Connect with us

Europe

တရုတ်နှင့် ရုရှားတို့က ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ထိန်းသိမ်းရန် လက်တွဲဆောင်ရွက်

#ရုရှားနှင့် #တရုတ်နှစ်နိုင်ငံ နယ်ပယ်သစ်များတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ကြရန် မျှော်လင့်ကြောင်း ရုရှားကျွမ်းကျင်ပညာရှင်များဆို#ဆင်ဟွာ

မော်စကို၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ရန် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့် ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းတွင် ဆွေးနွေပွဲများ ပြုလုပ်ခဲ့ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များကြား “ဆောင်းရာသီအိုလံပစ်ချိန်းဆိုမှု” နှင့် “နွေဦးပွဲတော်တွေ့ဆုံပွဲ” တို့သည် တရုတ်-ရုရှား ဆက်ဆံရေးပိုမိုနက်ရှိုင်းရန် အားအင်များဖြည့်တင်းပေးခဲ့ကြောင်းသိရသည်။ရုရှားကျွမ်းကျင်ပညာရှင်များက နှစ်နိုင်ငံခေါင်းဆောင်တို့၏ မဟာဗျူဟာလမ်းညွှန်မှုအောက်တွင် ရုရှား-တရုတ် ဆက်ဆံရေးသည် ဘက်စုံဖွံ့ဖြိုးတိုးတက်နေပြီး ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်တို့က တရုတ်-ရုရှား ဆက်ဆံရေးနှင့် နိုင်ငံတကာ မဟာဗျူဟာမြောက် တည်ငြိမ်လုံခြုံရေး ဆိုင်ရာ အဓိက ကိစ္စရပ်များကို နက်နက်ရှိုင်းရှိုင်း နှီးနှောဖလှယ်ခဲ့ပြီး《တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့ ခေတ်သစ်တွင် နိုင်ငံတကာဆက်ဆံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးတွဲကြေညာချက် 》ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံအဆင့်မြင့်စီးပွားရေးတက္ကသိုလ်၏ ဥရောပနှင့် နိုင်ငံတကာလေ့လာရေးဌာနမှ ကျွမ်းကျင်ပညာရှင် Vasily Kashin က ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာလမ်းညွှန်မှုအောက်တွင် ဆက်လက်အားကားနေမည်ဖြစ်သလို နှစ်နိုင်ငံခေါင်ဆောင်များ သံတမန်ဆက်ဆံရေးသည်လည်း ရုရှား-တရုတ် ဌာနအသီးသီးတို့ ပူးပေါင်းဆောင်ရွက်ခြင်းကို မြှင့်တင်ပေးမည့် အဓိကအင်အားစုဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်သည့် ကြေညာချက်သည် ယခင်ကပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လက်ရှိ နှစ်နိုင်ငံအကြား ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများရှိစေရန်အတွက် ထိရောက်သော တွန်းအားတစ်ခုဖြစ်ကြောင်း Vasily Kashin ကဆိုသည်။

နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာလမ်းညွှန်မှုအောက်တွင် တရုတ် – ရုရှားတို့သည် နှစ်နိုင်ငံဆက်ဆံရေး၏ နိုင်ငံရေးအရ အားသာချက်များဖြင့် ဘက်စုံလက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုတွင် ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း၊ စွမ်းအင်မှ အခြေခံအဆောက်အအုံ ၊ ဆက်သွယ်ရေးမှသည် အာကာသယာဉ်အထိ နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးသည် စဉ်ဆက်ပြတ် တိုးတက်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် တရုတ်-ရုရှား နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၁၄၀ ဘီလီယံ ကျော်လွန်ကာ ကာလတူထက် ၃၅ ရာခိုင်နှုန်းကျော် တိုးလာပြီး စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရသည်။ ရုရှားသိပ္ပံအကယ်ဒမီ၏ ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေး သုတေသနဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး Alexander Lomanov က ရုရှား-တရုတ် ဆက်ဆံရေးသည် တည်ငြိမ်စွာ တိုးတက်နေပြီး နှစ်ဖက်အကြား နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲများ အားကောင်းလာသလို စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများလည်း ဆက်လက် ဖွံ့ဖြိုးတိုးတက်ကာ နှစ်နိုင်ငံအကြား နိုင်ငံတကာ အရေးကိစ္စများတွင် အပြန်အလှန်ထောက်ခံကြောင်း မှတ်ချက်ပေး ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် တရုတ်နှင့် ရုရှားတို့က ပူးပေါင်းပြီး နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားကို လေးစားရန် တိုက်တွန်းခဲ့သည်။ တရုတ်နှင့်ရုရှားတို့သည် “ရပ်ဝန်းနှင့်ပိုးလမ်းမ” ကို ဥရောပ-အာရှစီးပွားရေးမဟာမိတ် နှင့်ချိတ်ဆက်ကာ ဥတုရာသီပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲများကိုကာကွယ်ရေးနှင့် ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေးတို့တွင် ထိရောက်သောပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာလုပ်ဆောင်ခဲ့ကြောင်း၊တရုတ်နှင့် ရုရှားတို့သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပြုပြင်ပြောင်းလဲရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြပြီး G20၊ BRICS၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် APEC စသော ဘက်ပေါင်းစုံမူဘောင်များအောက်တွင် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ကာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန် အတူတကွ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စဉ်ဆက်မပြတ်တိုးတက်ပြောင်းလဲနေသော နိုင်ငံတကာ အခြေအနေများကို ရင်ဆိုင်ရာတွင် တရုတ်နှင့် ရုရှားတို့သည် အပြန်အလှန် ကျောထောက်နောက်ခံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ကာ နိုင်ငံတကာ တရားမျှတမှုကို ထိန်းသိမ်းခဲ့ကြောင်း နှစ်နိုင်ငံပူးတွဲထုတ်ပြန်ချက်တွင် အဓိကကိစ္စရပ်များစွာကို အလေးပေးပြောကြားခဲ့ပြီး နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန်နှင့် အရေးကြီးသော နိုင်ငံတကာရေးရာကိစ္စရပ်များတွင် အပြန်အလှန် ပံ့ပိုးကူညီသွားရန် ကတိပြုထားကြောင်း Vasily Kashinကပြောကြားခဲ့သည်။

ရုရှားနိုင်ငံ နိုင်ငံတကာရေးရာကောင်စီမှ ကျွမ်းကျင်သူ Daniel Bochkov က ရုရှားနှင့် တရုတ်တို့သည် အရေးကြီးသော ကိစ္စရပ်များတွင် အပြန်အလှန် ကူညီပံ့ပိုးပြီး နိုင်ငံတကာရေးရာများတွင် ၎င်းတို့၏ ရပ်တည်ချက်များကို တက်ကြွစွာ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု မြင့်မားမှုကို ထင်ဟပ်နေကြောင်း ပြောကြားခဲ့သည်။

ရုရှား-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး အလားအလာများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် Kashin က ရုရှားနှင့် တရုတ်တို့သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ပိုမို အားကောင်းလာစေရန်နှစ်အသွင်အမျိုးမျိုးဖြင့် နယ်ပယ်အသီးသီးတွင် (အထူးသဖြင့် သိပ္ပံနည်းပညာနှင့်ပညာရေး) ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ၊ ရုရှားနှင့် တရုတ်တို့သည် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အဆိုပြုချက်နှင့် ဥရောပ-အာရှစီးပွားရေးမဟာမိတ် ချိတ်ဆက်မှုကို မြှင့်တင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

—————————————-
(Chinese
Version)
(国际)综述:中俄携手奏响维护全球稳定与发展强音

2022-02-09 18:37:49 分类: 政治法律
新华社莫斯科2月9日电综述:中俄携手奏响维护全球稳定与发展强音
新华社记者黄河

2月4日下午,中国国家主席习近平同来华访问并出席北京冬奥会开幕式的俄罗斯总统普京举行会谈。两国元首的“冬奥之约”“新春之会”为中俄关系注入更多生机活力。多位俄罗斯专家认为,在两国元首战略引领下,俄中关系全方位向前发展,两国携手奏响维护全球稳定与发展强音。

两国元首就中俄关系以及事关国际战略安全稳定的一系列重大问题深入充分交换了意见,双方发表《中华人民共和国和俄罗斯联邦关于新时代国际关系和全球可持续发展的联合声明》。

俄罗斯高等经济大学欧洲与国际综合研究中心专家瓦西里•卡申认为,在两国元首战略引领下,俄中合作不断向前发展,元首外交为推动俄中两国交往、推进各层级合作注入关键力量。
卡申表示,双方发表的联合声明是对此前一系列文件的延续和发展。两国当前的协作非常紧密,联合声明再次为深化双边合作提供了有效动力。

在两国元首的战略引领下,中俄充分发挥双边关系政治优势,全方位务实合作取得丰硕成果。从能源到基础设施,从通信到航空航天,双方合作质量和体量不断攀升。2021年,中俄双边贸易额突破1400亿美元,增长超过35%,再创历史新高。俄罗斯科学院世界经济与国际关系研究所副所长亚历山大•洛马诺夫评论说,俄中关系稳步前行,双方政治对话不断加强,经贸合作持续发展,两国在重大国际问题上相互支持,在国际事务中密切协调配合。

面对全球发展难题,中俄两国携手并肩,呼吁尊重各国发展利益。中俄积极推进共建“一带一路”与欧亚经济联盟对接,在应对气候变化、保护生物多样性、抗击新冠疫情等方面积极开展富有成效的双、多边合作。中俄两国积极参与世界贸易组织改革,在二十国集团、金砖国家、上海合作组织、亚太经合组织等多边框架下推动务实合作,合力应对全球性挑战。

面对深刻复杂演变的国际形势,中俄矢志不渝深化背靠背战略协作,肩并肩维护国际公平正义。卡申表示,双方在联合声明中强调诸多要点,致力于从多个领域加强协作,在重要国际问题上相互支持。

俄罗斯国际事务理事会专家丹尼尔•博奇科夫表示,俄中两国在重要问题上相互支持,在国际事务中积极协调立场,体现了两国关系的高水平和高度的政治互信。

谈到俄中双边合作发展前景,卡申表示,俄中两国会进一步加强探索双边合作潜力,努力推动双边合作更加多样化,尤其是要大力提升科技和教育等领域的合作,进一步推动开展工业及科技领域的联合项目。此外,俄中双方将不断作出努力,推动加强“一带一路”倡议与欧亚经济联盟对接。(参与记者:李奥、陈嫱、泽连科夫)(完)图说- 2月4日下午,国家主席习近平在北京钓鱼台国宾馆同俄罗斯总统普京举行会谈。新华社记者 李涛 摄