Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် တို့ ဇွန် ၁၉ ရက် နံနက်ပိုင်းက မလေးရှားဝန်ကြီးချုပ် အိမ်တော်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နှင့် ဇွန် ၁၉ ရက် နံနက်ပိုင်းက မလေးရှားဝန်ကြီးချုပ် အိမ်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့ တွေ့ဆုံရာတွင် အတူဂရုပြုကြသည့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ပြဿနာများအပေါ် အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။နှစ်နိုင်ငံ ဝန်ကြီးချုပ်များသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာစွာ ထဲထဲဝင်ဝင် အားဖြည့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရုတ်-မလေးရှား အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို ပိုမိုမြင့်မားသော အဆင့်သို့ မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ RCEP သဘောတူညီချက်ကို အရည်အသွေးမြင့် အကောင်အထည်ဖော်ရေးကို ဆက်လက်တွန်းအားပေးပြီး တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် ၃.၀ ဗားရှင်း ဆွေးနွေးမှု ဆောလျင်စွာ ပြီးမြောက်အောင် ဆောင်ရွက်ကာ ပိုမို နီးကပ်သော တရုတ်-အာဆီယံ အေးအတူ ပူအမျှ အသိုက်အဝန်းကို တည်ဆောက်သွားမည် ဖြစ်ကြောင်း သဘောတူညီခဲ့ကြသည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် တို့ ဇွန် ၁၉ ရက် နံနက်ပိုင်းက မလေးရှားဝန်ကြီးချုပ် အိမ်တော်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် သက်ဆိုင်ရာ အာဆီယံနိုင်ငံများသည် တောင်တရုတ်ပင်လယ်အရေးကို မိမိတို့ကိုယ်တိုင် သင့်လျော်ကောင်းမွန်စွာ ဖြေရှင်းသင့်ကြောင်း၊ ပဋိပက္ခ ကွဲလွဲမှုများကို ထိန်းချုပ်ကာ တွေ့ဆုံဆွေးနွေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပြီး နှစ်နိုင်ငံပြဿနာဖြေရှင်းရေး ဦးတည်ချက်ကို ခိုင်မာစွာဆောင်ရွက်ရမည် ဖြစ်ကြောင်း တရုတ်-မလေးရှား နှစ်နိုင်ငံ ဝန်ကြီးချုပ်များက သဘောတူညီခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် တို့သည် ကုန်သွယ်စီးပွား၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ ခရီးသွား ၊ စာတိုက်လုပ်ငန်း၊ လယ်ယာထုတ်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့ရေး၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ပြတည်ဆောက်ရေး၊ အဆင့်မြင့်ပညာရေး စသည့် ကဏ္ဍများ၏ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များ ဖလှယ်ခြင်းကို သက်သေပြုခဲ့ကြသည်။ (Xinhua)
——————————–
李强同马来西亚总理安瓦尔会谈
新华社吉隆坡6月19日电(记者毛鹏飞 田栋栋 许可)当地时间6月19日上午,国务院总理李强在马来西亚总理府同安瓦尔总理举行会谈。
双方还就共同关心的地区和国际问题交换了意见。
两国总理一致同意,将坚定不移加强并深化双边合作,将中马命运共同体建设提升至更高水平。双方将持续推进高质量实施《区域全面经济伙伴关系协定》,推动尽快完成中国-东盟自贸区3.0版谈判,构建更为紧密的中国-东盟命运共同体。
两国总理一致同意,中国与有关东盟国家应自主妥善处理南海问题,管控矛盾分歧,促进对话合作,坚持双边解决问题的大方向。
会谈后,两国总理共同见证交换经贸、科技、文化、旅游、邮政、农产品输华、数字经济、绿色发展、城市建设、高等教育等领域多项双边合作文件。
1. 当地时间6月19日上午,国务院总理李强在马来西亚总理府同安瓦尔总理举行会谈。