Connect with us

International Organizations

Aryna Sabalenka က ကျိန့်ချင်းဝန်ကို အနိုင်ရပြီး ဝူဟန့် Tennis Open အမျိုးသမီးတစ်ဦးချင်း ချန်ပီယံဆု ၃ ကြိမ်ဆက်တိုက် ရရှိ

ဝူဟန့်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

အောက်တိုဘာ ၁၃ ရက် ညပိုင်းတွင် ကျင်းပသော ၂၀၂၄ ခုနှစ် ဝူဟန့် Tennis Open အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် ဘီလာရုဇ် တင်းနစ်စတား Sabalenka က ၆-၃၊ ၅-၇၊ ၆-၃ ဖြင့် တရုတ်လက်ရွေးစင် ကျိန့်ချင်းဝန်ကို အနိုင်ရရှိကာ ဝူဟန့် Tennis Open ချန်ပီယံဆုကို ၃ နှစ်ဆက်တိုက် ရရှိခဲ့သည်။ပထမအချီပြိုင်ပွဲတွင် ကျိန့်ချင်းဝန်သည် အစပိုင်းတွင် ဖြည်းဖြည်းအေးအေးဖြင့် အမှားနှစ်ခါ လေးကြိမ်လုပ်မိ၍ အမှတ်လက်လွှတ်ခဲ့ရသည်။ Sabalenka ကမူ ၎င်း၏ ဆားဗစ်ပေးသည့်အလှည့်တွင် လုံး၀ လွှမ်းမိုးထားနိုင်ခဲ့ပြီး ဆဌမမြောက်ပွဲငယ်တွင် တစ်ဖက်၏ ဆားဗစ်ပေးသည့်ပွဲတွင် မိမိအမှတ်ရအောင် ကစားနိုင်ခဲ့ကာ ပထမအချီကို ၆-၃ ဖြင့် အနိုင်ရခဲ့သည်။

ဒုတိယအချီပြိုင်ပွဲတွင် အင်အားချင်း ညီမျှနေခဲ့ပြီး အပြန်အလှန်ကစားရာ၌ Sabalenka က ထိုးစစ်ဆင်ကစားမှုတွင် ထပ်ခါတလဲလဲ အမှားများပြုလုပ်ခဲ့သည်။ ကျိန့်ချင်းဝန်ကမူ ပိုမိုတည်ငြိမ်သော စွမ်းရည်များကို ပြသခဲ့ပြီး အနိုင်အရှုံးဆုံးဖြတ်မှတ် ၇ ကြိမ်ရရှိကာ လေးကြိမ်တိုင်တိုင် အနိုင်ရ၍ ၇-၅ ဖြင့် တစ်ချီ အနိုင်ပြန်လည်ရရှိခဲ့သည်။

ဝူဟန့်သည် Sabalenka အတွက် “မင်္ဂလာရှိသောနေရာ” ဟုပင် ခေါ်ဆိုနိုင်သည်။ ၂၀၁၈ ခုနှစ် Wuhan Open ပထမဆုံးအကြိမ် ပါဝင်ကစားပြီးကတည်းက Sabalenka သည် ထိုပြိုင်ပွဲ၌ ၁၇ ပွဲစလုံး အနိုင်ရပြီး ၃ နှစ်ဆက်တိုက် ချန်ပီယံဆုရရှိခဲ့သည်။ ယခုနှစ် ဝူဟန့်မြို့သို့ တစ်ဖန် ပြန်လည်ရောက်ရှိလာသော Sabalenka သည် ယခုရာသီပြိုင်ပွဲ တရုတ်တင်းနစ်မယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို အလွန်သဘောကျခဲ့ရာ “ဒီရာသီပြိုင်ပွဲက တရုတ်ကစားသမားတွေအနေနဲ့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုလို့ ကျွန်မထင်ပါတယ်။ ဥပမာအနေနဲ့ ကျိန့်ချင်းဝန်က အိုလံပစ်ရွှေတံဆိပ် ဆွတ်ခူးခဲ့ပြီး China Open ပွဲရဲ့ ဆီမီးဖိုင်နယ်အထိပါဝင်ခဲ့တယ်။ တရုတ်ပရိသတ်တွေကြားမှာ တင်းနစ်ပြိုင်ပွဲ ပိုပြီးရေပန်းစားလာတာကို ကျွန်မ မြင်တွေ့ရပါတယ်။ China Open ပွဲအနေနဲ့ ဒီရာသီပြိုင်ပွဲက အလွန်အောင်မြင်တယ်လို ကျွန်မထင်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ကျိန့်ချင်းဝန်သည် ယခုရာသီပြိုင်ပွဲတွင် Sabalenka ကို တတိယမြောက် ရှုံးနိမ့်ခဲ့သော်လည်း ယခုအကြိမ်ရှုံးနိမ့်မှုတွင် အပြုသဘောဆောင်သည့်ဘက်ကို မြင်တွေ့ခဲ့ရာ “ဒီတစ်ခါပြိုင်တဲ့အခါ ပွဲအခြေအနေကို အရင်ကထက် ပိုရှင်းရှင်းလင်းလင်း မြင်ခဲ့ရတယ်။ ဒီနေ့ Sabalenka နဲ့ ပြိုင်တဲ့အခါ အလွန်သတိထားပြီးကစားခဲ့တယ်။ သတိထားလွန်းပြီး ရိုက်တဲ့အခါ တင်းနစ်ရက်ကက်က မငြိမ်တော့ အမှားအယွင်းတွေလုပ်မိစေတယ်။ ဒါက ဒီတစ်ကြိမ်ရှုံးပြီးတော့ ကျွန်မ နည်းနည်း စိတ်လှုပ်ရှားပြီး ပျော်ရွှင်ရတယ်၊ ဘယ်လို့လဲဆိုတော့ အကြိမ်တိုင်းမှာ အရှေ့တစ်ကြိမ်ထက်ပိုကောင်းအောင် လုပ်နိုင်တယ်။ နောက်တစ်ကြိမ်ကျရင်တော့ နီးကပ်ရုံမဟုတ်ဘဲ ကျော်လွန်အောင် ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ချန်ပီယံဆုမရရှိခဲ့သော်လည်း ဝူဟန့်တွင် တင်းနစ်ပြိုင်ပွဲသက်တမ်းတစ်လျှောက် WTA1000 ဖိုင်နယ်ပွဲကစားလိုက်ရသည်က ကျိန့်ချင်းဝန် အတွက် အထူးအနက်အဓိပ္ပာယ်ရှိသည်ဟု ဆိုသည်။ “ပထမဆုံး အမှတ် ၁,၀၀၀ ဖိုင်နယ်ပွဲကို တက်လှမ်းဖို့က အလွန်ခဲယဉ်းတယ်လို့ ကျွန်မထင်တယ်၊ အထူးသဖြင့် ဝူဟန့်မှာ ပြိုင်တဲ့ပွဲ ဒီနေရာက ကျွန်မအိပ်မက် စတင်ခဲ့တဲ့နေရာဆိုတော့ ဒီဆုဖလားကို ယူမသွားနိုင်တဲ့အတွက် အလွန်ဝမ်းနည်းမိတယ်၊ ဒါပေမဲ့ ကျွန်မရဲ့ အနာဂတ်တင်းနစ်ပြိုင်ပွဲသက်တမ်းရဲ့ တစ်နေ့နေ့မှာ ဒီဆန္ဒကို အကောင်အထည်ဖော်နိုင်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်” ဟု ကျိန့်ချင်းဝန်က ပြောကြားခဲ့သည်။ (Xinhua)

………………………………………
(Chinese Version)
萨巴伦卡击败郑钦文 实现武网女单三连冠
新华社武汉10月13日电(记者焦子琦、乐文婉)13日晚进行的2024武汉网球公开赛女单决赛中,白俄罗斯名将萨巴伦卡以6:3、5:7、6:3击败中国选手郑钦文,实现武网三连冠。
首盘比赛,郑钦文较为慢热,送出四次双误。萨巴伦卡则完全统治了自己的发球局,并在第六局实现破发,以6:3先下一盘。
第二盘比赛呈现均势,相持球中,萨巴伦卡正手进攻屡现失误。郑钦文则展现了更稳定的技术,拿到七个破发点并且四次兑现,以7:5扳回一盘。
决胜盘郑钦文发球出现波动,前两个发球局都被破发,随后连破带保扳回两局。第七局,郑钦文正手回球下网再被破发,比分来到2:5。面对对手的发球胜赛局,郑钦文连得四分实现破发,但在第九局被萨巴伦卡一记放网前球再度破发,以3:6丢掉第三盘,遗憾落败。萨巴伦卡夺得2024武网女单冠军。
武汉堪称萨巴伦卡的“福地”。自2018年首次参加武网以来,萨巴伦卡在该赛事17战全胜,实现三连冠。今年再次回到武汉,萨巴伦卡对这一赛季中国网球运动的发展印象深刻:“我觉得这个赛季对于中国球员来说是很大的突破,比如像郑钦文拿到了奥运会金牌,又进入了中网的半决赛。我们能看到网球越来越受中国观众的欢迎。我觉得对于中国网球来说,这个赛季是非常成功的。”
这是郑钦文本赛季第三次负于萨巴伦卡,但在这一次的失败中,她看到了有利的一面:“这一次交手我看场上的局势看得比以往更清楚一些。可能今天对战萨巴太过于保守,过于保守的话,在击球时拍子会颤动,其实会导致更多的失误。这是我这次输球之后觉得稍微有点兴奋的一点,就是每一次都可以做得比上一次更好。希望下一次不仅仅是接近,而是可以超越。”
尽管未能夺冠,在武汉打完职业生涯首个WTA1000赛决赛对郑钦文也有着特殊的意义。“我觉得能闯入第一个1000分的决赛很不容易,尤其是发生在武汉,这是我梦开始的地方,我想说当然非常遗憾这次没能把这个奖杯带走,但是我希望在未来职业生涯的某一天,我可以实现这个愿望。”郑钦文说。(完)
图说1:10月13日,萨巴伦卡(右)与郑钦文在颁奖仪式上合影。
图说2:10月13日,萨巴伦卡在颁奖仪式上。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.