Politics, Law & Military
ပဲ့ထိန်းဒုံးကျည်ပါ အမေရိကန် ခရုဇာစစ်ရေယာဉ် ထိုင်ဝမ်ရေလက်ကြား ဖြတ်သန်းမောင်းနှင်ခြင်းအပေါ် တရုတ် အရှေ့ပိုင်းဒေသ စစ်ဌာနချုပ် တုန့်ပြန်ပြောကြား

ပေကျင်း၊ မေ ၁၁ ရက်(ဆင်ဟွာ)
ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားသော အမေရိကန် “USS Port Royal” ခရုဇာစစ်ရေယာဉ်သည် ထိုင်ဝမ်ရေလက်ကြားအား ဖြတ်သန်းမောင်းနှင်ကာ ပြောင်ပြောင်တင်းတင်ပုံကြီးချဲ့ခဲ့ကြောင်း တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသ စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ကြည်းတပ် ဗိုလ်မှူးကြီး စီရိက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်းဒေသ စစ်ဌာနချုပ် ရေတပ် ကမ်းတက်သင်္ဘော လေ့ကျင့်မောင်းနှင်နေသည်ကို ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ် လျောင်နင်ရေယာဉ်အုပ်စု လက်တွေ့စစ်ရေးလေ့ကျင့်နေသည့်ကာလအတွင်း ထောက်ပို့ရေးဆောင်ရွက်ပေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
ထို့အပေါ် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းဒေသစစ်ဌာနချုပ် စစ်သည်အင်အားဖြင့် ခရီးလမ်းတစ်လျှောက်လိုက်ပါစောင့်ကြည့်ခဲ့ကြောင်း ၊ အမေရိကန်အနေဖြင့် ထိုကဲ့သို့သော လုပ်ဇာတ်မျိုး မကြာခဏ သရုပ်ပြခြင်း၊ ရန်လိုရန်စမှုပြုခြင်းသည် “ထိုင်ဝမ် ခွဲထွက်ရေး”အင်အားစုများအတွက် မှားယွင်းသည့် အချက်ပြမှုဖြစ်စေရာ ထိုင်ဝမ် ရေလက်ကြား အခြေအနေကို ပို၍ တင်းမာလာစေကြောင်း ၊ စစ်ဌာနချုပ်တပ်ဖွဲ့များက အချိန်နှင့်တစ်ပြေးညီ အထူးသတိထားစောင့်ကြည့်နေပြီး ရန်လိုရန်မူမှုမှန်သမျှကို ခိုင်မာစွာ တုန့်ပြန်သွားမည် ဖြစ်သလို နိုင်ငံ၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည့်စုံမှုကို ခိုင်မာစွာ ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
————————–
(Chinese Version)
美导弹巡洋舰过航台湾海峡 东部战区回应
2022-05-11 06:50:52
东部战区新闻发言人施毅陆军大校表示,5月10日,美“罗亚尔港”号导弹巡洋舰过航台湾海峡并公开炒作。中国人民解放军东部战区组织兵力全程跟监警戒。美频频上演此类戏码、滋事挑衅,向“台独”势力发出错误信号,蓄意加剧台海紧张局势。战区部队随时保持高度戒备,坚决反制一切威胁挑衅,坚决捍卫国家主权和领土完整。
图说1:海军辽宁舰编队远海实战化训练期间,歼-15舰载战斗机准备着舰(资料照片)。 新华社发(胡善敏 摄)
图说2:南部战区海军某登陆舰支队组织登陆训练,气垫艇编队高速驶向目标岸滩(2月19日摄)。 新华社发(乔晨曦 摄)
图说3:海军辽宁舰编队远海实战化训练期间,辽宁舰(左)在进行补给(资料照片)。 新华社发(胡善敏 摄)