Africa & Middle East
တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသည့် ကိုဗစ်ကာကွယ်ဆေး အသစ်တစ်သုတ် တူနီးရှားနိုင်ငံသို့ရောက်ရှိ

တူးနစ်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမှ တူနီးရှားသို့ ကူညီပံ့ပိုးပေးသည့် ကိုဗစ်ကာကွယ်ဆေး အသစ်တစ်သုတ် သည် ဖေဖော်ဝါရီ၂၂ ရက်တွင် မြို့တော်တူးနစ်သို့ ရောက်ရှိခဲ့သည်။ တူနီးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jianguo နှင့် တူနီးရှားနိုင်ငံ ကျန်းမားရေးဝန်ကြီး Ali Mrabet တို့က လေဆိပ်သို့ အတူတကွသွားရောက်ကြိုဆိုခဲ့ကြသည်။Mrabet က တူနီရှားအစိုးရ ကိုယ်စား တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် တူနီးရှားသို့ ပထမဆုံးကိုဗစ်ကာကွယ်ဆေး ကူညီပံ့ပိုးပေးခဲ့သည့်နိုင်ငံဖြစ်ကြောင်း၊ လုံခြုံမှုနှင့် ထိရောက်မှုရှိပြီး ဘေးထွက်ဆိုးကျိုးနည်းသည့် တရုတ်ကာကွယ်ဆေးသည် တူနီးရှားနိုင်ငံအတွင်း ထိုးနှံမှုနှုန်းအများဆုံး ကာကွယ်ဆေးများအနက် တစ်ခု အပါအဝင်ဖြစ်ရာ တရုတ်ကာကွယ်ဆေးသည် တူနီးရှားနိုင်ငံ စုစုပေါင်းလူဦးရေ၏ ၆၀ ရာခိုင်နှုန်း ဆေးထိုးနှံပေးမှု အကောင်အထည်ဖော်ရာ၌ အရေးကြီးသည့် အစိတ်အပိုင်းမှ ပါဝင်ခဲ့ကြောင်း ၎င်းကဆိုသည်။

တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသည့် ကိုဗစ်ကာကွယ်ဆေး တူနီးရှားသို့ ရောက်ရှိလာသည်ကို ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
လက်ရှိတူနီးရှား၌တရုတ်ကာကွယ်ဆေးနှစ်မျိုးသည်ယာယီစျေးကွက်တင်သွင်းရန်တရားဝင်ခွင်ပြုချက် ရရှိထားပြီးတစ်မျိုးမှာ လက်တွေ့စမ်းသပ်မှုခွင့်ပြုချက်ရရှိထားကြောင်း၊တူနီးရှားနိုင်ငံအနေဖြင့် လူသားမျိုးနွယ် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အကျိုးဆောင်မှုအသစ်များ ပံ့ပိုးပေးနိုင်ရန် တရုတ်နိုင်ငံနှင့်အတူ ကာကွယ်ဆေးနှင့် အထူးကုသဆေးများ ထုတ်လုပ်မှုတွင် ပိုမိုအားကောင်းသော ပူးပေါင်းဆောင်ရွက်မှုများအတွက် မျှော်လင့်ပါကြောင်း Mrabetကဆိုသည်။

တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသည့် ကိုဗစ်ကာကွယ်ဆေး တူနီးရှားသို့ ရောက်ရှိလာသည်ကို ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသည့် ကိုဗစ်ကာကွယ်ဆေး တူနီးရှားသို့ ရောက်ရှိလာသည်ကို ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံမှ ပံ့ပိုးကူညီပေးသည့် ပထမသုတ် ကိုဗစ်ကာကွယ်ဆေးသည် ၂၀၂၁ ခုနှစ် မတ်တွင် တူနီးရှားနိုင်ငံသို့ ရောက်ရှိခဲ့ပြီး တရုတ်-တူနီးရှား ကူးစက်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများသည် နက်ရှိုင်းပြီး ခိုင်မာကြောင်း Zhang Jianguo က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံခေါင်းဆောင်က ၂၀၂၁ ခုနှစ် နိုဝင်ဘာတွင် ကျင်းပခဲ့သည့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ ၈ ကြိမ်မြောက် ဝန်ကြီးများအဆင့် ညီလာခံဖွင့်ပွဲအခမ်းအနားတွင် အာဖရိကသို့ နောက်ထပ်ကာကွယ်ဆေးအကြိမ်ရေ ၁ ဘီလီယံစာကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ၎င်းတို့အနက် သန်း ၆၀၀ ကို အခမဲ့အကူအညီပေးမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ၎င်း၏ကတိကဝတ်များကို လုပ်ဆောင်လျက်ရှိရာ လက်ရှိတူမီးရှားနိုင်ငံတွင် အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေး ထောက်ပံ့ရန်အတွက် တရုတ်နိုင်ငံမှ ကာကွယ်ဆေးအသစ်တစ်သုတ် ထုတ်လုပ်ခြင်းနှင့် ပေးပို့ခြင်းတို့ကို စီစဉ်ခဲ့ကြောင်းနှင့် တရုတ်နိုင်ငံသည် တူနီးရှားကို ကပ်ရောဂါတိုက်ဖျက်ရေးတွင် ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း Zhang Jianguo က ပြောကြားခဲ့သည်။ (Xinhua)
…………………………………………
(Chinese Version)
(国际)中国向突尼斯提供新一批新冠疫苗援助
2022-02-23 10:40:39 分类: 政治法律
新华社突尼斯2月22日电(记者黄灵)中国新一批援助突尼斯的新冠疫苗22日到达首都突尼斯,中国驻突大使张建国和突尼斯卫生部长穆拉比特到机场迎接。
穆拉比特代表突政府感谢中方无私帮助。他说,中国是首个向突尼斯提供新冠疫苗援助的国家,安全有效、副作用小的中国疫苗已成为突使用率最高的疫苗之一,为突尼斯实现全国60%人口接种目标做出重要贡献。
穆拉比特表示,目前已有两款中国疫苗在突尼斯获得临时上市许可,一款获得临床试验批文,突方期待同中方加强疫苗和特效药研发合作,为人类最终战胜疫情做出新贡献。
张建国说,2021年3月首批中国援助疫苗抵达突尼斯,中突抗疫合作不断走深走实。2021年11月,中国领导人在中非合作论坛第八届部长级会议开幕式上宣布将再向非洲提供10亿剂疫苗,其中6亿剂为无偿援助。中方重信守诺、言出必行,不到3个月内,组织生产发运新一批援突疫苗,支持突方应对奥密克戎疫情。中方将继续支持突尼斯抗击疫情。(完)
图说1- 2月22日,中国驻突大使张建国(右三)和突尼斯卫生部长穆拉比特(右二)在突尼斯首都突尼斯交换中国援助新冠疫苗签字文件。新华社照片,突尼斯市,2022年2月23日 新华社发(阿代尔摄)
图说2- 2月22日,中国新一批援助突尼斯的新冠疫苗抵达突尼斯。新华社照片,突尼斯市,2022年2月23日 新华社发(阿代尔摄)
图说3- 2月22日,中国新一批援助突尼斯的新冠疫苗抵达突尼斯。新华社照片,突尼斯市,2022年2月23日 新华社发(阿代尔摄)
图说4- 2月22日,中国新一批援助突尼斯的新冠疫苗抵达突尼斯。新华社照片,突尼斯市,2022年2月23日 新华社发(阿代尔摄)