Connect with us

Europe

အနောက်နိုင်ငံများက ပိတ်ဆို့ကန့်သတ်မှုများကို ပယ်ဖျက်ပေးမည်ဆိုလျှင် စားနပ်ရိက္ခာအကျပ်အတည်း ကျော်လွှားရေး ရုရှား စားနပ်ရိက္ခာနှင့်ဓါတ်မြေဩဇာ တင်ပို့ရန် စီစဉ်မည်ဟု ရုရှားသမ္မတ ပူတင် ပြောကြား

ရုရှားနိုင်ငံ သမ္မတ ပူတင်အား မော်စကို၌ကျင်းပသော စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသည်ကို မေ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ မေ ၂၇ ရက်(ဆင်ဟွာ)

ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်း ကျော်လွှားနိုင်ရေးအတွက် ရုရှားအနေဖြင့် စားနပ်ရိက္ခာနှင့် ဓါတ်မြေဩဇာများကို တင်ပို့ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း၊ သို့သော် ထိုသို့ဆောင်ရွက်နိုင်ရေး အနောက်နိုင်ငံများက နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ကန့်သတ်ထားမှုများကို ပယ်ဖျက်ရန် လိုအပ်ကြောင်း ရုရှားသမ္မတ ပူတင်က မေ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ယင်းနေ့တွင် ရုရှားသမ္မတ ပူတင်က အီတလီ ဝန်ကြီးချုပ် Mario Draghi ၏ ဖိတ်ကြားချက်အရ ဖုန်းဖြင့်ဆက်သွယ်၍ ယူကရိန်းအခြေအနေနှင့်ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအကြောင်း ဆွေးနွေးခဲ့ကြောင်း ကရင်မလင်နန်းတော် ဝက်ဘ်ဆိုက်၏ သတင်းများအရ သိရသည်။ နိုင်ငံတကာဈေးကွက်တွင် စိုက်ပျိုးထုတ်ကုန် ပံ့ပိုးရေးတွင် ရုရှားကို အပြစ်တင် ပြောဆိုခြင်းက အထောက်အထား လုံးဝမခိုင်လုံကြောင်း၊ “လက်ရှိ ကြုံတွေ့နေရတဲ့ အကျပ်အတည်းက ထုတ်ကုန်လုပ်ငန်းကွင်းဆက်၊ ထောက်ပို့လုပ်ငန်းကွင်းဆက် လည်ပတ်မှုဖရိုဖရဲဖြစ်ခြင်းနှင့် အနောက်နိုင်ငံတွေရဲ့ကပ်ရောဂါကာလ ဘဏ္ဍာရေးမူဝါဒနဲ့သက်ဆိုင်မှုရှိကြောင်း” ပြောကြားခဲ့သည်။

ရေကြောင်းသွားလာမှုလုံခြုံရေးအတွက် ရုရှားဘက်က နည်းလမ်းများစွာ ဆောင်ရွက်လျက်ရှိရာ နေ့စဉ် လူသားချင်းစာနာထောက်ထားမှု လမ်းကြောင်းဖွင့်လှစ်ခြင်း၊ အဇော့ပင်လယ်နှင့်ပင်လယ်နက်ဆိပ်ကမ်းမှ အရပ်သုံးသင်္ဘောများ ထွက်ခွာရေးတို့ ပါဝင်ကြောင်း၊ သို့သော် ယင်းလုပ်ငန်းစဉ်များကို ယူကရိန်းဘက်က တားဆီးနေကြောင်း ပူတင်က ပြောကြားခဲ့သည်။ ရုရှား-ယူကရိန်း ဆွေးနွေးရေးဖြစ်စဉ် အဟန့်အတား ဖြစ်နေသည့်အခြေအနေများကိုလည်း ပူတင်က ပြောကြားခဲ့ကြောင်း သိရသည်။

စွမ်းအင်ဖူလုံရေးနှင့်စပ်လျဉ်း၍ ပူတင်က စာချုပ်၌သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့် သဘာဝဓါတ်ငွေ့များကို အီတလီသို့ ဆက်လက်တင်ပို့ပေးမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ (Xinhua)

………………………………………….
(Chinese Version)

(乌克兰局势)普京:如西方解除限制 俄罗斯准备出口粮食和化肥以克服粮食危机
2022-05-27 02:21:15 分类: 政治法律
新华社莫斯科5月26日电(记者黄河)俄罗斯总统普京26日说,俄罗斯准备通过出口粮食和化肥为克服全球粮食危机作出贡献,但前提是西方解除出于政治动机而采取的限制。
据克里姆林宫网站消息,普京当天应约同意大利总理德拉吉通电话,讨论乌克兰局势和全球粮食安全问题。普京说,在国际市场的农产品供应问题上指责俄罗斯是“毫无根据的”,“当前困难与产业链、供应链运转失序,以及西方国家在疫情期间的金融政策均有关系”。
普京说,俄方为确保航行安全采取了一系列措施,包括每天开放人道主义通道,以便民用船只从亚速海和黑海港口出港,但上述工作受到乌克兰方面的阻碍。普京还介绍了俄乌谈判进程受阻的情况。
关于能源安全,普京表示,俄方确认将继续确保以合同规定价格向意大利不间断供应天然气。(完)
图说1:5月16日,俄罗斯总统普京在莫斯科举行的集体安全条约组织峰会上发言。新华社/卫星社