Asia
အင်ဒိုနီးရှားနိုင်ငံတွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း လူရည်ချွန် မွမ်းမံသင်တန်းများ ပြုလုပ်

ဂျကာတာ၊ ဇွန် ၈ ရက် (ဆင်ဟွာ)
၂၀၁၈ ခုနှစ် ဇွန်လတွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း ဘက်စုံတည်ဆောက်မှု စတင်ခဲ့သည်။ လက်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့လျက်ရှိသည်။ လမ်းကြမ်းခင်း၊ တံတားရေမြောင်း၊ ဥမင်လိုဏ်ခေါင်းစသည့် မြို့ပြအင်ဂျင်နီယာလုပ်ငန်းများကို အလုံးစုံပြီးစီးပြီဖြစ်သလို ရထားလမ်း၊ ဆက်သွယ်ရေး အချက်ပြ လျှပ်စစ်ဓာတ်အားလိုင်းလုပ်ငန်းများ အခြေခံအားဖြင့် ပြီးမြောက်ပြီဖြစ်ရာ လည်ပတ်ရန် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။

အင်ဒိုနီးရှားနိုင်ငံ Madiunမြို့ရှိ အင်ဒိုနီးရှား မီးရထားနည်းပညာတက္ကသိုလ်၏ မြင်ကွင်းအား ၂၀၂၃ ခုနှစ် ဇွန် ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ Madiunမြို့ရှိ အင်ဒိုနီးရှား မီးရထားနည်းပညာတက္ကသိုလ်တွင် အရေးပေါ် တာဝန်ကျစောင့်ကြည့်သူ သင်တန်းတက်နေကြသော သင်တန်းသား၊ သင်တန်းသူများအား ၂၀၂၃ ခုနှစ် ဇွန် ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ Madiunမြို့ရှိ အင်ဒိုနီးရှား မီးရထားနည်းပညာတက္ကသိုလ်တွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း စက်ဆရာ မွမ်းမံသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူများနှင့်ဘာသာပြန်ဆရာတို့ အပြန်အလှန် ဆွေးနွေးဖလှယ်နေမှုများအား ၂၀၂၃ ခုနှစ် ဇွန် ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ Madiunမြို့ရှိ အင်ဒိုနီးရှား မီးရထားနည်းပညာတက္ကသိုလ်တွင် အရေးပေါ် တာဝန်ကျစောင့်ကြည့်သူ သင်တန်းတက်နေကြသော သင်တန်းသား၊ သင်တန်းသူများအား ၂၀၂၃ ခုနှစ် ဇွန် ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ Madiunမြို့ရှိ အင်ဒိုနီးရှား မီးရထားနည်းပညာတက္ကသိုလ်တွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း လုပ်ငန်းလည်ပတ်မှု ထိန်းချုပ်ရေးစင်တာ ယာဉ်ထွက်ချိန်ကြီးကြပ်သူ မွမ်းမံသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများအား ၂၀၂၃ ခုနှစ် ဇွန် ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ Madiunမြို့ရှိ အင်ဒိုနီးရှား မီးရထားနည်းပညာတက္ကသိုလ်တွင် အရေးပေါ် တာဝန်ကျစောင့်ကြည့်သူ သင်တန်းတက်နေကြသော သင်တန်းသား၊ သင်တန်းသူများအား ၂၀၂၃ ခုနှစ် ဇွန် ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ပထမအသုတ် လည်ပတ်ရေးနှင့်ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်း မွမ်းမံသင်တန်းကို အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Madiunမြို့တွင် တရားဝင်စတင် ဖွင့်လှစ်ခဲ့ရာ အင်ဒိုနီးရှားနိုင်ငံသား သင်တန်းသား၊ သင်တန်းသူ ၁၇၃ ဦးကို ပျိုးထောင်ပေးနိုင်ခဲ့သည်။
ယခုအကြိမ် မွမ်းမံသင်တန်းတွင် EMU ကျည်ဆန်ရထားယာဉ်မောင်း၊ လုပ်ငန်းလည်ပတ်မှု ထိန်းချုပ်ရေးစင်တာ ယာဉ်ထွက်ချိန်ကြီးကြပ်သူ၊ အရေးပေါ်တာဝန်ကျ စောင့်ကြည့်သူနှင့် EMU ကျည်ဆန်ရထား စက်ဆရာ စသည့် အလုပ်အကိုင်နေရာ ၄ မျိုး အတွက် အဓိကထား ပျိုးထောင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။ သင်တန်းကာလကို ၁ လမှ ၆ လ အထိ အတန်း၊ကဏ္ဍပေါ် မူတည်၍ သီအိုရီမွမ်းသင်တန်းများတက်ရောက်ရခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ၎င်းတို့အနေဖြင့် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း လက်တွေ့မွမ်းမံသင်တန်းတက်ရမည် ဖြစ်သည်။ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း လည်ပတ်ရေးနှင့်ထိန်းသိမ်းရေးဝန်ထမ်း မွမ်းမံသင်တန်းကိ တရုတ်နိုင်ငံ ရထားလမ်းလည်ပတ်ရေးနှင့်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုအဖွဲ့နှင့် တရုတ် မီးရထားလမ်းဆိုင်ရာ အထူးသင်တန်းကျောင်းများမှ တာဝန်ယူ သင်ကြား ပို့ချပေးခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………………….
(Chinese Version)
印度尼西亚:雅万高铁人才培训进行时
雅万高铁2018年6月全面开工建设。目前,工程建设进展顺利,路基、桥涵、隧道等土建工程全部完成,轨道、四电工程基本完成,运营准备工作有序开展。2月27日,雅万高铁首批运维人员培训班在印尼东爪哇省茉莉芬市正式开班,首批共培训印尼籍学员173人。此次培训重点培养动车组司机、运行控制中心调度人员、应急值守人员和动车组机械师4个专业岗位人员。不同专业的学员将接受为期1至6个月不等的理论培训,随后他们将到雅万高铁进行实作培训。雅万高铁运维人员培训由中方运维管理团队和中国铁路专业院校负责授课。新华社记者 徐钦 摄
1. 6月7日,在位于印度尼西亚茉莉芬市的印尼铁路理工学院,雅万高铁动车组司机培训班学员行走在校园中。
2. 这是6月7日拍摄的位于印度尼西亚茉莉芬市的印尼铁路理工学院(无人机照片)。
3,5,7. 6月7日,在位于印度尼西亚茉莉芬市的印尼铁路理工学院,学员们参加雅万高铁应急值守人员培训。
4. 6月7日,在位于印度尼西亚茉莉芬市的印尼铁路理工学院,学员在雅万高铁动车组机械师培训班上与翻译老师互动。
6. 6月7日,在位于印度尼西亚茉莉芬市的印尼铁路理工学院,学员在接受雅万高铁运行控制中心调度人员培训。