Asia
သီရိလင်္ကာသမ္မတက နိုင်ငံတစ်ဝန်း ပြည်သူ့အရေးပေါ်အခြေအနေ ကြေညာ

ကိုလံဘို၊ ဧပြီ ၃ ရက်(ဆင်ဟွာ)
သီရိလင်္ကာသမ္မတ Gotabaya Rajapaksaက ဧပြီ ၁ ရက်မှစပြီး ပြည်သူ့အရေးပေါ်အခြေအနေဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းနေ့ညပိုင်းတွင် ကြေညာခဲ့သည်။ပြည်သူ့အရေးပေါ်အခြေအနေ ကျင့်သုံးရခြင်းသည် အများပြည်သူ လုံခြုံရေး၊ စည်းစနစ်တကျရှိရေးအတွက် ကာကွယ်ခြင်းနှင့် လူမှုဘဝလိုအပ်ချက်များပံ့ပိုးပေးခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းကို ထိန်းသိမ်းနိုင်ရန်အတွက် ဖြစ်ပြီး ပြည်သူ့လုံခြုံရေးဥပဒေက သမ္မတကိုပေးအပ်သည့် အခွင့်အာဏာလည်း ဖြစ်ကြောင်း Gotabaya Rajapaksaက ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ရထားဘူတာ လက်မှတ်အရောင်းဌာနတစ်ခုအား မတ် ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
ပြည်သူ့လုံခြုံရေးဥပေဒ၏ သက်ဆိုင်ရာပုဒ်မများအရ ပြည်သူ့အရေးပေါ်အခြေအနေကျင့်သုံးစဉ်ကာလတွင် သမ္မတက အရေးပေါ်အမိန့်စာများ ထုတ်ပြန်ခွင့်ရှိရာ အကြောင်းအရာအားဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း၊ နေအိမ်တွင်း စစ်ဆေးရှာဖွေခြင်းနှင့်ပိုင်ဆိုင်မှုများ သိမ်းယူခြင်းစသည်တို့ပါဝင်နိုင်ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ဈေးတစ်ခုတွင် ဆန်ဝယ်နေသည့် အမျိုးသားတစ်ဦးအား ဧပြီ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
တစ်ချိန်တည်းတွင်ပင် သီရိလင်္ကာရဲတပ်ဖွဲ့က ဧပြီ ၁ ရက် ညပိုင်းမှ ၂ ရက် နံနက်ပိုင်း ၆ နာရီအထိ ကိုလံဘိုမြို့ရှိရာ အနောက်ပိုင်းပြည်နယ်များကို ညမထွက်ရအမိန့် ကျင့်သုံးခဲ့သည်။
ဆန္ဒပြမှုများကြောင့် အဓိကရုဏ်းဖြစ်ပွားခဲ့ရာ သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘို အချို့ဒေသများတွင် မတ် ၃၁ ရက် ညပိုင်းကလည်း နာရီနှင့်ချီ ညမထွက်ရအမိန့် ကျင့်သုံးခဲ့သည်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ရထားဘူတာတစ်ခုတွင် ရထားစောင့်နေကြသူများအား မတ် ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ဈေးတစ်ခုတွင် လက်နှိပ်ဓါတ်မီး ရောင်းချနေသည်ကို ဧပြီ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံတွင် လက်ရှိ နိုင်ငံခြားငွေပြတ်တောက်ခြင်း၊ ကုန်စည်ပြတ်လပ်ခြင်း၊ ကုန်ဈေးနှုန်းမြင့်မားခြင်း၊ လျှပ်စစ်ဓါတ်အားလိုအပ်မှုဆိုးဝါးခြင်း စသည့်တို့ကို ရင်ဆိုင်ရလျက်ရှိသည်။ ယင်းနိုင်ငံတွင် ယခုနှစ်များအတွင် လျှပ်စစ်မီးအကြီးအကျယ်ပြတ်တောက်မှုများနှင့် ကြုံတွေလျက်ရှိရာ မတ် ၃၀ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာ ၁၀ နာရီကြာ မီးပြတ်ခဲ့ပြီး မတ် ၃၁ ရက်နှင့်ဧပြီ ၁ ရက်များတွင် နိုင်ငံတစ်ဝန်း လျှပ်စစ်ဓါတ်အားပြတ်တောက်မှု ၁၃ နာရီနှင့် ၁၂ နာရီကြာ အသီးသီးရှိခဲ့ကြောင်းသိရသည်။ (Xinhua)
———————-
(Chinese Version)
斯里兰卡总统宣布在全国实施公共紧急状态
2022-04-02 13:04:48
新华社科伦坡4月2日电(记者车宏亮 唐璐)斯里兰卡总统戈塔巴雅·拉贾帕克萨1日晚宣布,自当天起在该国实施公共紧急状态。
拉贾帕克萨在一份公告中说,实施公共紧急状态,是为了公共安全、保护公共秩序和维持社会生活所需要的供应和服务,也是《公共安全法》赋予总统的权力。
根据《公共安全法》有关条款,在实施公共紧急状态下,总统有权出台紧急法令,内容可涉及拘押人员、搜查住所和接管资产等。
与此同时,斯里兰卡警方宣布,自1日夜间至2日清晨6时在科伦坡所在的西部省实施宵禁。
因抗议活动引发冲突,斯首都科伦坡部分地区曾在3月31日晚实施数小时宵禁。
斯里兰卡目前面临外汇匮乏、物资短缺、物价高涨、供电紧张等问题。该国正遭遇近些年来最大规模的停电,继3月30日全国停电10小时后,3月31日和4月1日全国又相继停电13小时和12小时。(完)
图说1:这是4月1日在斯里兰卡科伦坡拍摄的一处停电的购物中心。 新华社记者 唐璐 摄
图说2:3月31日,在斯里兰卡科伦坡一处火车站,人们在售票处停电后借着微弱灯光查看火车信息。 新华社记者 唐璐 摄
图说3:4月2日,一名男子在斯里兰卡科伦坡一家市场买米。新华社记者 唐璐 摄
图说4:3月31日,人们在斯里兰卡科伦坡一处火车站候车。新华社记者 唐璐 摄
图说5:4月2日,在斯里兰卡科伦坡一家市场,商贩向顾客展示充电式手电筒。新华社记者 唐璐 摄