Connect with us

Europe

(ယူကရိန်း အခြေအနေ အချိန်နှင့်တစ်ပြေးညီ ဖြစ်စဉ်များ) ရုရှား-ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး၊ ပြင်သစ်သမ္မတက ရုရှား၊ယူကရိန်း ခေါင်းဆောင်များနှင့် သီးခြားစီ ဆက်သွယ်ဆွေးနွေး

ဘီလာရုဇ်နိုင်ငံ Gomelဒေသ၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပပြုလုပ်သော ရုရှား-ယူကရိန်း ဆွေးနွေးပွဲမြင်ကွင်းအား တွေ့ရစဉ်(ဓာတ်ပုံ- Belta news agency via Xinhua )

ပေကျင်း၊ မတ် ၁ ရက်(ဆင်ဟွာ)

ရုရှား ကိုယ်စားလှယ်အဖွဲ့နှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့၏ တွေ့ဆုံဆွေးနွေးမှုကို ဖေဖော်ဝါရီ ၂၈ ရက်က ဘီလာရုဇ်နိုင်ငံ Gomelဒေသတွင် ပြုလုပ်ခဲ့သည်။ယင်းနေ့တွင်ပင် ပြင်သစ် သမ္မတ မိုက်ခရွန်က ရုရှားသမ္မတ ပူတင်၊ ယူကရိန်းသမ္မတ ဇယ်လန်းစကီးတို့နှင့် သီးခြားစီ ဖုန်းဖြင့်ဆက်သွယ်ပြီး ယူကရိန်းအရေး ဆွေးနွေးခဲ့သည်။
__ ရုရှားကိုယ်စားလှယ်အဖွဲ့နှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့ ဖေဖော်ဝါရီ ၂၈ ရက်က ဘီလာရုဇ်နိုင်ငံ Gomelပြည်နယ်တွင် ဆွေးနွေးမှုစတင်ခဲ့ကြောင်း BelTAသတင်းအေဂျင်စီက ယင်းနေ့တွင် ဖော်ပြထားသည်။ လုံခြုံရေးအရ တွေ့ဆုံဆွေးနွေးသည့်နေရာအတိအကျကို ထုတ်ပြန်ပြောကြားခြင်းမရှိကြောင်း ဆိုသည်။ ရုရှားကိုယ်စားလှယ်အဖွဲ့ သည် ဖေဖော်ဝါရီ ၂၇ ရက်တွင် ဘီလာရုဇ်ကို ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ယူကရိန်းကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးပွဲမစတင်မီ ၂ နာရီလောက်က စစ်ရဟတ်ယာဉ်ဖြင့် တွေ့ဆုံမည့်နေရာကို ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ရုရှားသည် ယူကရိန်းနှင့် အမြန်ဆုံး သဘောတူညီချက် ရရှိလိုသည်ဟု ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Vladimir Medinskyက ယင်းနေ့အစောပိုင်းတွင် ပြောကြားခဲ့ကြောင်း ရုရှားမီဒီယာများက ဖော်ပြထားသည်။

ဘီလာရုဇ်နိုင်ငံ Gomelဒေသ၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပပြုလုပ်သော ရုရှား-ယူကရိန်း ဆွေးနွေးပွဲမြင်ကွင်းအား တွေ့ရစဉ်(ဓာတ်ပုံ- Belta news agency via Xinhua )

___ ရုရှားနှင့်ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဆွေးနွေးမှု ပြီးဆုံးသွားပြီဖြစ်ကြောင်း TASS သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းတွင် သတင်းအရင်းအမြစ်၏ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။

___ ပြင်သစ်သမ္မတ မိုက်ခရွန်သည် ရုရှားသမ္မတ ပူတင်၊ ယူကရိန်းသမ္မတ ဇယ်လန်းစကီးတို့နှင့် ဖုန်းဖြင့် သီးခြားစီ ဆက်သွယ်ကာ ယူကရိန်းအရေးဆွေးနွေးခဲ့ကြောင်း ပြင်သစ်သမ္မတရုံး အယ်လီဇေးနန်းတော်၏ ဖေဖော်ဝါရီ ၂၈ ရက် ထုတ်ပြန်သည့် သတင်းကြေညာချက်တွင် ဖော်ပြထားသည်။
ယူကရိန်းအကျပ်အတည်း ဖြေရှင်းရန် တောင်းဆိုချက်က ရုရှား၏ခရိုင်းမီးယားအချုပ်အခြာအာဏာကို အသိအမှတ်ပြုရန်နှင့် ယူကရိန်း “စစ်ရေးအသွင်ပြောင်းမှုကို ပယ်ဖျက်” ပြီး ဘက်မလိုက် ကြားနေ ရပ်တည်ချက်ကို ထိန်းသိမ်းရန် ဖြစ်ကြောင်း ပူတင်က မိုက်ခရွန်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးစဉ် ပြောကြားခဲ့ကြောင်း ရုရှားသတင်းမီဒီယာများက ကရင်မလင်နန်းတော်၏ သတင်းများအား ကိုးကားဖော်ပြထားသည်။

ဘီလာရုဇ်နိုင်ငံ Gomelဒေသ၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပပြုလုပ်သော ရုရှား-ယူကရိန်း ဆွေးနွေးပွဲမြင်ကွင်းအား တွေ့ရစဉ်(ဓာတ်ပုံ- Belta news agency via Xinhua )

___ ရုရှား မဟာဗျူဟာ ဒုံးကျည်တပ်ဖွဲ့၊ မြောက်ပိုင်း ရေတပ်နှင့် ပစိဖိတ်ရေတပ်၊ တာဝေးလေကြောင်းစစ်သည်အင်အားကို အားဖြည့်ထားပြီး တိုက်ပွဲဝင်အသင့်အနေထားစတင်နေပြီဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoyguက ဇန်နဝါရီ ၂၈ ရက်တွင် ရုရှားသမ္မတ ပူတင်ကို အစီရင်ခံခဲ့ကြောင်း ရုရှားကာကွယ်ရေးဌာန၏ သတင်းများအရ သိရသည်။ ရုရှားစစ်တပ် မဟာဗျူဟာ ဟန့်တားရေးအင်အားကို အထူးတိုက်ပွဲဝင် အသင့်အထားအဖြစ် ပြောင်းလဲထားရန် ရုရှားသမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၇ ရက်တွင် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

___ ဥရောပနိုင်ငံများက ရုရှားလေကြောင်းကုမ္ပဏီများ၏ လည်ပတ်မှု သို့မဟုတ် ရုရှားမှတ်ပုံတင်သည့် အရပ်သုံးလေယာဉ် ပျံသန်းမှု တားဆီးမိန့် ထုတ်ပြန်ခဲ့ခြင်းကြောင့် နိုင်ငံတကာဥပဒေသတ်မှတ်ချက်များအရ တုန့်ပြန့်သည့်အနေဖြင့် ကနေဒါနှင့်ဥရောပနိုင်ငံများပါဝင်သည့် နိုင်ငံပေါင်း ၃၆ နိုင်ငံက လေကြောင်းကုမ္ပဏီများကို ကန့်သတ်ရန် ဆုံးဖြတ်လိုက်ကြောင်း ရုရှားဖက်ဒရေးရှင်း လေကြောင်း သယ်ယူပို့ဆောင်ရေးဌာနက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

___ နေတိုးက ယူကရိန်းသို့ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်၊ တင့်ကားဖျက်လက်နက်နှင့်အခြားအကူအညီများ ပေးပို့နေပြီ ဖြစ်ကြောင်း နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenbergက ဖေဖော်ဝါရီ ၂၈ ရက် လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။ Jens Stoltenbergက နှစ်ပေါင်းများစွာ ကတည်းက နေတိုးသည် ယူကရိန်းသို့ စဉ်ဆက်မပြတ် ကူညီထောက်ပံ့ခဲ့သလို ၂၀၁၄ ခုနှစ်မှစပြီး ယူကရိန်းစစ်တပ်ကို လေ့ကျင့်ရေးနှင့်ပြုပြင်ပြောင်းလဲရေး အကူအညီများ ပေးခဲ့ကြောင်း ဆိုသည်။

___ ရုရှား ဒုတိယ ဝန်ကြီးချုပ်Chernyshenkoက ရုရှားဖက်ဒရေးရှင်းခရီးသွားဌာနကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနများနှင့် ညှိနှိုင်းကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြန်မှတစ်ဆင့် မိမိနိုင်ငံသားခရီးသွားများကို ပြည်ပမှ ပြန်လှည့်သွားရန် စီစဉ်ဖို့ ညွှန်ကြားထားကြောင်း TASS သတင်းအေဂျင်စီ၏ ဖေဖော်ဝါရီ ၂၈ ရက် သတင်းများအရ သိရသည်။

___ ဘီလာရုဇ်ရှိ အမေရိကန်သံရုံး၏ လည်ပတ်မှုကို ရပ်တန့်လိုက်ပြီ ဖြစ်ကြောင်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး၏ အရေးပေါ်မဟုတ်သည့် ဝန်ထမ်းများနှင့်၎င်းတို့၏ မိသားစုဝင်များအား မော်စကိုမှ ဆန္ဒအလျောက် ထွက်ခွာခွင့် ပြုလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထိုသို့ဆောင်ရွေက်ရခြင်းသည် ယူကရိန်းနယ်နမိတ်အတွင် ရုရှား စစ်ရေးလှုပ်ရှားမှုကို တုန့်ပြန်ရန်အတွက် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

___ ဂျပန်ဝန်ကြီးချုပ် ဖူမီအို ခီရှီဒါက ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းတွင် ယူကရိန်း သမ္မတ ဇယ်လန်းစကီးနှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ရာ ယခင် ကတိပြုထားသည့် ယူကရိန်းအတွက် ထုတ်ပေးမည့် အမေရိကန် ဒေါ်လာ သန်း ၁၀၀ ချေးငွေ အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနေ့တွင်ပင် ဖူမီအို ခီရှီဒါက ဂျပန်မှ ရုရှားသို့ ထပ်တိုး ပိတ်ဆို့အရေးယူမှုများကို ကြေညာခဲ့သည်။ (Xinhua)

#Ukraine, #Russia, #NATO, #US, #xinhua, #xinhuamyanmar, #ယူကရိန်း, #ရုရှား, #နေတိုး, #အမေရိကန်, #ဆင်ဟွာ
————————————-
(Chinese Version)
(乌克兰局势)最新动态:俄乌代表团举行谈判 法总统分别与俄乌领导人通话

2022-03-01 00:33:25
新华社北京2月28日电综合新华社驻外记者报道:俄罗斯代表团和乌克兰代表团2月28日在白俄罗斯戈梅利州举行谈判。法国总统马克龙当天分别与俄罗斯总统普京、乌克兰总统泽连斯基通电话讨论乌克兰局势。

——据白通社28日报道,俄罗斯代表团和乌克兰代表团当天在白俄罗斯戈梅利州开始举行谈判。出于安全原因,确切的会面地点并未公布。报道说,俄方谈判代表于27日抵达白俄罗斯。乌方代表团在谈判开始前不到两小时乘坐军用直升机抵达谈判地点。另据俄媒报道,俄代表团团长梅金斯基当天早些时候表示,俄有意与乌克兰方面尽快达成共识。

——俄塔斯社28日晚些时候援引消息人士的话说,俄罗斯和乌克兰代表团的谈判已经结束。
——法国总统府爱丽舍宫28日发表新闻公报说,法国总统马克龙当天分别与俄罗斯总统普京、乌克兰总统泽连斯基通电话讨论乌克兰局势。据俄媒援引克里姆林宫消息,普京在与马克龙通话时表示,解决乌克兰危机的条件是承认俄罗斯对克里米亚的主权,以及乌克兰“去军事化”和保持中立地位等。

——根据俄罗斯国防部消息,俄国防部长绍伊古28日向俄总统普京报告说,俄战略导弹部队、北方舰队和太平洋舰队、远程航空兵的执勤力量均已加强,开始战备值班。27日,普京下令将俄军威慑力量调至特殊战备状态。

——俄罗斯联邦航空运输署28日表示,由于欧洲国家公布针对由俄罗斯航空公司运营或在俄罗斯注册民用航班的禁飞令,根据国际法规范,作为回应,俄罗斯决定对包括加拿大和欧洲多国在内的总计36个国家航空公司运营的航班实施限制。

——北约秘书长斯托尔滕贝格28日在社交媒体上表示,北约正在向乌克兰提供防空导弹、反坦克武器及其他援助。斯托尔滕贝格说,北约多年来一直向乌克兰提供援助,自2014年起还帮助乌克兰武装部队进行训练和改革。

——根据俄塔斯社28日消息,俄罗斯副总理切尔内申科当日责成俄联邦旅游局协同交通部和外交部,通过人道主义走廊组织本国游客从国外撤回。

——美国国务院28日发表声明说,美国已中止驻白俄罗斯大使馆运作,并授权美驻俄罗斯大使馆“非紧急”工作人员及其家属从莫斯科自愿撤离。声明说,美方采取上述措施是为应对俄罗斯在乌克兰境内进行的军事行动。

——日本首相岸田文雄28日晚与乌克兰总统泽连斯基举行电话会谈,表示将在之前承诺为乌克兰提供1亿美元规模借款之外,再为其提供1亿美元人道援助。岸田当天还宣布日本对俄罗斯追加实施制裁措施。(参与记者:华迪、姜俏梅、李骥志、付一鸣、郭群、邓仙来、黄河、唐霁)(完)
图说1:这是2月28日在白俄罗斯戈梅利州拍摄的谈判现场。俄罗斯代表团和乌克兰代表团2月28日在白俄罗斯戈梅利州开始举行谈判。 新华社发(白俄罗斯通讯社供图)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.