Connect with us

Politics, Law & Military

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ “အသိုက်အဝန်းငယ်” သံတမန်ရေးသည် လက်ရှိအခြေအနေ နှင့် မကိုက်ညီဟုဆို

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၄ ရက်က ဝါရှင်တန်တွင် ပြုလုပ်သည့် လွှတ်တော်ကြားနာပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်သည် မကြာသေးမီရက်များအတွင်း အာရှ-ပစိဖိတ်ဒေသရှိ နေရာအများအပြားသို့ သွားရောက်လည်ပတ်ခဲ့ရာ ဖေဖော်ဝါရီ ၁၂ ရက်က ဟာဝိုင်အီတွင် ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့ပြီးနောက် ထိုနေ့အစောပိုင်းတွင် ပစိဖိတ်ကျွန်းနိုင်ငံ ဖီဂျီသို့ သွားရောက်လည်ပတ်ခဲ့ရာ ယင်းသည် ၃၇ နှစ်ကာလအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး အနေဖြင့် ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ခြင်းဖြစ်သည်။ ထို့ပြင် ဘလင်ကန်သည် ဖေဖော်ဝါရီ ၁၁ ရက်တွင် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ ဂျပန်၊ အိန္ဒိယနှင့်သြစတေးလျနိုင်ငံခြားရေးဝန်ကြီးတို့နှင့် “လေးပွင့်ဆိုင်လုံခြုံရေးဆွေးနွေးပွဲ” နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဘလင်ကန်၏ ခရီးစဉ်ကို ကြည့်ခြင်းအားဖြင့် အမေရိကန် အစိုးရက မဟာဗျူဟာမြောက်ဆက်ဆံရေးတွင် အာရှ-ပစိဖိတ်ဒေသကို အလေးထားကြောင်းပေါ်လွင်နေပြီး အမေရိကန်က တံခါးပိတ်မဟာမိတ်စနစ်ဖြင့် အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံအချို့ကို စည်းရုံးရန်နှင့် ထိပ်တိုက်ရင်ဆိုင်မှုများဖန်တီးရန် ကြိုးပမ်းနေကြောင်း ၊ ယင်းလုပ်ဆောင်ချက်သည် အမေရိကန်ရည်ရွယ်ထားသည့် သြဇာလွှမ်းမိုးမှုကို တိုးမြှင့်ရေးအတွက် အထောက်အပံ့မဖြစ်စေသည့်အပြင် လက်ရှိ ကပ်ရောဂါနှင့် ရှုပ်ထွေးအကဲဆတ်လှသည့် အခြေအနေအောက်တွင် ဒေသတွင်းတည်ငြိမ်မှုနှင့် စည်းလုံးညီညွတ်မှုကို ပျက်ပြားစေမည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

အာရှ-ပစိဖိတ်ဒေသကို အလေးထား

အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျတို့က ဖေဖော်ဝါရီ ၁၁ ရက်တွင် မဲလ်ဘုန်း၌ ကျင်းပသည့် “လေးပွင့်ဆိုင်လုံခြုံရေးဆွေးနွေးပွဲ” ၏ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသည် ယခုအကြိမ် ဘလင်ကန် ခရီးစဉ်၏ ဦးစားပေးကိစ္စရပ်ဖြစ်သည်ဟု ဆိုသည်။ ယခုအကြိမ် ဆွေနွေးပွဲသည် ၂၀၁၉ ခုနှစ်နောက်ပိုင်း “လေးပွင့်ဆိုင်လုံခြုံရေးဆွေးနွေးပွဲ” ၏ စတုတ္ထအကြိမ်မြောက် ဆွေးနွေးမှုဖြစ်ပြီး တတိယအကြိမ် မျက်နှာစုံညီ တွေ့ဆုံမှုလည်း ဖြစ်ကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Ann Payne က ပြောကြားခဲ့သည်။

အမေရိကန်- ဂျပန်- အိန္ဒိယ-သြစတြေးလျ “လေးပွင့်ဆိုင်လုံခြုံရေးဆွေးနွေးပွဲ” ကို ၂၀၀၇ ခုနှစ်တွင် စတင်တည်ထောင်ပြီး နောက်ပိုင်းကာလများတွင် ဆက်ဆံဆွေးနွေးမှု မရှိခဲ့ကြောင်း ၊ ၂၀၁၇ ခုနှစ်တွင် “အင်ဒို-ပစိဖိတ်ဗျူဟာ” ကို အမေရိကန်ကအဆိုပြုခဲ့ပြီးနောက် ဤယန္တရားကိုပြန်လည်အသက်သွင်းခဲ့သည်။ အမေရိကန်သည် ထိုယန္တရားအောက်တွင် သုံးနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။

ယူကရိန်းအခြေအနေ တင်းမာလာချိန်တွင် ဘလင်ကန်က သြစတြေးလျနိုင်ငံသို့ လာရောက်ပြီး ဆွေးနွေးပွဲတက်ရောက်ရန် ဆုံးဖြတ်ခြင်းသည် အမေရိကန်က အာရှ-ပစိဖိတ်ဒေသ အရေးကိစ္စများကို အလေးထားကြောင်း၊ အမေရိကန်က “လေးပွင့်ဆိုင်လုံခြုံရေးဆွေးနွေးပွဲ” တွင် သံတမန်ရေးဆိုင်ရာ အရင်းအနှီးများစွာ မြုပ်နှံခဲ့ခြင်းဖြစ်ကြောင်းနှင့် အမေရိကန်အစိုးရက အမေရိကန်-သြစတြေးလျ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို အလေးထားကြောင်း၊ အချက်သုံးချက် ပြသရန် ရည်ရွယ်ကြောင်း သြစတြေးလျ မျက်မှောက်ရေးရာ ဝေဖန်သူ Gregory Paul Sheridan က ထောက်ပြသည်။

အာရှ-ပစိဖိတ်ဒေသအပေါ် အလေးထားမှုကို ထပ်မံမီးမောင်းထိုးပြရန်အတွက် အိမ်ဖြူတော်က လေးနိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးသည့်နေ့တွင် “အမေရိကန် အင်ဒို-ပစိဖိတ် မဟာဗျူဟာ” စာတမ်းကိုထုတ်ပြန်ခဲ့ပြီး ဤထုတ်ပြန်ချက်တွင် အမေရိကန်က မဟာမိတ်၊ မိတ်ဖက်နိုင်ငံများအကြား ပူပေါင်းဆောင်ရွက်မှု နှင့် ဒေသတွင်း အထူးသဖြင့် အရှေ့တောင်အာရှနှင့် ပစိဖိတ်ကျွန်းစုများနှင့် သံတမန်ဆက်ဆံရေးတွင် အားကောင်းစေရန် လုပ်ဆောင်မည်ဟု ဖော်ပြထားသည်။ ဘလင်ကန်က နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီးတွင် ပစိဖိတ်ကျွန်းနိုင်ငံ ဖီဂျီသို့ သွားရောက်လည်ပတ်မှုသည် ဤရည်ရွယ်ချက်ကို ထင်ဟပ်စေကြောင်း ပြောကြားခဲ့သည်။

သို့သော် ဖီဂျီနိုင်ငံယာယီဝန်ကြီးချုပ် Khaiyum က ဘလင်ကန်နှင့်အတူ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်စဉ် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် အမေရိကန်နိုင်ငံမှ ဆောင်ရွက်သင့်သော တာဝန်နှင့် လက်တွေ့ကျသော လုပ်ဆောင်မှုများကို အာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။ လေ့လာသုံးသပ်သူများက ဖီဂျီသည် ၎င်း၏ လက်ရှိအခြေအနေကိုသာ ထည့်သွင်းစဉ်းစားပြီး အမေရိကန်နိုင်ငံ၏ မဟာမိတ်ဖွဲ့စည်းရုံးခြင်းကို စိတ်ဝင်စားဖွယ်မရှိကြောင်း ထောက်ပြခဲ့သည်။ Australian think tank Lowy Institute for International Policy မှ သုတေသီ Mihai Sora က ဥတုရာသီပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်များနှင့် ကိုဗစ်ကပ်ရောဂါများကသာ ဖီဂျီနိုင်ငံအတွက် ပိုမိုစိုးရိမ်ရသည့် ကိစ္စရပ်များဖြစ်ကြောင်း ထောက်ပြခဲ့သည်။

လက်ရှိအခြေအနေနှင့်ဆန့်ကျင်ဘက် လှုပ်ရှားမှု

ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် အာရှ-ပစိဖိတ်ဒေသနှင့် ကမ္ဘာတစ်ဝန်းလုံး၏ ပင်မရေစီးကြောင်းဖြစ်ကြောင်း အထူးသဖြင့် ကမ္ဘာသည် ကိုဗစ်ကပ်ရောဂါ၏ ပြင်းထန်သောစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရဆဲအချိန်ဖြစ်ရာ နိုင်ငံအသီးသီးက စည်းလုံးညီညွှတ်မှုကို အားကောင်းစေပြီး တစ်လှေတည်းစီးတစ်ခရီးတည်းသွားသင့်ကြောင်း၊ အချို့သောနိုင်ငံများသည် စစ်အေးတိုက်ပွဲ အတွေးအမြင်များဖြင့် အာရှ-ပစိဖိတ်ဒေသတွင် စည်းရုံးမှုများပြုလုပ်ကာ ခြိမ်းခြောက်မှုများနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖန်တီးရန် ကြိုးပမ်းနေကြောင်း ဤလုပ်ဆောင်မှုသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှု၏ ပင်မလမ်းကြောင်းနှင့် ဆန့်ကျင်နေပြီး လက်ရှိအခြေအနေနှင့် ကိုက်ညီမှုမရှိဘဲ ရှုံးနိမ့်ရန်သာ အလားအလာရှိကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

သြစတြေးလျ-အိန္ဒိယ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌဟောင်း Stephen Manalak ကမူ “လေးပွင့်ဆိုင်လုံခြုံရေးဆွေးနွေးပွဲ” နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးသည် လက်တွေ့ကျသော ရလဒ်များ မရရှိခဲ့သည့်အပြင် လေးနိုင်ငံကြား ကွဲလွဲမှုများကိုပေါ်လွင်စေခဲ့ကြောင်း ၊ ဆက်စပ်သည့်အကြောင်းအရာများက ၎င်းတို့၏ကိုယ်ကျိုးစီးပွားအပေါ် ထိရောက်မှုရှိပါက ဆက်လက်စည်းလုံးညီညွတ်နိုင်မည်လောဟု ပြင်ပအသိုက်အဝန်းက မေးခွန်းထုတ်ခဲ့ကြောင်း ဥပမာအားဖြင့် ဤအစည်းအဝေးတွင် အမေရိကန်က ယူကရိန်းနှင့်ဥရောပတို့အပေါ် ရုရှားခြိမ်းခြောက်မှုအား ကိုင်တွယ်ဖြေရှင်းရန် အဓိကဆွေးနွေးမည့် အကြောင်းအရာအဖြစ် သတ်မှတ်ထားသော်လည်း အိန္ဒိယသည် ရုရှားနှင့် နီးကပ်သောဆက်ဆံရေးရှိပြီး အမေရိကန်နှင့် တူညီသော အမြင်ရရှိနိုင်မည်မဟုတ်ကြောင်း ရေးသားဖော်ပြခဲ့သည်။

အမေရိကန်သည် “လေးပွင့်ဆိုင်လုံခြုံရေးဆွေးနွေးပွဲ” ကို အာရှ-ပစိဖိတ်ဒေသရှိ “တရုတ်ကိုဆန့်ကျင်သည့်” အဖွဲ့အဖြစ် ဖန်တီးရန် ကြိုးပမ်းနေကြောင်း၊ သို့သော်ဤအတွေးအမြင်သည် လက်တွေ့မကျကြောင်း အိန္ဒိယအနေဖြင့် “လေးပွင့်ဆိုင်လုံခြုံရေးဆွေးနွေးပွဲ” တွင် သတိကြီးစွာထားရှိပြီး ဤယန္တရားဖြင့် အိန္ဒိယ-တရုတ် ဆက်ဆံရေးကို မပျက်ပြားစေလိုကြောင်း ရုရှားသိပ္ပံအကယ်ဒမီ၏ အရှေ့တိုင်းလေ့လာရေးသိပ္ပံ၏ အိန္ဒိယနိုင်ငံ လေ့လာရေးဌာနမှ ဒါရိုက်တာ Tatyana Shomiyan က သုံးသပ်ခဲ့သည်။

“လေးပွင့်ဆိုင်လုံခြုံရေးဆွေးနွေးပွဲ” သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတွင် သိသာထင်ရှားသော သဘောထား ကွဲလွဲမှုများရှိကြောင်း Manalak က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံအများစု၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး အမေရိကန်ကမူ ဒေသတွင်း ကုန်သွယ်ရေး၌ပါဝင်မှု နည်းပါးသောကြောင့် ဤဒေသအပေါ် အမေရိကန်၏ကတိကဝတ်များလုပ်ဆောင်နိုင်မှုအပေါ် ယုံကြည်ချက်နည်းပါးဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။(Xinhua)

#US, #Asia-Pacific, #Xinhua, #Myanmar, #XinhuaMyanmar, #အမေရိကန် #အာရှ-ပစိဖိတ်, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ

——————————————–
(Chinese Versin)

国际观察|美国务卿的“小圈子”外交不合时宜
2022-02-13 18:25:01 分类: 政治法律
新华社北京2月13日电(记者白旭 邓仙来)美国国务卿布林肯近日访问亚太地区多地,12日在夏威夷会见日本和韩国外长,当天早些时候访问太平洋岛国斐济,是美国国务卿37年来首次访问斐济。11日,他在澳大利亚墨尔本与日本、印度和澳大利亚外长举行了“四方安全对话”机制外长会。
分析人士指出,布林肯此行意在告诉国际社会,美国政府在战略上依然重视亚太地区。然而,美国试图通过构建封闭的结盟体系、制造阵营对抗等方式拉拢部分亚太地区国家,这不仅不会帮助美国达到增加影响力的目的,反而将在当下新冠疫情持续肆虐、安全形势复杂敏感的背景下破坏地区稳定与团结。
2021年9月14日,美国国务卿布林肯在华盛顿出席国会听证会。(新华社发,Pool图片,德鲁•安格雷尔摄)
“重视”亚太
美国、日本、印度、澳大利亚11日在墨尔本举行“四方安全对话”机制外长会是布林肯此行的重中之重。澳大利亚外长佩恩说,这是四国外长自2019年以来在“四方安全对话”机制下的第四次会谈,也是第三次面对面会谈。
美日印澳“四方安全对话”机制于2007年成立后曾沉寂了很长一段时间。2017年美国提出“印太战略”后,这一机制再次启动。在此次会议上,美国做出了在该机制下加强与三国合作的承诺。
澳大利亚时政评论员格雷格•谢里登分析指出,在乌克兰局势紧张之际,布林肯仍决定访澳参会,意在释放三个信号:美国政府仍致力于亚太地区事务,并能“一心二用”;美政府对“四方安全对话”投入了大量外交资源;美国政府重视美澳双边关系。
为了进一步凸显对亚太地区的“重视”,白宫在四方外长对话同日发布了酝酿许久的《美国印太战略》文件,声称将加强与盟友、合作伙伴之间的合作,进一步扩大在这一地区的外交存在,其中特别强调了东南亚和太平洋岛屿。布林肯在外长会后前往访问太平洋岛国斐济,反映出这一意图。
但在与布林肯共同出席新闻发布会时,斐济代总理海尤姆着重关注美国在应对气候变化中应承担的责任和实际作为。分析人士指出,斐济出于自身情况考虑,恐对美国拉帮结派的做法并不感兴趣。澳智库洛伊国际政策研究所研究员米哈伊•索拉指出,美国需要意识到的是,气候变化、自然灾害和新冠疫情等才是斐济更加关心的问题。
逆流之举
分析人士指出,和平与发展是当前亚太地区乃至世界的主流,尤其是全球仍面临新冠疫情等严峻挑战,各国更需要加强团结,同舟共济。一些国家抱着冷战思维在亚太地区拉帮结派,渲染威胁,制造对抗,这种做法与地区和全球团结向前的大势相悖,显得尤为不合时宜,注定难以奏效。
澳大利亚印度商会前主席斯蒂芬•马纳拉克撰文指出,此次“四方安全对话”外长会没有取得实质性成果,反而暴露出四国之间的矛盾。当具体议程触及各国自身利益时,外界不得不质疑该机制的团结程度。例如,美国把共同应对“俄罗斯对乌克兰和欧洲的威胁”作为本次会议的优先事项之一,但印度长期同俄罗斯关系密切,并不会跟美国一条心。
美方还试图将“四方安全对话”打造成在亚太地区所谓“对付中国”的堡垒。但在观察人士看来,这种想法更是不切实际。俄罗斯科学院东方学研究所印度研究中心主任塔季扬娜•绍米扬认为,以印度为例,该国对“四方安全对话”持谨慎态度,印度与中国有自己的关系,并不希望该机制破坏印中关系。
马纳拉克也表示,“四方安全对话”在对华关系方面存在明显分歧。中国是亚太地区大多数国家的主要贸易伙伴,相比之下美国在这一地区的贸易参与度有限,不得不令人深度怀疑美国在该地区承诺的可信度。