North America
အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ် မူလတန်းကျောင်းတစ်ခုတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ လူ ၇ ဦး သေဆုံး

ဝါရှင်တန် ၊ မတ် ၂၈ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ် နက်ရှ်ဗီးလ်မြို့ မူလတန်းကျောင်းတစ်ခုတွင် မတ် ၂၇ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ကလေးငယ် ၃ ဦး အပါအဝင် လူပေါင်း ၆ ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင်များက သေနတ်သမားကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားသော မူလတန်းကျောင်း အချင်းဖြစ်နေရာအား မတ် ၂၇ ရက်က တီဗွီဖန်သားပြင်မှတစ်ဆင့် တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားသော မူလတန်းကျောင်း အချင်းဖြစ်နေရာအား မတ် ၂၇ ရက်က တီဗွီဖန်သားပြင်မှတစ်ဆင့် တွေ့ရစဉ်(ဆင်ဟွာ)
ရိုင်ဖယ်နှစ်လက်နှင့်ပစ္စတိုတစ်လက်ကို ကိုင်ဆောင်ထားသော အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက မူလတန်းကျောင်းတွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ကလေးငယ် ၃ ဦးနှင့် အရွယ်ရောက်ပြီးသူ ၃ ဦး သေဆုံးခဲ့သည်ဟု ဒေသစံတော်ချိန် ၁၀ နာရီ ၁၃ မိနစ်က ရဲတပ်ဖွဲ့ထံ တယ်လီဖုန်းနှင့်တိုင်ကြားခဲ့ကြောင်း နက်ရှ်ဗီးလ်မြို့ ရဲတပ်ဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။ သေနတ်ပစ်ခတ်သူသည် အချင်းဖြစ်နေရာတွင် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မူလတန်းကျောင်းသည် ဘုရားကျောင်းတွင်ဖွင့်လှစ်သော ပုဂ္ဂလိကပိုင် စာသင်ကျောင်း ဖြစ်ပြီး မူကြိုမှ ၆ တန်းအထိ ကျောင်းသားကျောင်းသူ ၂၀၀ ခန့် တက်ရောက်လျက်ရှိကြောင်း သိရသည်။ (Xinhua)
………………………………….
(Chinese Version)
美国田纳西州一小学发生枪击事件致7人死亡
新华社华盛顿3月27日电(记者孙丁)美国田纳西州纳什维尔市一小学27日发生枪击事件,造成包括3名儿童在内的6人遇害,枪手被警察击毙。
纳什维尔市警方当天通报说,当地时间10时13分,警方接到报警电话,一名28岁的女性携带两支攻击性步枪和一把手枪在一所小学内开枪射击,造成3名儿童和3名成年人死亡。枪手被到场警察击毙。
据悉,该小学是一所私立教会学校,从学前班到6年级有约200名学生。
1. 3月27日在美国阿灵顿拍摄的屏幕显示美国田纳西州一小学发生枪击事件的现场画面。新华社记者刘杰摄