Asia
ပါကစ္စတန်နိုင်ငံ တောင်ပိုင်းတွင် ရထားလမ်းချော်တိမ်းမှောက်မှုကြောင့် လူပေါင်း ၂၂ ဦး သေဆုံးပြီး လူပေါင်း ၅၀ ဒဏ်ရာရရှိ

အစ္စလာမ်မာဘတ် ၊ ဩဂုတ် ၇ ရက်(ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံတောင်ပိုင်း Sindh ပြည်နယ် Sanghar ခရိုင်၌ ဩဂုတ် ၆ ရက် နေ့လယ်ပိုင်းတွင် ခရီးသည်တင် ရထားတစ်စင်း လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူ ၂၂ ဦးထက်မနည်း သေဆုံးပြီး လူပေါင်း ၅၀ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Sindh ပြည်နယ်ရဲအရာရှိတစ်ဦးက ယင်းနေ့တွင် ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ် Sanghar ခရိုင်၌ လမ်းချော်တိမ်းမှောက်သည့် ရထားတွဲအနီးတွင် စစ်သားများက သေဆုံးဒဏ်ရာရသူများအား ရှာဖွေနေသည်ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
အမြန်ရထား၏ ရထားတွဲ ၁၀ တွဲသည် Sarhari မီးရထားဘူတာမှ ထွက်ခွာပြီး မကြာမီ လမ်းချော် တိမ်းမှောက် သွားခဲ့ခြင်း ဖြစ်ကြောင်း အချင်းဖြစ်နေရာတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ တာဝန်ယူဆောင်ရွက်နေသည့် ရဲအရာရှိ Chandio က ဆင်ဟွာကို ပြောကြားခဲ့သည်။ ပါကစ္စတန် စစ်ဘက်၊ ရဲဘက်နှင့် ကူညီကယ်ဆယ်ရေးသမားများက အချင်းဖြစ်နေရာတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ၊ လက်ရှိ ရထားတွဲအတွင်းသို့မဟုတ် ရထားအောက်တွင် ပိတ်မိနေသူ အများအပြား ရှိနေဆဲဖြစ်ကြောင်း သိရသည်။ ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်ပေးပြီးဖြစ်ရာ ဒဏ်ရာရသူအချို့၏အခြေအနေမှာ စိုးရိမ်ရကြောင်းနှင့် သေဆုံးသူဦးရေ နောက်ထပ်မြင့်တက်လာနိုင်ကြောင်း သိရသည်။
အဆိုပါရထားသည် ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် Sindh ပြည်နယ် မြို့တော် ကရာချီ မှ နိုင်ငံအနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်သို့ ထွက်ခွာလာခြင်း ဖြစ်ကြောင်း ၊ အချင်းဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)
………………………………
(Chinese Version)
巴基斯坦南部一列车脱轨致22死50伤
新华社伊斯兰堡8月6日电(记者蒋超)巴基斯坦南部信德省官员6日说,该省桑克尔地区当天中午发生一起客运列车脱轨事故,已造成至少22人死亡、50人受伤。
负责现场救援工作的警官钱迪奥告诉新华社记者,一列共10节车厢的特快列车在驶出当地瑟尔哈里火车站不久发生脱轨事故。巴军方、警方和救援人员已赶往现场展开救援。目前仍有不少乘客被困在车厢内或车辆下方。伤者已被转运到医院救治,部分伤者情况危急,预计死亡人数会进一步上升。
据了解,这趟列车当天上午从信德省首府卡拉奇出发,开往西北部开伯尔-普什图省。事故原因正在调查中。
1. 8月6日,人们聚集在巴基斯坦南部信德省桑克尔地区的列车脱轨事故现场。新华社发