မြန်မာ-中文
G20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တက်ရောက်

ပေကျင်း၊ ဇွန် ၃၀ ရက်(ဆင်ဟွာ)
G20အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီနှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇွန် ၂၉ ရက် ပေကျင်းမြို့မှ ဗွီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့သည်။အစည်းအဝေးတွင် ဝမ်ရိက လက်ရှိ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအခြေအနေ ဆိုးဝါးနေဆဲဖြစ်ပြီး စီးပွားရေး ပြန်လည်နိုးထရန် ကွဲလွဲမှုများ ပေါ်လွင်နေကြောင်း၊ G20အဖွဲ့က မိတ်ဖက်ဆက်ဆံရေးစိတ်ဓါတ်ကို မြှင့်တင်ဆောင်ရွက်သင့်ရာ ကဏ္ဍ(၅)ရပ်တွင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီနှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက G20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ပေကျင်းမြို့မှဗွီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်နေသည်ကို ဇွန် ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
ထိုသို့ဆောင်ရွက်ရာတွင်- ပထမအနေဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို အခိုင်အမာထား၍ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ဦးဆောင်ဦးရွက်ဆောင်ရွက်ကြမည်ဖြစ်ရာ တရုတ်နိုင်ငံက ယနေ့အထိ နိုင်ငံပေါင်း (၁၀၀)နီးပါးကို ကာကွယ်ဆေး သန်းပေါင်း(၄၅၀)ကျော် ပံ့ပိုးပြီဖြစ်ကြောင်း၊ ဒုတိယအနေဖြင့် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို ခိုင်မာစွာ လက်ကိုင်ထားပြီး နိုင်ငံတကာစည်းစနစ်တည်ငြိမ်ရေးအတွက် စုပေါင်းအင်အားဖြည့်စည်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၊ နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒသည် နှုတ်အားဖြင့် အလှတန်ဆာဆင်ခြင်းမဟုတ်သလို တစ်ဖက်သတ်ဆောင်ရွက်နေသည့် အပြင်ပန်းထုပ်ပိုးမှုလည်း ပို၍ မဟုတ်ကြောင်း ၊တတိယအနေဖြင့် တံခါဖွင့်ပေါင်းစည်းဆောင်ရွက်မှုကို ခိုင်မာစွာလက်ကိုင်ထားက ကမ္ဘာ့စီးပွားရေးပြန်လည်နိုးထရန်အတွက် တွန်းအားအဖြစ် ပံ့ပိုးပေးရမည်ဖြစ်ကြောင်း ၊ စတုတ္ထအနေဖြင့် အားလုံးပါဝင်မျှဝေနိုင်မှုကို လက်ကိုင်ထားကာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုအင်အားကို မြှင့်တင်ရမည်ဖြစ်ကြောင်း ၊ ပဥ္စမအနေဖြင့် ပြဿနာအရေးကိစ္စများအတွက် လမ်းပြဆောင်ရွက်မှုကို ခိုင်မာစွာလက်ကိုင်ထားပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်၏ အလျဉ်းသင့်စွာပြောင်းလဲမှုကို တိုးမြှင့်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက တရုတ်ကွန်မြူနစ်ပါတီ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ၊ နှစ်ပေါင်း(၁၀၀)ကာလတွင် တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်နိုင်ငံ ပြည်သူများကို ဦးဆောင်၍ တရုတ်နိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် ပြည်သူလူထု လိုလားသော ကာကွယ်စောင့်ရှောက်မှုရှိသည့် တရုတ်နိုင်ငံ၏ဝိသေသလက္ခဏာဖြင့် ဆိုရှယ်လစ်လမ်းစဉ်ကို ဖွင့်လှစ်လျှောက်လှမ်းခဲ့ရာ မိမိနိုင်ငံ၏ပြည်များ၏အကျိုးကို ဖော်ဆောင်ပေးနိုင်ရုံသာမက ကမ္ဘာ့အတွက်လည်း အကျိုးသက်ရောက်မှုရှိစေခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် G20အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ရောမထိပ်သီးဆွေးနွေးပွဲရလဒ်များကို အကောင်အထည်ဖော်ဆောင်ကာ လူသားတို့၏အေးတူပူအမျှအသိုက်အဝန်းကို လက်တွဲတည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————————————————–
(Chinese Version)
(外事)王毅出席二十国集团外长会
新华社北京6月29日电国务委员兼外长王毅29日在北京以视频方式出席二十国集团外长会。
王毅表示,当前,全球疫情形势依然严峻,经济复苏分化明显。二十国集团应弘扬伙伴精神,在5个方面作出努力:一是坚持团结合作,在全球抗疫斗争中发挥领导力。中国迄今已向近100个国家提供了超过4.5亿剂疫苗。二是坚持多边主义,为国际秩序稳定增添凝聚力。多边主义不是冠冕堂皇的口号,更不能成为推行单边行径的包装。
三是坚持开放融合,为世界经济复苏提供推动力。四是坚持包容共享,提高可持续发展的行动力。五是坚持问题导向,增强全球治理体系的应变力。
王毅表示,中国共产党即将迎来百年华诞。一百年来,中国共产党团结带领全体中国人民开辟了一条符合中国国情并得到人民群众广泛拥护的中国特色社会主义道路,不仅造福本国人民,更惠及世界。中方愿同二十国集团成员一道,推动罗马峰会取得成功,携手构建人类命运共同体。(完)
新华社照片,北京,2021年6月29日
王毅出席二十国集团外长会
6月29日,国务委员兼外长王毅在北京以视频方式出席二十国集团外长会。
新华社记者 岳月伟 摄