Connect with us

Europe

ယူကရိန်းမှ ထွက်ခွာလာသည့် ပထမဆုံး စားနပ်ရိက္ခာတင်သင်္ဘောကို အစ္စတန်ဘူလ်အနီးတွင် စစ်ဆေးမည်

တူရကီနိုင်ငံ Bosporus ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်ခဲ့သည့် ကုန်တင်သင်္ဘောတစ်စင်းအား ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံမှ ထွက်ခွာလာသည့် ပထမဆုံး စားနပ်ရိက္ခာတင်သင်္ဘောသည် သြဂုတ် ၃ ရက်တွင် တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် အစ္စတန်ဘူလ်မြို့တွင် ဆိုက်ကပ်မည်ဖြစ်ပြီး သင်္ဘောအား ပူးတွဲစစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။အဆိုပါ ကုန်တင်သင်္ဘောသည် မည်သည့်ဆိပ်ကမ်းကိုမျှ ဝင်ရောက်မည်မဟုတ်ဘဲ ပင်လယ်ပြင်၌ ကျောက်ချရပ်နားကာ စစ်ဆေးခြင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရုရှား၊ ယူကရိန်း၊ ကုလသမဂ္ဂနှင့် တူရကီ ကိုယ်စားလှယ်တို့ဖြင့် ဖွဲ့စည်းထားသည့် ပူးတွဲညှိနှိုင်းရေးစင်တာမှအဖွဲ့က သြဂုတ် ၃ ရက် ဒေသစံတော်ချိန် ၈:၀၀ နာရီတွင် သင်္ဘောပေါ်သို့ တက်‌ရောက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်္ဘောအနီးသို့ အခြားသင်္ဘောများ ဆိုက်ကပ်ခြင်းမရှိရန် တူရကီကမ်းခြေစောင့်တပ်က လိုအပ်သော စီမံချက်များ ဆောင်ရွက်သွားမည်ဖြစ်သည်။

ပြဿနာတစ်စုံတစ်ရာမရှိပါက အဆိုပါကုန်တင်သင်္ဘောသည် ၎င်း၏ခရီးအားဆက်လက်ထွက်ခွာသွားမည် ဖြစ်ကြောင်း တူရကီကာကွယ်ရေးဝန်ကြီး Hulusi Akar က ဆိုသည်။ အလားတူအခြားသင်္ဘောများသည်လည်း ပင်လယ်နက်ဆိပ်ကမ်းမှ လယ်ယာထွက်ကုန်တင်ပို့မှု သဘောတူညီချက်အရ “သတ်မှတ်ထားသည့် စင်္ကြံ” မှ ဖြတ်တန်းတင်ပို့နိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယူကရိန်းမှ ထွက်ခွာလာသည့် ကုန်တင်သင်္ဘောသည် သြဂုတ် ၁ ရက် နံနက်ပိုင်းတွင် Odessa ဆိပ်ကမ်းမှ ထွက်ခွာခဲ့ကြောင်း ယူကရိန်းအခြေခံအဆောက်အအုံဝန်ကြီး Oleksandr Kubrakov က ထိုနေ့၌ပင် ဆိုရှယ်မီဒီယာတွင် အတည်ပြု‌ခဲ့သည်။ တန်ချိန် ၂၆,၀၀၀ ရှိသည့် ပြောင်းများတင်ဆောင်ထားသည့် အဆိုပါသင်္ဘောသည် လက်ဘနွန်နိုင်ငံ ထရီပိုလီဆိပ်ကမ်းသို့ ဦးတည်မောင်းနှင်မည်ဖြစ်ကြောင်းနှင့် နောက်ထပ်သင်္ဘော ၁၆ စင်းမှာ လည်း Odessa ဆိပ်ကမ်းမှ ထွက်ခွာရန် စောင့်ဆိုင်းနေကြောင်း ၎င်းကဆိုသည်။

ပထမဆုံး လယ်ယာထွက်ကုန်တင်ဆောင်ထားသည့်သင်္ဘောသည် ယူကရိန်းမှ ထွက်ခွာလာပြီဖြစ်ကြောင်းနှင့် ပင်လယ်နက်ဆိပ်ကမ်းမှ လယ်ယာထွက်ကုန် တင်ပို့မှုသည် အနှောင့်အယှက်မရှိ ဆက်လက်လုပ်ဆောင်သွားနိုင်ရန် တူရကီမှ လိုအပ်သော ကြိုးပမ်းမှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ထိုနေ့တွင် ပြောကြားခဲ့သည်။

ရုရှားနှင့် ယူကရိန်းတို့သည် ပင်လယ်နက် လယ်ယာထွက်ကုန်တင်ပို့ရေးကိစ္စနှင့် ပတ်သက်၍ ဇူလိုင် ၂၂ ရက်က အစ္စတန်ဘူလ်တွင် တူရကီနှင့် ကုလသမဂ္ဂတို့နှင့် သက်ဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါသဘောတူညီချက်တွင် စားနပ်ရိက္ခာတင်ပို့မှု၏ လုံခြုံရေးကို အာမခံရန် အစ္စတန်ဘူလ်၌ ပူးတွဲညှိနှိုင်းရေးစင်တာတစ်ခု ထူထောင်ခြင်း၊ ယူကရိန်းတို့က လယ်ယာထွက်ကုန်တင် သင်္ဘောများကို ရုရှားမှ တိုက်ခိုက်မည်မဟုတ်ကြောင်း သဘောတူညီမှုထားရှိခြင်း၊ အစ္စတန်ဘူလ် ပူးတွဲညှိနှိုင်းရေးစင်တာမှ ကိုယ်စားလှယ်များက ယူကရိန်းနိုင်ငံ Odessa ဆိပ်ကမ်းနှင့် အခြားစားနပ်ရိက္ခာနှင့် ဓာတ်မြေသြဇာတင်ပို့မည့် ဆိပ်ကမ်း ၃ ခု အပါအဝင် ဆိပ်ကမ်းဝင်ထွက်သည့် သင်္ဘောများအား ပူးတွဲစီမံခန့်ခွဲမှုပြုလုပ်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

ယူကရိန်းက ပြောင်းနှင့် ဂျုံအဓိကတင်ပို့သည့် နိုင်ငံဖြစ်ရာ “ဥရောပစပါးကျီ” ဟု အမည်တွင်ကြောင်း သိရသည်။ ရုရှား-ယူကရိန်း ပဋိပက္ခသက်ရောက်မှုကြောင့် ယူကရိန်း Odessa ဆိပ်ကမ်းတွင် သောင်တင်နေသော သီးနှံတန်ချိန် သန်း ၂၀ ရှိကြောင်းနှင့် ရုရှားက ဆိပ်ကမ်းများပိတ်ဆို့ကာ ယူကရိန်းစာနပ်ရိက္ခာတင်ပို့မှုကို အဟန့်အတားဖြစ်စေခဲ့ကြောင်း ယူကရိန်းက စွပ်စွဲခဲ့သည်။ ရုရှားဘက်မှ ယင်းစွပ်စွဲမှုကို ငြင်းဆိုခဲ့ပြီး ယူကရိန်းက ပင်လယ်နက်ရေပြင်တွင် ရေကြောင်းသွားလာမှုကို အန္တရာယ်ဖြစ်စေသည့် မိုင်းအမြောက်အမြားချထားကြောင်း ယူကရိန်းအား ပြစ်တင်စွပ်စွဲခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
从乌克兰出发的首艘运粮船将在伊斯坦布尔附近接受检查
新华社伊斯坦布尔8月1日电(记者王峰)土耳其国防部1日发表声明说,首艘载有乌克兰粮食的货船将于3日在土耳其最大城市伊斯坦布尔附近停泊,并接受联合检查。
声明说,这艘货船不会进入任何港口,检查将在海上锚地进行。由俄罗斯、乌克兰、联合国和土耳其代表组成的联合协调中心小组将于当地时间3日8时登船检查。土耳其海岸警卫队将采取必要措施,确保没有其他船只靠近这艘货船。
土耳其国防部长阿卡尔在接受该国阿纳多卢通讯社采访时表示,如果没有问题,这艘货船将继续其航程。其他货船也将根据黑海港口农产品外运协议以同样方式通过“既定走廊”。
乌克兰基础设施部长库布拉科夫1日在社交媒体上证实,首艘载有乌克兰粮食的货船已于当日早晨离开敖德萨港。该船装载2.6万吨玉米,将驶往黎巴嫩的黎波里港。另有16艘满载粮食的船只已在敖德萨港内等待出港。
土耳其外长恰武什奥卢当天表示,首艘运粮船已从乌克兰出发,希望黑海港口农产品外运不受干扰地继续下去,土耳其愿为此做出必要努力。
7月22日,俄罗斯、乌克兰就黑海港口农产品外运问题在伊斯坦布尔分别与土耳其和联合国签署相关协议。协议内容包括:在伊斯坦布尔建立联合协调中心并确保粮食运输安全,俄乌双方同意任何一方都不攻击运送农产品的船只,伊斯坦布尔联合协调中心将由各方指派代表对进出港口的船只进行联合管理,包括敖德萨港在内的3个乌克兰港口将开始向外运出粮食和化肥等。
乌克兰素有“欧洲粮仓”之称,是玉米和小麦出口大国。据报道,受俄乌冲突影响,现有超过2000万吨乌克兰谷物滞留在敖德萨港无法运出。乌克兰指责俄罗斯封锁港口,阻止乌方出口粮食。俄方否认干扰乌方出口,指责乌方在黑海水域布设大量水雷,危及航行安全。(完)
图说- 这是2月23日在土耳其伊斯坦布尔拍摄的一艘货轮通过博斯普鲁斯海峡。新华社记者沙达提摄