Connect with us

Africa & Middle East

နျူကလီးယားသဘောတူညီချက် တွေ့ဆုံဆွေးနွေးမှုမတိုင်မီ စစ်ရေးလေ့ကျင့်၊ “ရန်သူကို ခုခံကာကွယ်ရန်အတွက် အင်အားပြခြင်း”ဖြစ်ဟု အီရန် ဆို

ဟော့မုဇ်ရေလက်ကြားတွင် ကင်းလှည့်နေသည့် အီရန်တပ်ဖွဲ့အား ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

အီရန်စစ်တပ်က ဟောမုဇ်ရေလက်ကြားအနီးပင်လယ်ပြင်တွင် တပ်ဖွဲ့အမျိုးအစား များစွာပါဝင်သည့် နှစ်စဉ်စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၇ ရက်တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီတစ်ကြိမ် အီရန် အိုမန်ပင်လယ်ကွေ့ကမ်းရိုးတန်းတစ်လျှောက် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရတဲ့ ရည်ရွက်ချက်က နိုင်ငံရဲ့ စစ်ရေးအင်အားနဲ့ရန်သူကို ခုခံကာကွယ်ဖို့ အသင့်ပြင်ထားတဲ့အနေအထားကို ပြသတာပဲဖြစ်တယ်”ဟု စစ်ရေးလေ့ကျင့်မှုဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Mahmoud Mousaviက အီရန်နိုင်ငံပိုင်ရုပ်သံကို ပြောကြားခဲ့သည်။

“Zolfaqar-1400”ဟု အမည်ပေးထားသည့် စစ်ရေးလေ့ကျင့်မှုကို ဟော့မုဇ်ရေလက်ကြား အရှေ့ဘက်စွန်းမှ အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းနှင့် ပင်လယ်နီ၏တစ်စိတ်တစ်ပိုင်းအထိပါဝင်ရာ စုစုပေါင်း ဧရိယာ စတုရန်ကီလိုမီတာ ၁ သန်းကျော် ရှိကြောင်း အီရန်နိုင်ငံပိုင်ရုပ်သံတွင် ဖော်ပြထားသည်။

အီရန်ရေတပ်၊ လေတပ်နှင့် မြေပြင်တပ်ဖွဲ့များက ယခု စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သွားမည်ဖြစ်ပြီး တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ သယ်ယူပို့ဆောင်ရေးယာဉ်၊ ရေငုပ်သင်္ဘော၊ မောင်းသူမဲ့ဒရုန်းယာဉ်စသည်တို့ကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ စစ်ရေးလေ့ကျင့်မှုအတွက် ကြာမြင့်ချိန်ကိုမူ ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။

ဟော့မုဇ်ရေလက်ကြားသည် ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေး၏ အရေးကြီးလမ်းကြောင်း ဖြစ်ပြီး ကမ္ဘာ့ ရေနံစိမ်း သယ်ယူပို့ဆောင်မှုပမာဏ ၂၀ ရာခိုင်နှုန်းရှိသည်။ ၂၀၁၈ ခုနှစ်တွင် အီရန်နျူကလီးယား ဘက်စုံသဘောတူညီချက်မှ အမေရိကန်အစိုးရ တစ်ဖက်သတ်နုတ်ထွက်လိုက်ပြီးနောက် အီရန်အပေါ် ထပ်တိုးပိတ်ဆို့မှုများပြုလုပ်ခဲ့ရာ ယင်းပင်လယ်ပြင်တွင် နှစ်နိုင်ငံအကြား မကြာခဏဆိုသလို ပွတ်တိုက်မှုများရှိခဲ့သည်။

အောက်တိုဘာလက အီရန်သည် အိုမန်ပင်လယ်ကွေ့တွင် ပြည်ပရေနံတင်သင်္ဘောတစ်စီးကို တားဆီးထိန်းသိမ်းခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြီးခဲ့သည့် အပတ်တွင် ပြောကြားခဲ့သည်။ အီရန်ဘက်က အမေရိကန်ရေတပ်သည် အိုမန်ပင်လယ်ကွေ့တွင် အီရန်တင်ပို့သည့်ရေနံသင်္ဘောကို တားဆီးပြီးခိုးယူရန်ကြံစီခဲ့ကြောင်း ပြစ်တင်ခဲ့ပြီး ၎င်းလုပ်ရပ်ကို အီရန် ရေတပ်က ဟန့်တားနိုင်ခဲ့ကြောင်း ဆိုသည်။

အီရန်၏ယခုအကြိမ် စစ်ရေးလှုပ်ရှားမှုသည် အီရန်နျူကလီးယားသဘောတူညီချက် သက်ဆိုက်ရာဘက်ပေါင်စုံနှင့်တွေ့ဆုံဆွေးနွေးမည့်နေ့ မတိုင်မီ တစ်လအလိုတွင် လုပ်ဆောင်ခြင်း ဖြစ်သည်။

အီရန်နျူကလီးယားသဘောတူညီချက်မှ အမေရိကန် တစ်ဖက်သတ်နုတ်ထွက်ခြင်းကို တုန့်ပြန်ရန်အတွက် အီရန်သည် ၂၀၁၉ ခုနှစ် မေလမှစပြီး သဘောတူညီချက်ပါအကြောင်းအရာတစ်စိတ်တစ်ပိုင်းကို ဆောင်ရွက်ရန် ရပ်တန့်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီလ အမေရိကန်သမ္မတအဖြစ် ဂျိုးဘိုင်ဒန်ရွေးကောက်ခံရပြီးနောက် အီရန်နျူကလီးယားသဘောတူညီချက်တွင် ပြန်လည်ပါဝင်လိုကြောင်း ပြောကြားခဲ့သည်။ အီရန်နျူကလီးယားသဘောတူညီချက် သက်ဆိုင်ရာဘက်ပေါင်းစုံက ဧပြီလမှစ၍ ဩစတြီးယားနိုင်ငံမြို့တော် ဗီယင်နာတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီး သဘောတူညီချက်အား အမေရိကန်၊အီရန် ပြန်လည်အကောင်အထည်ဖော်ရန် ဆွေးနွေးခဲ့ကြသည်။ သို့သော် အမေရိကန်နှင်အီရန်အကြား ကွဲလွဲမှုကြီးများရှိနေသေး၍လည်းကောင်း၊ အီရန်အစိုးရအလှည့်အပြောင်းရှိခဲ့ခြင်းကြောင့်လည်းကောင်း ဆွေးနွေးမှုအသစ်တစ်ကြိမ်ဆောင်ရွက် ကြန့်ကြာနေခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုကို နိုဝင်ဘာ ၂၉ ရက်တွင် ပြန်လည်စတင်မည်ဟု အီရန်က ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ကြေညာခဲ့သည်။ (Xinhua)

—————————-
(Chinese Version)
核协议会谈前军演 伊朗示“御敌实力”
2021-11-08 10:05:07
新华社北京11月8日电 伊朗军方7日在霍尔木兹海峡附近海域开始年度军事演习,多军种参演。
军演发言人马哈茂德•穆萨维告诉伊朗国家电视台:“这次在伊朗沿阿曼湾海岸进行的军事演习旨在展示国家的军事实力和御敌备战状态。”
据伊朗国家电视台报道,军演代号为“佐勒法加尔-1400”,覆盖从霍尔木兹海峡东端至印度洋北部的海域以及红海部分海域,总面积超过100万平方公里。
伊朗海军、空军和地面部队都将参与此次军演,出动战斗机、直升机、运输机、潜艇、无人机等装备。报道没有说明演习持续时间。
2019年4月30日,伊朗士兵在霍尔木兹海峡巡逻。(新华社发,艾哈迈德•哈拉比萨斯摄)
霍尔木兹海峡是重要海上运输通道,承担全球大约20%原油运输量。自从美国政府2018年单方面退出伊朗核问题全面协议并对伊朗“加码”制裁,两国在这一海域不时发生摩擦。
美方官员上周声称伊朗10月在阿曼湾拦截并扣留一艘外国油轮。伊朗方面则指责美国海军在阿曼湾拦截一艘运载伊朗出口石油的油轮,企图“盗取”这批石油,被伊朗海上部队阻止。
伊朗此次军演距离伊核协议相关方会谈重启日期不到一个月。
作为对美国单方面退出伊核协议的回应,伊朗自2019年5月起逐步中止履行协议部分条款。约瑟夫•拜登今年1月就任美国总统后,表示愿意重返伊核协议。伊核协议相关方4月起在奥地利首都维也纳举行多轮会谈,讨论美伊恢复履行协议问题。不过,由于美伊分歧严重及伊朗政府换届,新一轮会谈迟迟没有举行。
伊朗上周宣布,会谈将于11月29日重启。(郜婕)