Connect with us

မြန်မာ-中文

ရုရှား-ဗြိတိန် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများ ဥရောပ စစ်ရေး၊နိုင်ငံရေးအခြေအနေ တွေ့ဆုံဆွေးနွေး

ရုရှားနိုင်ငံ သမ္မတပူတင်နှင့် ကာကွယ်ရေးဝန်ကြီး SergeiShoigu အား မော်စကိုမြို့တွင် ၂၀၂၁ခုနှစ်ဒီဇင်ဘာ၂၁ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ဖေဖော်ဝါရီ၁၂ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး SergeiShoigu သည် ရုရှားသို့လာရောက်လည်ပတ်သည့် ဗြိတိန်ကာကွယ်ရေးဝန်ကြီး BenWallace နှင့် ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ဆုံပြီး လက်ရှိ ဥရောပ၏ စစ်ရေး၊ နိုင်ငံရေးအခြေအနေများနှင့် နှစ်နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှု စသည့်ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဥရောပ စစ်ရေး၊နိုင်ငံရေးအခြေအနေသည် ပို၍တင်းမာလာရာ အနောက်နိုင်ငံများအနေဖြင့် ယင်းအခြေအနေကိုဖြေလျှော့ဖို့ အကျိုးဆောင်စေလိုပြီး ယူကရိန်းအားလက်နက်ပံ့ပိုးမှုကိုရပ်တန့်ရန် SergeiShoigu က ပြောကြားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်၌ ဖေဖော်ဝါရီ ၁၁ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
ဗြိတိန်အထူးတပ်ဖွဲ့ဝင်များ ယူကရိန်းနိုင်ငံသို့ စေလွှတ်သည့်အပေါ် SergeiShoigu က သံသယရှိကြောင်း မေးခွန်းထုတ်ခဲ့ပြီး အနောက်နိုင်ငံများက
အာဖဂန်တွင် ချန်ရစ်သည့် လက်နက်ခဲယမ်းကို အကြမ်းဖက်များက အသုံးပြုနိုင်သည့်အပေါ် ဂရုပြုနေကြောင်း ၎င်းက ဆိုသည်။

လုံခြုံရေးအာမခံချက်အပေါ် အမေရိကန်နှင့်နေတိုးတို့၏ အကြောင်းပြန်ခြင်းနှင့်စပ်လျဉ်းပြီး SergeiShoigu က ရုရှားအနေဖြင့် ယခုကာလများတွင်တုန့်ပြန်သွားမည်မဟုတ်ကြောင်းပြောကြားခဲ့သည်။

BenWallace က အခြေအနေတင်းမာမှုများ ဖြေလျော့ဖို့ရာ ယူကရိန်း၊ အာဖဂန်၊ အကြမ်းဖက်တိုက်ဖျက်ရေးနှင့် အခြားအတူဂရုပြုသည့်ကိစ္စရပ်များကို ရုရှားနှင့်ဆွေးနွေးလိုကြောင်း ပြောခဲ့သည်။ ဗြိတိန်-ရုရှား နှစ်ဖက် အတူကြိုးပမ်းကာ သံတမန်ရေးနှင့် အခြားယုံကြည်မှုတည်ဆောက်သောနည်းလမ်းဖြင့် နှစ်ဖက်ပြဿနာ ဖြေရှင်းရေးကို တွန်းအားပေးလိုကြောင်း၎င်းကပြောကြားခဲ့သည်။

ဆွေးနွေးမှုအတွင်း စစ်ရေးလှုပ်ရှားမှုများတွင် မတော်တဆပဋိပက္ခဖြစ်ပွားမည့်အန္တရာယ်ကို ကြိုတင်ကာကွယ် လျှော့ချနိုင်ရန်အတွက် နှစ်နိုင်ငံစစ်ရေးကဏ္ဍ ဆက်သွယ်မှုထားရှိရမည့်အရေးကြီးပုံကို နှစ်ဖက်စလုံးက အလေးထားပြောကြားခဲ့ကြောင်းနှင့် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနကြားတွင် ဆက်လက်ထိတွေ့ဆက်ဆံမှုများထားရှိရန် နားလည်မှုရရှိခဲ့ကြောင်း ရုရှားမီဒီယာများ၏ဖော်ပြချက်များအရ သိရသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် အမေရိကန်နှင့်အနောက်နိုင်ငံ လုံခြုံရေးအာမခံချက် တွေ့ဆုံဆွေးနွေးမှုဆိုင်ရာ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ နေတိုး၏ အရှေ့ဘက်သို့ချဲ့ထွင်ခြင်းဖြစ်နိုင်ခြေကိုဖယ်ရှားရန် ဥပဒေအာမခံချက်ပေးရန်အတွက် အမေရိကန်၊ နေတိုးအဖွဲ့ကို တောင်းဆိုခဲ့သည်။ ယခုနှစ်ဇန်နဝါရီ ၁၀ ရက်မှ ၁၃ ရက်တွင် ရုရှားနိုင်ငံသည် အမေရိကန်၊ နေတိုးအဖွဲ့တို့နှင့်အတူ လုံခြုံရေးအာမခံမှုအကြံပြုချက်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ အသီးသီး ပြုလုပ်ခဲ့သော်လည်း လက်တွေ့ရလဒ် မရရှိခဲ့ကြောင်းသိရသည်။ ဇန်နဝါရီ ၂၆ ရက်တွင် အမေရိကန်နှင့်နေတိုးအဖွဲ့က ရုရှားထံ လုံခြုံရေးအာမခံချက်ဆိုင်ရာ စာလွှာအကြောင်းပြန်ချက်ကို အသီးသီး ပေးပို့ခဲ့ကြောင်းသိရသည်။(Xinhua)
——————————-
(Chinese Version)
(国际)俄英防长举行会谈讨论欧洲军事政治局势等问题
2022-02-12 06:07:24
新华社莫斯科2月11日电(记者华迪)俄罗斯国防部长绍伊古11日在首都莫斯科与到访的英国国防大臣华莱士举行会谈,双方就欧洲当前军事政治局势和两国军事合作等问题进行了讨论。
据俄国防部网站11日发布的消息,绍伊古表示,欧洲军事政治局势正变得越来越紧张,希望西方国家为缓解欧洲紧张局势作出贡献,停止向乌克兰提供武器。绍伊古对英国派特种部队到乌克兰提出质疑,并对西方国家在阿富汗留下的武器可能被恐怖分子利用表示关切。
谈到美国和北约此前对俄罗斯提出的安全保障建议的回复,绍伊古表示,俄罗斯将会在近期做出回应。
华莱士表示,愿就乌克兰、阿富汗、反恐以及其他共同关心的问题与俄方进行讨论,以缓解紧张局势。希望英俄双方共同努力,通过外交和其他建立信任的措施,推进解决双边问题。
另据俄罗斯媒体报道,双方在会谈中还强调了两国在军事领域保持联系的重要性,以预防和减少军事活动中发生意外冲突的风险,并就两国国防部间继续接触达成谅解。
2021年12月,俄外交部就与美国和其他西方国家开展安全保障对话发表声明,要求美国、北约就排除北约进一步东扩的可能提供法律保障。今年1月10日至13日,俄分别与美国、北约就安全保障建议开展对话,但未取得实质性成果。1月26日,美国和北约分别向俄方递交关于安全保障建议的书面答复。(完)
图说: 2021年12月21日,在俄罗斯莫斯科,俄罗斯总统普京和俄罗斯国防部长绍