Connect with us

China

အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်များ အစည်းအဝေးများ တက်ရောက်ရန်နှင့် လာအိုနိုင်ငံသို့ တရားဝင် အလည်အပတ် ခရီးစဉ် စတင်ရန် လီချန် ဗီယင်ကျန်းမြို့သို့ သွားရောက်

အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သော လာအိုနိုင်ငံ ဝန်ကြီးချုပ် Sonexay Siphandone ၏ ဖိတ်ကြားချက်အရ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်များ အစည်းအဝေးများ တက်ရောက်ရန်နှင့် လာအိုနိုင်ငံသို့ တရားဝင် အလည်အပတ် ခရီးစဉ် စတင်ရန် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က အထူးလေယာဉ်ဖြင့် အောက်တိုဘာလ ၉ ရက် ညနေပိုင်း ပေကျင်းမြို့မှ ဗီယင်ကျန်းမြို့သို့ ရောက်ရှိစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သော လာအိုနိုင်ငံ ဝန်ကြီးချုပ် Sonexay Siphandone ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က အောက်တိုဘာလ ၉ ရက် ညနေပိုင်းတွင် အထူးလေယာဉ်ဖြင့် ပေကျင်းမြို့မှ ထွက်ခွာခဲ့ပြီး အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်များ အစည်းအဝေးများ တက်ရောက်ရန်နှင့် လာအိုနိုင်ငံသို့ တရားဝင် အလည်အပတ် ခရီးစဉ် စတင်ရန် ဗီယင်ကျန်းမြို့သို့ သွားရောက်ခဲ့သည်။
ဒေသစံတော်ချိန် အောက်တိုဘာလ ၉ ရက် ညပိုင်းတွင် လီချန်သည် အထူးလေယာဉ်ဖြင့် ဗီယင်ကျန်းမြို Wattay အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ လာအိုနိုင်ငံ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး၊ လာအို-တရုတ် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ ဖောင်းဟုန်နှင့် လာအိုနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဖန်းဟုန်းတို့က လေဆိပ်သို့သွားရောက် ကြိုဆိုခဲ့ကြသည်။
ယခုနှစ်ဆန်းပိုင်းကတည်းက လာအိုနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံအနေဖြင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုအပေါ် အာရုံစိုက်စေရေး၊ နိုင်ငံအသီးသီအကြား ဘုံသဘောတူညီမှုများကို ပေါင်းစည်းရေး၊ အာဆီယံအသိုက်အဝန်းတည်ဆောက်ရေးနှင့် အရှေ့အာရှပူးပေါင်းဆောင်ရွက်ရေးတွင် တိုးတက်မှုအသစ်များနှင့် ရလဒ်အသစ်များ ရရှိစေရေးကို မြှင့်တင်ရာတွင် ဦးဆောင်သည့်ကဏ္ဍက တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း လီချန်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အာဆီယံအသိုက်အဝန်းတည်ဆောက်ရေးကို အခိုင်အမာထောက်ခံကြောင်း၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးတွင် အာဆီယံက ဗဟိုအခန်းကဏ္ဍမှ ပါဝင်ခြင်းကို အခိုင်အမာ ထောက်ခံကြောင်း၊ အာဆီယံက နိုင်ငံတကာရေးရာများတွင် အာဆီယံက ပိုမိုကြီးမာသော အခန်းကဏ္ဍမှပါဝင်ဆောင်ရွက်ခြင်းကို အခိုင်အမာထောက်ခံကြောင်း၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဓိကကျသော ဆွေးနွေးမှုကိစ္စရပ်များတွင် နိုင်ငံအသီးသီးနှင့် နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ရန်၊ ဤဒေသက ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါသော အင်ဂျင်အဖြစ် ဆက်လက်ဆောင်ရွက်ရေး ပူးပေါင်းမြှင့်တင်ကြရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ အထွေထွေအတွင်းရေးမှူးချုပ်နှင့် သမ္မတ ရှီကျင့်ဖိန်၊ လာအိုနိုင်ငံ အထွေထွေအတွင်းရေးမှူးချုပ်နှင့် သမ္မတ Thongloun Sisoulith တို့၏ မဟာဗျူဟာဦးဆောင်မှုအောက်တွင် တရုတ်-လာအို ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုသည် စဉ်ဆက်မပြတ် နက်ရှိုင်းခိုင်မာလာပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး၏ ခေတ်သစ်သို့ ဝင်ရောက်လာပြီ ဖြစ်ကြောင်း လီချန်က ထောက်ပြခဲ့သည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် ဘက်စုံ နက်နက်ရှိုင်းရှိုင်း ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေပြီး ခေတ်မီအင်အားကြီး ဆိုရှယ်လစ်နိုင်ငံသို့ ဘက်စုံ တည်ဆောက်လိုသည့် ဒုတိယရာစု ကြိုပမ်းရေးရည်မှန်းချက်ဆီသို့ ဦးတည်လျှောက်လှမ်းနေကြောင်း၊ လာအိုနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းမြင်သာသော ခရီးလမ်းသစ်တွင် လျှောက်လှမ်းလျက်ရှိပြီး ၎င်း၏ ဆိုရှယ်လစ်စနစ်လုပ်ငန်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း ဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်နေသည်။ ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ချိတ်ဆက်ရန်၊ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန်နှင့် တရုတ်-လာအို အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရာတွင် ပိုမိုများပြားသော လက်တွေ့တိုးတက်မှုများကို တွန်းအားပေးရန်၊ နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော အကျိုးစီးပွားများ ရရှိရေး မြှင့်တင်ရန် တရုတ်နိုင်ငံသည် လာအိုနိုင်ငံနှင့်အတူလက်တွဲ ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ၎င်းက ထောက်ပြခဲ့သည်။ (Xinhua)


………………………
(Chinese Version)
李强赴万象出席东亚合作领导人系列会议并对老挝进行正式访问
新华社万象10月9日电(记者蒋励 刘锴)应东盟轮值主席国老挝总理宋赛邀请,国务院总理李强10月9日下午乘包机离开北京,赴万象出席东亚合作领导人系列会议并对老挝进行正式访问。
当地时间10月9日晚,李强乘包机抵达万象瓦岱机场。老挝计划投资部长、老中合作委员会主席佩和中国驻老挝大使方虹等到机场迎接。
李强表示,今年以来,老挝作为东盟轮值主席国积极发挥引领作用,聚焦务实合作,凝聚各方共识,推动东盟共同体建设和东亚合作取得新进展、新成果。中方坚定支持东盟共同体建设,坚定支持东盟在区域合作中的中心地位,坚定支持东盟在国际事务中发挥更大作用,愿就区域合作重大议题同各方深入交换意见,共同推动本地区继续成为全球发展的重要引擎。
李强指出,近年来,在习近平总书记、国家主席和通伦总书记、国家主席战略引领下,中老全面战略合作不断走深走实,两国关系进入构建命运共同体新时代。当前,中国正进一步全面深化改革,朝着全面建成社会主义现代化强国的第二个百年奋斗目标迈进。老挝正踏上革新开放新征程,推动本国社会主义事业深入发展。中方愿同老方一道,进一步对接发展战略,加强团结协作,推动中老命运共同体建设取得更多实质进展,更好造福两国人民。(完)
图说:10月9日下午,应东盟轮值主席国老挝总理宋赛邀请,国务院总理李强乘包机离开北京,赴万象出席东亚合作领导人系列会议并对老挝进行正式访问。