Connect with us

Europe

အီရန်နိုင်ငံနှင့် ရုရှားနိုင်ငံ သမ္မတတို့က နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူညီခဲ့ကြ

တီဟီရန်/ မော်စကို၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင်တို့သည် တာ့ခ်မင်နစ္စတန်နိုင်ငံ မြို့တော် Ashgabat တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူညီခဲ့ကြသည်ဟု အီရန်နှင့် ရုရှား အစိုးရများ၏ အောက်တိုဘာ ၁၁ ရက် ထုတ်ပြန်သည့် သတင်းအရ သိရသည်။
ပါဇက်ရှ်ကီရမ်နှင့် ပူတင်တို့သည် Ashgabat မြို့၌ နိုင်ငံတကာ ညီလာခံတစ်ခုကို တက်ရောက်နေစဉ်အတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု အီရန်သမ္မတအိမ်တော်၏ ထိုနေ့တွင် ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။ အီရန်-ရုရှား ဆက်ဆံရေးသည် ရိုးသားမှုရှိပြီး ဗျူဟာမြောက်ကြောင်း၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ရှုထောင့်မှကြည့်လျှင် အီရန်-ရုရှား ဆက်ဆံရေးသည် အချိန်နှင့်အမျှ အားကောင်းလာကြောင်း၊ နှစ်နိုင်ငံအကြား ကောင်းမွန်သော အပြန်အလှန်ဖြည့်စွက်မှုရှိပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ထပ်၍ မြှင့်တင်ရန် မျှော်လင့်ကြောင်း ပါဇက်ရှ်ကီရမ်က ပြောကြားခဲ့သည်။
ဒေသတွင်း အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် အစ္စရေးသည် အီရန်၏ အချုပ်အခြာအာဏာ၊ နိုင်ငံတကာဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများကို လေးစားခြင်းမရှိသောကြောင့် ဒေသတွင်းအခြေအနေမှာ အလွန်ဆိုးရွားခဲ့ရသည်ဟု ပါဇက်ရှ်ကီရမ်က ပြောကြားခဲ့သည်။
အီရန်နိုင်ငံနှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးသည် ရုရှားနိုင်ငံအတွက် ဦးစားပေးအနက်အဓိပ္ပါယ်ရှိသည်ဟု ဆွေးနွေးပွဲအတွင်း ပူတင်က ပြောကြားခဲ့ကြောင်း ရုရှားသတင်းဌာနက အောက်တိုဘာ ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် နှစ်နိုင်ငံဆက်ဆံရေးသည် ချောမွေ့စွာဖွံ့ဖြိုးတိုးတက်နေပြီး ကုန်သွယ်မှု အရှိန်အဟုန် ကောင်းမွန်လျက်ရှိကြောင်း၊ နှစ်နိုင်ငံသည် နိုင်ငံတကာ ဇာတ်ခုံ၌ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာရေးရာများတွင်လည်း အလားတူ ရပ်တည်ချက်များရှိကြောင်း ဖော်ပြထားသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ပူတင်က ပါဇက်ရှ်ကီရမ်ကို ရုရှားနိုင်ငံသို့ အလည်အပတ် လာရောက်ရန် ဖိတ်ကြားခဲ့ပြီး ပါဇက်ရှ်ကီရမ်ကလည်း ထိုဖိတ်ကြားချက်ကို လက်ခံခဲ့ကြောင်း သိရသည်။
ထိုနေ့တွင် ပူတင်သည် Ashgabat မြို့သို့ ရောက်ရှိပြီး တာ့ခ်မင်နစ္စတန်ကဗျာဆရာနှင့် အတွေးအခေါ်ပညာရှင် Makhtumkuli Fragi မွေးဖွားခြင်း နှစ် ၃၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနား၊ “ခေတ်ကာလနှင့် ယဉ်ကျေးမှုများကြား အပြန်အလှန်ချိတ်ဆက်သော ဆက်ဆံရေး- ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ်” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့် နိုင်ငံတကာဖိုရမ်သို့ တက်ရောက်ခဲ့သည်ဟု ရုရှားနိုင်ငံ ကရင်မလင် ဝက်ဘ်ဆိုက်၏ ထိုနေ့ သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)
……………………
(Chinese Version)
伊朗和俄罗斯总统一致表示将促进两国合作
新华社德黑兰/莫斯科10月11日电(记者陈霄 张继业)据伊朗和俄罗斯官方11日公布的消息,伊总统佩泽希齐扬与俄总统普京当天在土库曼斯坦首都阿什哈巴德举行会谈,一致表示将促进两国间合作。
据伊朗总统府当天发表的声明,佩泽希齐扬和普京在阿什哈巴德出席国际会议期间举行了会谈。佩泽希齐扬说,伊俄关系是真诚的、战略性的。从经济和文化的角度看,伊俄关系日趋牢固。两国拥有良好的互补性,希望进一步促进两国间的合作。
在谈到地区形势时,佩泽希齐扬说,以色列不尊重伊朗的主权、国际法律和人道主义原则,导致地区局势十分严峻。
今日俄罗斯通讯社当天报道说,普京在会谈中表示,发展同伊朗的关系对俄罗斯具有优先意义。目前,双边关系发展顺畅,贸易势头良好。两国在国际舞台上积极合作,在国际事务中拥有相近立场。普京在会谈中还邀请佩泽希齐扬访俄,后者接受了邀请。
另据俄罗斯克里姆林宫网站当天消息,普京当天抵达阿什哈巴德,出席了纪念土库曼斯坦诗人和思想家马赫图姆库里诞辰300周年、主题为“时代与文明的交互关系——和平与发展之根基”的国际论坛。(完)