Science & Technology
တရုတ်နိုင်ငံက ရှန်ကျိုး-၁၅ အာကာသယာဉ်ကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့

ကျိုချွမ်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)
ရှန်ကျိုး-၁၅ လူလိုက်ပါအာကာသယာဉ်သည် နိုဝင်ဘာ ၂၉ ရက်က Long March ဒုံးပျံမှ အောင်မြင်စွာ ခွဲထွက်ခဲ့ပြီး သတ်မှတ်ထားသည့် ဂြိုဟ်ပတ်လမ်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ အာကာသယာဉ်မှူးများ၏ အခြေအနေမှာ ကောင်းမွန်ကြောင်းနှင့် အာကာသယာဉ်လွှတ်တင်မှု အပြည့်အဝအောင်မြင်ခဲ့ကြောင်း သိရသည်။ ယခုအကြိမ်သည် တရုတ်နိုင်ငံ အာကာသစခန်း အဓိကနည်းပညာ စမ်းသပ်မှုနှင့် အာကာသယာဉ်တည်ဆောက်မှုအတွက် ၁၂ ကြိမ်မြောက် လွှတ်တင်ခြင်း အောင်မြင်စွာပြီးဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………………………
神舟十五号发射任务圆满成功
新华社照片,酒泉,2022年11月29日