ ၁ ဦး ရှိပြီဖြစ်ကြောင်း အေသင် အမျိုးသား နက္ခတ္တဗေဒဌာန၏ သတင်းများအရသိရသည်။

ဂရိနိုင်ငံ Creteကျွန်းတွင် ငလျင်လှုပ်ခတ်မှုအပြီး နေအိမ်တွင် ရပ်နေသည့် အမျိုးသား တစ်ဦးအား စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂရိနိုင်ငံ Creteကျွန်း ငလျင်ဒဏ်သင့်နေရာများမှ ဒဏ်ရာရသူများအား မီးသတ်တပ်ဖွဲ့ဝင်များက သယ်ဆောင်နေသည်ကို စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂရိနိုင်ငံ Creteကျွန်း ငလျင်ဒဏ်သင့်နေရာများ မီးသတ်တပ်ဖွဲ့ဝင်များအား စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂရိနိုင်ငံ Creteကျွန်း ငလျင်ကြောင့် ပျက်စီးသွားသည့် မော်တော်ယာဉ်တစ်စီးအား စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂရိနိုင်ငံ Creteကျွန်း ငလျင်လှုပ်ခတ်မှုအပြီး နေအိမ်တစ်လုံးအား စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
ငလျင်သည် Creteကျွန်း မြို့တော်Heraklion တောင်ဘက် ၂၅ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြုလှုပ်ခတ်ခဲပြီး ၎င်း၏နောက်ဆက်တွဲငလျင်များလည်း လှုပ်ခတ်ခဲ့ကြောင်း အေသင် အမျိုးသား နက္ခတ္တဗေဒဌာန Geodynamics သုတေသနဌာန ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။ ထိုမတိုင်မီ ဥရောပတိုက်-မြေထဲပင်လယ် ငလျင်စင်တာက ပြင်းအား ၆.၅ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားကြောင်း ပြောကြားခဲ့သည်။
ငလျင်ကြောင့် ယင်းဒေသရှိ ဘုရားကျောင်း ခေါင်မိုးပေါ်တွင် အလုပ်လုပ်နေသည့် အလုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း ၊ ရေပေးဝေရေးစနစ်နှင့်နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း အေသင်-မြောက်မက်ဆီဒိုးနီးယား (AMNA) သတင်းဌာနက ဖော်ပြထားသည်။ (Xinhua)
———————————–
(Chinese Version)
(国际)希腊克里特岛发生5.8级地震 一人死亡
2021-09-27 17:23:58
新华社雅典9月27日电(记者于帅帅)据雅典国家天文台消息,希腊克里特岛27日早晨发生5.8级地震。当地媒体报道,目前地震已造成一人死亡。
雅典国家天文台地球动力研究所发布的数据显示,地震震中位于克里特岛首府伊拉克利翁市以南25公里处,震源深度约10公里,并伴随有多次余震。此前,欧洲-地中海地震中心报告发生6.5级地震。
据雅典-马其顿通讯社报道,当地一名正在教堂屋顶工作的工人不幸遇难,地震还造成当地供水系统及多处房屋受损。(完)
图说1: 这是9月27日在希腊克里特岛拍摄的地震后的房屋。(斯特凡诺斯•拉帕尼斯摄)
图说2:9月27日,在希腊克里特岛,一名男子站在自己震后的家中。新华社发(斯特凡诺斯•拉帕尼斯摄)
图说3:9月27日,消防员在希腊克里特岛的地震灾区搬运伤者。新华社发(斯特凡诺斯•拉帕尼斯摄)
图说4:9月27日,消防员在希腊克里特岛的地震灾区工作。新华社发(斯特凡诺斯•拉帕尼斯摄)
图说5: 9月27日,在希腊克里特岛,一辆汽车被地震滚落的石头毁坏。新华社发(斯特凡诺斯•拉帕尼斯摄)
图说6: 这是9月27日在希腊克里特岛拍摄的地震后的房屋。 新华社发(斯特凡诺斯•拉帕尼斯摄)