Connect with us

Economy

“စစ်ပြီးကာလ ဒေသခံပညာရေး မျှော်လင့်ချက်ကို မြှင့်တင်ခြင်း”၊ အီရတ်ရှိ “တရုတ်စာသင်ကျောင်းများ” သို့ သွားရောက်လည်ပတ်ခြင်း

အီရတ်နိုင်ငံ၊ Muthanna ပြည်နယ်ရှိ တရုတ်ကုမ္ပဏီလုပ်ငန်းမှ တာဝန်ယူတည်ဆောက်ထားသော စံပြစာသင်ကျောင်းတစ်ကျောင်းမှ ဒေသခံကျောင်းသူ/ကျောင်းသားများအား အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Samawah၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

ကြည်လင်လှသော ကျောင်းခေါင်းလောင်းမြည်သံနှင့်အတူ ကျောင်းသားကျောင်းသူများသည် စာသင်ခန်းထဲသို့ ပြန်ဝင်သွားကာ စည်ကားနေသော ကွင်းပြင်သည် တိတ်ဆိတ်သောအခြေအနေသို့ ပြန်ရောက်သွားပြီး တောက်ပသော ပြတင်းပေါက်၊ သန့်ရှင်းသော စာသင်ခန်းများမှ ငြိမ့်ညောင်းသော စာဖတ်သံများထွက်ပေါ်လာပါသည်။ “တရုတ်စီးပွားရေးကုမ္ပဏီတွေက တာဝန်ယူတည်ဆောက်ထားတဲ့ စံပြစာသင်ကျောင်းတွေက အီရတ်ရဲ့ စစ်ပြီးကာလ ပညာရေး မျှော်လင့်ချက်ကို မြှင့်တင်ပေးထားတယ်” ဟု အီရတ်နိုင်ငံ၊ Muthanna ပြည်နယ်ရှိ … ဟူတာ အဆင့်မြင့် အထက်တန်းကျောင်း၏ အသစ်စက်စက် အဆောက်အအုံတွင် လမ်းလျှောက်ရင်း ကျောင်းအုပ်ကြီး Mahmoud Yassi က အတွေးများဖြင့် ဆိုသည်။

အီရတ်နိုင်ငံတွင် နှစ်စဉ် ဆက်တိုက်ဖြစ်ပွားခဲ့သော စစ်ပွဲနှင့် ပဋိပက္ခများသည် ဒေသပညာရေးစနစ်နှင့် ပညာရေးအခြေခံအဆောက်အအုံများကို ဆိုးရွားစွာ ပျက်စီးစေခဲ့သည်။ လက်ရှိ အီရတ်နိုင်ငံတွင် ကျောင်းနေအရွယ် ကလေးငယ် ၃.၂ သန်းနီးပါး ကျောင်းပညာသင်ယူခွင့် ဆုံးရှုံးခဲ့သည်ဟု ယူနီဆက်(ဖ်) အီရတ်ရုံးက ထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။

ကျောင်းနေအရွယ်ကလေးငယ်များအတွက် “ကျောင်းတက်ရန် ခက်ခဲသည့်” ပြဿနာကို ဖြေရှင်းရန်အတွက် အီရတ်အစိုးရသည် ၂၀၂၀ ပြည့်နှစ်တွင် ၂၀၃၀ ပြည့်နှစ်မတိုင်မီ စာသင်ကျောင်းအသစ် ၈,၀၀၀ ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ပထမအဆင့် တင်ဒါခေါ်သောစီမံကိန်းတွင် ကျောင်းပေါင်း ၁,၀၀၀ ပါဝင်ပြီး ယင်းအနက် ပြည်နယ် ၁၀ ခု တွင် ကျောင်းပေါင်း ၆၇၉ ကျောင်းကို PowerChina Hubei Engineering Group မှ တာဝန်ယူ ဆောက်လုပ်မည်ဖြစ်သည်။
ဟူတာ အဆင့်မြင့် အထက်တန်းကျောင်း၏ ကျောင်းဝင်းအသစ်သည် ဧရိယာ ၃,၅၀၀ စတုရန်းမီတာ ကျယ်ဝန်းပြီး ကျောင်းသား ၁,၂၀၀ ခန့် လက်ခံနိုင်သည်။ အဆိုပါ ကန်ထရိုက်တာ PowerChina Hubei Engineering Co., Ltd (HYPEC) သည် ယခုနှစ် စက်တင်ဘာလတွင် အဆိုပါ စီမံကိန်းကို အီရတ်နိုင်ငံထံ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့သည်။

ဟူတာ အဆင့်မြင့် အထက်တန်းကျောင်းကို ၁၉၆၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး မူလကျောင်းအဆောက်အဦသည် အချိန်ကြာမြင့်သလို ပြုပြင်ခြင်းလည်းမရှိခဲ့သောကြောင့် တရုတ်ကုမ္ပဏီလုပ်ငန်းမှ တာဝန်ယူတည်ဆောက်ထားသော ကျောင်းဝင်းအသစ်သည် ပညာသင်ကြားရေးပတ်ဝန်းကျင်ကို သိသိသာသာ တိုးတက်ကောင်းမွန်စေပြီး သင်ကြားမှုအရည်အသွေးကို မြှင့်တင်ရာတွင် အထောက်အကူပြုကြောင်း Yassi က သတင်းထောက်များအား ပြောကြားခဲ့သည်။
PowerChina အီရတ်စံပြစာသင်ကျောင်း (Muthanna ပြည်နယ်) စီမံကိန်းမန်နေဂျာ လီချွမ်စုန့်၏ ပြောကြားချက်အရ ယင်းကုမ္ပဏီသည် Muthanna ပြည်နယ်ရှိ စာသင်ကျောင်းပေါင်း ၅၃ ကျောင်းကို ဆောက်လုပ်ရန် တာဝန်ယူထားပြီး လက်ရှိတွင် အပြီးအစီးဆောက်လုပ်ပြီး အပြည့်အဝ လွှဲပြောင်းပေးအပ်ပြီးနောက် ဒေသခံကျောင်းသား ၅၀,၀၀၀ ကျော်ကို ပညာသင်ကြားရေးနေရာ ထောက်ပံ့ပေးနိုင်ကြောင်း သိရသည်။ “ဒေသခံပြည်သူတွေက ဒီလို ပြီးပြည့်စုံတဲ့ စက်ကိရိယာတွေနဲ့ အရည်အသွေးမြင့် တည်ဆောက်ထားတဲ့ ကျောင်းဝင်းအသစ်ကို ‘တရုတ်စာသင်ကျောင်း’ လို့ ခေါ်ကြတယ်” ဟု လီချွမ်စုန့်က ဂုဏ်ယူစွာ ပြောကြားခဲ့သည်။
ကျောင်းဆောင်အသစ်သို့ ယခုပဲ ပြောင်းရွှေ့လာသူ အသက် ၁၅ နှစ်အရွယ် မိုဟာမက် ဂျဘ်ဘာသည် ပြုပြင်ထိန်းသိမ်းရန်နှင့် ပြန်လည်လာရောက်စစ်ဆေးပေးသော တရုတ်နည်းပညာရှင် ရောက်လာသည်ကို ဝမ်းသာပျော်ရွှင်စွာ အတန်းဖော်များနှင့်အတူ လက်ခုပ်တီးကြိုဆိုခဲ့သည်။ “အရင် ကျောင်းဆောင်က ဟောင်းနွမ်းပြီး ကျဉ်းကျပ်လွန်းတယ်၊ အီရတ်ရဲ့ နွေရာသီအပူချိန်က ၅၀ ဒီဂရီစင်တီဂရိတ်အထိ ရှိတော့ စာသင်ခန်းထဲမှာ ကျွန်တော်တို့ အာရုံစူးစိုက်ဖို့ ခက်တယ်။ အခု ကျောင်းသစ်ကို ပြောင်းရွှေ့လာတော့ ကျွန်တော်နဲ့ ကျွန်တော့်အတန်းဖော်တွေအနေနဲ့ ဒီလောက်ကျယ်ဝန်းပြီး လင်းထိန်နေတဲ့ စာသင်ခန်းမှာ စာသင်ရမယ်လို့ လုံးဝမထင်ထားခဲ့ဘူး။ ကျွန်တော်တို့ အသိပညာတွေ ကောင်းကောင်းသင်ယူပြီး အရွယ်ရောက်လာတဲ့အခါ တိုင်းပြည်တည်ဆောက်ရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ထမ်းဆောင်သွားမယ်” ဟု ဂျဘ်ဘာက ဆိုခဲ့သည်။

ပြန်လည်လာရောက်စဉ်တွင် HYPEC ၏ ပြည်ပရေးရာဌာနမှ ဒုတိယ အထွေထွေမန်နေဂျာ ကော်ရာတုန်းကို ကလေးငယ်များက ဝိုင်းဝိုင်းလည် ဝန်းရံခဲ့ကြသည်။ ကလေးများ၏ မျက်နှာပန်းတွင် အပြုံးများဝေဆာနေပြီး စီမံကိန်းတည်ဆောက်စဉ်အတွင်း စိုက်ထုတ်ခဲ့ရသော အခက်အခဲများကို ပြန်လည်အမှတ်ရကာ ၎င်းက “အီရတ်မှာ ဒေသခံပြည်သူတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးတကြီး လိုအပ်နေတာကို ကျွန်တော်တို့ နက်နက်ရှိုင်းရှိုင်း ခံစားနိုင်ပြီး စံပြစာသင်ကျောင်းစီမံကိန်းမှတစ်ဆင့် ဒေသပညာရေး တိုးတက်ကောင်းမွန်လာဖို့နဲ့ ဒေသခံ လူရည်ချွန် စွမ်းရည် မြှင့်တင်ဖို့ တရုတ်နိုင်ငံရဲ့  အင်အားက ပံ့ပိုးကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုခဲ့သည်။

စံပြစာသင်ကျောင်းစီမံကိန်း အောင်မြင်စွာ ပြီးစီးမှုသည် တရုတ်ကုမ္ပဏီလုပ်ငန်းများ၏ ထူးချွန်သော ဆောက်လုပ်ရေးဆိုင်ရာကျွမ်းကျင်မှုနှင့် မြင့်မားသောတာဝန်ယူမှု၏ လုပ်ငန်းအပေါ်ထားသည့် သဘောထားကို ထင်ဟပ်စေပြီး အီရတ်နိုင်ငံ၏ စစ်ပြီးကာလ ပညာသင်ကြားရေးအခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် အလွန်အရေးကြီးသော အနက်အဓိပ္ပါယ်ရှိကြောင်း အီရတ်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် Hamid Al-Ghazi က စီမံကိန်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။ Muthanna ပြည်နယ် ပညာရေးဗျူရို ဒုတိယညွှန်ကြားရေးမှူး က “အာရပ်စကားပုံအတိုင်း ‘ပညာရှာဖို့ဆိုရင် တရုတ်နိုင်ငံအထိ ဝေးလည်း မကြောက်ပါ’ လို့ ဆိုသလိုပဲ အခု အီရတ်ကျောင်းသားတွေဟာ ‘တရုတ်စာသင်ကျောင်းတွေ’ မှာ ပြောင်းရွှေ့လာကြရာ နှစ်နိုင်ငံရဲ့ လေးနက်တဲ့ အစဉ်အလာချစ်ကြည်ရင်းနှီးမှု ထာဝရတည်မြဲစေပြီး အီရတ်ရဲ့ စစ်ပြီးကာလ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် မျှော်လင့်ချက်မျိုးစေ့တွေ ကြဲပေးခြင်းလည်းဖြစ်တယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
通讯|“托起当地战后教育的希望”——访伊拉克的“中国学校”
新华社伊拉克塞马沃10月15日电 新华社记者段敏夫
随着清脆的上课铃声响起,学生们纷纷回到教室,热闹的天井重归平静,窗明几净的教室里传来琅琅书声。“中国企业承建的示范学校正托起伊拉克战后教育的希望”,走在伊拉克穆萨纳省胡达尔高级中学崭新的校舍内,校长马哈茂德·亚西感慨万分。
在伊拉克,连年战乱冲突严重破坏了当地教育体系和教育基础设施。联合国儿童基金会伊拉克办事处公布的数据显示,目前伊拉克有近320万学龄儿童失学。
为解决适龄儿童“上学难”问题,伊拉克政府2020年决定在2030年前新建8000所学校,首期招标项目共1000所学校,其中10个省份的679所学校由中国电建集团承建。
胡达尔高级中学新校区占地3500平方米,可容纳约1200名学生。承建方中国电建湖北工程有限公司今年9月正式向伊方交付该项目。
亚西告诉记者,胡达尔高级中学1962年建校,原有校舍年久失修,中企承建的新校区显著改善了教学环境,有助于提升教学质量。
据中国电建伊拉克示范学校(穆萨纳省)项目经理李传松介绍,该公司负责穆萨纳省53所学校的施工建设,目前已实现整体完工,完全交付后可为超过5万名当地学生提供学习场所。“当地民众将这些功能完备、质量优良的新建校舍称为‘中国学校’。”李传松骄傲地说。
刚刚搬进新校舍的15岁少年穆罕默德·贾巴尔欢呼雀跃,和同学们一起围着前来进行维护和回访的中方技术人员鼓掌。“以前的校舍老旧拥挤,伊拉克夏季气温高达50摄氏度,课堂上我们很难集中精力。如今搬进了新学校,我和同学们从未想过能在如此宽敞明亮的教室里学习。我们会好好学习知识,长大为国家建设添砖加瓦。”贾巴尔说。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.