Connect with us

Asia

တရုတ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သည့် အရှေ့ကမ်းရိုးတန်း ရထားလမ်းစီမံကိန်းက ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးကြောင်း မလေးရှား ဝန်ကြီးချုပ်ပြော

မလေးရှားနိုင်ငံ Pahangပြည်နယ် Bentong မြို့အနီးရှိ အရှေ့ကမ်းရိုးတန်းရထားလမ်းစီမံကိန်း (ECRL) ဥမင်လိုဏ်ခေါင်းဖောက်လုပ်တည်ဆောက်ရေးလုပ်ငန်းခွင်ရှိ ဥမင်တူးစက်အား ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

တရုတ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သည့် အရှေ့ကမ်းရိုးတန်း ရထားလမ်းစီမံကိန်းသည် မလေးရှားနိုင်ငံအတွက် ပိုမိုမြန်ဆန်ထိရောက်သော သယ်ယူပို့ဆောင်ရေးစနစ် ဖော်ဆောင်ရာတွင် အ‌ထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ပေးမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် Ismail က ယခုရက်ပိုင်းတွင် ပြောကြားခဲ့သည်။

Ismail သည် ဇွန် ၂၃ ရက်တွင် Pahang ပြည်နယ်၊ Bentong မြို့အနီးရှိ အရှေ့ကမ်းရိုးတန်း ရထားလမ်း စီမံကိန်း ဥမင်လိုဏ်ခေါင်းဖောက်လုပ်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကာ ပထမဆုံး ဥမင်လိုဏ်ခေါင်းတူးစက် (TBM) အား ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းမှာ ဥမင်လိုဏ်ခေါင်းဖောက်လုပ် တည်ဆောက်ရေးလုပ်ငန်း တရားဝင်စတင်လိုက်သည့် သင်္ကေတဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားသို့ အတူတက်ရောက်ခဲ့သူများမှာ မလေးရှားပို့ဆောင်ရေးဝန်ကြီး Wee Ka Siong၊ မလေးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ouyang Yujing နှင့် စီမံကိန်းကန်ထရိုက်တာ China Communications Construction Company (CCCC) ၏ လက်ထောက်အထွေထွေမန်နေဂျာ Sun Ziyu တို့ဖြစ်ကြောင်း သိရသည်။

အရှေ့ကမ်းရိုးတန်း ရထားလမ်း စီမံကိန်းသည် မလေးရှားကျွန်းဆွယ် အရှေ့ဘက်နှင့် အနောက်ဘက်ရှိ အရေးကြီးသော ဆိပ်ကမ်းများကို ချိတ်ဆက်ပေးရာ ၎င်းက ပို့ဆောင်ဆက်သွယ်ရေး ကောင်းမွန်စေရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ကာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေး စသည့် ကဏ္ဍများတွင် အရေးကြီးကြောင်းနှင့် ဥမင်လိုဏ်ခေါင်းဖောက်လုပ်တည်ဆောက်ရေးလုပ်ငန်းက စီမံကိန်း၏ အရေးပါသော အဆင့်ဖြစ်ကြောင်း Ismail က ပြောကြားခဲ့သည်။ စီမံကိန်းသည် ဒေသအတွက် နည်းပညာဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးသည့်အပြင် နည်းပညာဆိုင်ရာ သင်တန်းအစီအစဉ်များဖြင့် ဒေသတွင်း ရထားလမ်းလုပ်ငန်းဆိုင်ရာ ထူးချွန်သူအများအပြားကို ပျိုးထောင်ပေးနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။

အခမ်းအနားတွင် Sun Ziyu က ဥမင်လိုဏ်ခေါင်းစုစုပေါင်း အရှည်သည် ၁၆.၄ ကီလိုမီတာရှိပြီး နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများ၊ တင်းကျပ်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်များနှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ ကြီးမားကြောင်း ပြောကြားခဲ့သည်။ အရှေ့ကမ်းရိုးတန်း စီမံကိန်းသည် တရုတ်-မလေးရှား အတူတည်ဆောက်သည့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” ၏ အဓိကစီမံကိန်းဖြစ်သည်။ CCCC အနေဖြင့် ပြည်သူ့စားဝတ်နေရေး ‌ရေရှည်အကျိုးပြုသည့် စံညွှန်းမြင့်သော စီမံကိန်းအဖြစ် တည်ဆောက်ရန်နှင့် ယင်းစီမံကိန်းအား တရုတ်-မလေးရှား ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရ စီမံကိန်းဖြစ်ရန် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

မလေးရှား အရှေ့ကမ်းရိုးတန်း ရထားလမ်း စုစုပေါင်း အရှည်ကို ၆၀၀ ကီလိုမီတာကျော် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ရာ ဖောက်လုပ်တည်ဆောက်ပြီးပါက မလေးရှားနိုင်ငံ အရှေ့ကမ်းရိုးတန်းဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးသက်ရောက်စေမည်ဖြစ်ပြီး လမ်းကြောင်းတစ်လျှောက်ရှိဒေသများ၏ အပြန်အလှန် ဆက်သွယ်သွားလာရေးအတွက် များစွာကောင်းမွန်အောင် ပြောင်းလဲစေနိုင်
မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………
(Chinese Version)
马来西亚总理:中企承建的东海岸铁路项目促进当地经济发展
新华社吉隆坡6月24日电(记者汪艺 毛鹏飞)马来西亚总理伊斯迈尔日前表示,中国企业承建的东海岸铁路项目将助力马来西亚打造更高效的公共交通系统,促进当地经济发展。
伊斯迈尔23日前往位于彭亨州文冬附近的东海岸铁路项目云顶隧道施工现场,启动首台隧道掘进机(TBM)“云顶一号”。这标志着云顶隧道挖掘工程正式开始。共同出席启动仪式的还有马来西亚交通部长魏家祥、中国驻马来西亚大使欧阳玉靖、项目承建方中国交通建设集团有限公司(中国交建)副总经理孙子宇等。
伊斯迈尔说,东海岸铁路项目将连接马来半岛东西海岸重要港口,在改善交通、吸引投资、创造就业等方面发挥作用,而云顶隧道建设是项目重要一环。他还表示,项目为当地提供了许多技术岗位,技能培训计划为当地培养了大量铁路行业人才。
孙子宇在仪式上表示,云顶隧道全长16.4公里,技术难度高、环保要求严、社会影响大。东海岸铁路项目是中马共建“一带一路”重点项目。中国交建致力建设高标准、可持续、惠民生项目,把该项目打造成中马友好合作的标志性工程。
马来西亚东海岸铁路项目设计全长600多公里,建成后将带动东海岸地区经济发展,极大改善沿线地区互联互通。(完)
图说- 4月29日,在马来西亚文冬附近的马来西亚东海岸铁路项目云顶隧道施工现场,TBM维保组负责人赵东(右)和操作员王恒阳查看设备。新华社记者朱炜摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.