Europe
ဘိုင်ဒန်အပါအဝင် အမေရိကန်နိုင်ငံသား ၉၆၃ ဦးကို ရုရှားက ပြည်ဝင်ခွင့် ပိတ်ပင်၊ ယူကရိန်းသမ္မတက ရုရှားပါဝင်ခြင်းမရှိသည့် လုံခြုံရေး အာမခံစာချုပ် ရေးဆွဲနေကြောင်းပြော
ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အပါအဝင်အမေရိကန်နိုင်ငံသား၉၆၃ ဦးကို နိုင်ငံအတွင်းဝင်ရောက်ခွင့် အပြီးတိုင်ပိတ်ပင်ကြောင်းကို မေ ၂၁ ရက်တွင် ကြေညာခဲ့သည်။ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ယူကရိန်းသည် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ရုရှားပါဝင်ခြင်းမရှိသည့် လုံခြုံရေးအာမခံ စာချုပ်တစ်ရပ် ရေးဆွဲနေကြောင်း မေ ၂၁ ရက်က ပြောကြားခဲ့သည်။——ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက နိုင်ငံအတွင်းဝင်ရောက်ခွင့် အပြီးတိုင်ပိတ်ပင်သည့် အမည်စာရင်းတစ်ခုကို မေ ၂၁ ရက်တွင် ကြေညာခဲ့ပြီး ယင်းအမည်စာရင်းတွင် သမ္မတဘိုင်ဒန်အပါအဝင် အမေရိကန်နိုင်ငံသား စုစုပေါင်း၉၆၃ ဦးပါဝင်ကြောင်း သိရသည်။အမေရိကန်အစိုးရ၏ ရန်လိုသည့် လုပ်ရပ်များကိုသင့်လျော်သည့် တန်ပြန်လုပ်ဆောင်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့်ရုရှားမှတန်ပြန်ပိတ်ဆို့မှုများကို မဖြစ်မနေလုပ်ဆောင်ရမည့်အနေအထားဖြစ်နေကြောင်းရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထိုနေ့တွင် ထုတ်ပြန်ခဲ့သည်။ ရုရှားသည် ထိပ်တိုက်ရင်ဆိုင်မှုများမဟုတ်ဘဲ အပြန်အလှန်လေးစားမှုရှိသည့် ပွင့်လင်းသော ဆွေးနွေးဆက်ဆံမှုကို အလိုရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
——ယူကရိန်းက နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ရုရှားပါဝင်ခြင်းမရှိသည့် လုံခြုံရေးအာမခံ စာချုပ်တစ်ရပ် ရေးဆွဲလျက်ရှိကြောင်း ဇယ်လန်စကီးက မီဒီယာများနှင့် တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့ကြောင်းUkrinformသတင်းဌာနက ဖော်ပြထားသည်။စာချုပ်မူကြမ်းတွင် အသေးစိတ်အချက်များညှိနှိုင်းရန် ကျန်ရှိနေဆဲဖြစ်ပြီး ယင်းစာတမ်းကိုအာမခံနိုင်ငံအားလုံး၏ လွတ်တော်မှ အတည်ပြုရန်လိုအပ်ကြောင်း သိရသည်။
——ကနေဒါအပေါ်တန်ပြန်ပိတ်ဆို့မှုအဖြစ် ရုရှားက ကနေဒါဝန်ကြီးချုပ်ဂျက်စတင် ထရူးဒို၏ ဇနီးSophieအပါအဝင် ကနေဒါနိုင်ငံသား ၂၆ ဦးအား နိုင်ငံအတွင်း ဝင်ရောက်ခွင့် အပြီးတိုင်ပိတ်ပင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၂၁ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ကနေဒါမှ ရုရှားအပေါ်ချမှတ်သည့် ပိတ်ဆို့အရေးယူမှုတွင် ရုရှားနိုင်ငံရေးသမား၊ စစ်ဘက်နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ရုံသာမက ၎င်းတို့၏ ဆွေမျိုးသားချင်းပင်ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် ရုရှားက ပြည်ဝင်ခွင့် ပိတ်ပင်မှုအမည်စာရင်းတွင် ကနေဒါအဆင့်မြင့်အရာရှိနှင့် ၎င်း၏ဆွေမျိုးသားချင်း၊ စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်းစုကြီးနှင့် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းမှ အကြီးအကဲနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများကိုထည့်တွင်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရုရှားက မကြာသေးမီကာလအတွင်း တန်ပြန်ပိတ်ဆို့မှု အသစ်များ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
——ဇယ်လန်စကီးက ဘိုင်ဒန်မှ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ ရှိသည့် ယူကရိန်းအကူအညီပေးရေးဥပဒေအား လက်မှတ်ရေးထိုးခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း မေ ၂၁ ရက်တွင် ဆိုရှယ်မီဒီယာ၌ ရေးသားခဲ့သည်။ ယူကရိန်းအတွက် အမေရိကန်၏ ထောက်ခံမှုက အလွန်အရေးကြီးကြောင်းနှင့် ယူကရိန်းက ပိုမိုအားကောင်းသော စစ်ရေးအကူအညီသစ်များ ရရှိရန် မျှော်လင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
——ရုရှားစစ်တပ်သည်တိကျမှုမြင့်မားသည့် ရေပြင်ပစ်ဒုံးကျည် “Kalibr” ဖြင့်ယူကရိန်းနိုင်ငံ ZhytomyrရှိMalin ရထားဘူတာဒေသမှ စစ်လက်နက်နှင့် စစ်ဘက်ဆိုင်ရာ ကိရိယာအများအပြား ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူIgorKonashenkovက မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ယင်းဖျက်ဆီးခဲ့ရသောလက်နက်များက အမေရိကန်နှင့် ဥရောပနိုင်ငံများမှ ထောက်ပံ့ထားခြင်းဖြစ်ပြီး ဒွန်းဘန်စ်ဒေသရှိ ယူကရိန်းစစ်တပ်တွင် အသုံးပြုရန် စီစဉ်ထားကြောင်း သိရသည်။
——ရုရှားအထူးစစ်ရေးလှုပ်ရှားမှု စတင်ပြီးနောက်ပိုင်း ရုရှားစစ်တပ်က ယူကရိန်းတိုက်လေယာဉ်၁၇၄စင်း၊ရဟတ်ယာဉ် ၁၂၅ စင်း၊ မောင်းသူမဲ့လေယာဉ် ၉၆၆ စင်း၊လေကြောင်းကာကွယ်ရေးစနစ်၃၁၅စုံ၊ တင့်ကားနှင့် အခြားသံချပ်ကာကား၃,၁၈၂စီး၊ ဘဇူကာ ဒုံးလောင်ချာ၄၀၂လက်၊ အမြောက်နှင့် စိန်ပြောင်း၁,၆၁၄ခု၊ အထူးစစ်ယာဉ်၂၀၅၄စီး တို့ကို ဖျက်ဆီးခဲ့ကြောင်းKonashenkovက မေ ၂၁ ရက်တွင်ပြောကြားခဲ့သည်။
——လက်ရှိတွင် ရုရှားက ယူကရိန်းဆိပ်ကမ်းအားလုံးနီးပါး ပိတ်ဆို့ထားရာ ယူကရိန်း၏ စားသောက်ကုန် တန်ချိန် သန်း ၂၀ ခန့်သည် ပြည်ပသို့ တင်ပို့ရန် ခက်ခဲနေကြောင်း ဇယ်လန်စကီး၏ ပြောကြားချက်ကို ကိုးကား၍Ukrinformသတင်းဌာနက ဖော်ပြထားသည်။
——ရုရှားစစ်တပ်က မာရီယူပိုးလ်မြို့ရှိAzovstalသံမဏိစက်ရုံ၏ မြေအောက်အဆောက်အဦများအား အပြည့်အဝထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းKonashenkov က မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ စစ်သွေးကြွ ၅၃၁ ဦးပါဝင်သည့်နောက်ဆုံးအုပ်စုသည် ထိုနေ့တွင်လက်နက်ချခဲ့ကြောင်း၊ Azov Nazisနှင့်ယူကရိန်း စစ်သားစုစုပေါင်း ၂,၄၃၉ ဦးသည်မေ ၁၆ ရက်ကတည်းက လက်နက်ချခဲ့ကြောင်းKonashenkov ၏ မေ ၂၀ ရက်ပြောကြားချက်ကို ကိုးကား၍ ရုရှားTASSသတင်းဌာနက ဖော်ပြထားသည်။(Xinhua)
#Russia, #Ban, #Americans, #Xinhua, #Myanmar, #XinhuaMyanmar, #ရုရှား, #အမေရိကန်, #ပြည်ဝင်ခွင့်ပိတ်ပင်, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ
———————–
(Chinese Version)
最新动态:俄罗斯永久禁止拜登等963名美国公民入境 乌总统称正制订没有俄参与的安全保障条约
新华社北京5月21日电综合新华社驻外记者报道:俄罗斯外交部21日公布一份永久禁止入境的美国公民名单,名单共有包括美国总统拜登在内的963人。乌克兰总统泽连斯基21日说,乌克兰正与国际伙伴一起制订一项没有俄罗斯参与的安全保障条约。
——俄罗斯外交部21日在其网站公布一份永久禁止入境的美国公民名单,名单共有包括拜登在内的963人。俄外交部当天发表声明说,美国政府的敌对行动将继续受到适当的回击,俄方的反制是被迫的。俄罗斯不寻求对抗,并愿意进行相互尊重的坦诚对话。
——据乌克兰国家通讯社报道,泽连斯基21日在接受媒体采访时说,乌克兰正与国际伙伴一起制订一项没有俄罗斯参与的安全保障条约。该条约草案仍有一些细节须协商一致。这份文件须得到所有担保国议会的批准。
——俄罗斯外交部21日发布声明说,作为对加拿大实施反俄制裁的回应,俄方决定永久禁止包括加拿大总理特鲁多的妻子索菲在内的26名加拿大公民入境俄罗斯。声明说,加拿大政府出台的反俄制裁不仅针对俄政界、军界和商界人士,还涉及他们的亲人,因此俄方决定将加高级官员及其亲朋、军工联合体和造船企业高管及军队指挥官列入禁止入境名单。俄方还将在近期出台新的反制措施。
——泽连斯基21日在社交媒体上发文,感谢拜登签署的总额约400亿美元的援乌法案。泽连斯基表示,美国的支持对乌克兰非常重要,并称乌克兰期待新的强有力的军事援助。
——俄罗斯国防部发言人科纳申科夫21日发布通报说,俄军使用“口径”高精度海基巡航导弹摧毁了位于乌克兰日托米尔州马林火车站地区的大量武器和军事装备,这些武器装备由美国和欧洲国家提供,原本计划装备顿巴斯地区的乌军。
——科纳申科夫21日说,自开展特别军事行动以来,俄军共摧毁乌军174架战机、125架直升机、966架无人机、315套防空导弹系统、3182辆坦克和其他装甲车、402台多管火箭炮、1614门野战火炮及迫击炮和3054辆特种军用车辆。
——乌克兰国家通讯社21日援引泽连斯基的话报道说,俄罗斯目前几乎封锁了乌克兰所有港口,导致超过2000万吨待出口的粮食难以运出。
——科纳申科夫20日说,俄武装部队已完全控制马里乌波尔亚速钢铁厂的地下设施。俄罗斯塔斯社20日援引科纳申科夫的话报道说,当天最后一批共531名被围困在亚速钢铁厂内的乌方武装人员投降。自本月16日以来,共有2439名被围困在亚速钢铁厂的乌军和乌方军事力量“亚速营”人员投降。(参与记者:刘恺、李铭、李东旭、赵冰)(完)