Connect with us

North America

အစ္စရေးကို အမေရိကန်က THAAD ဒုံးခွင်းစနစ် ပံ့ပိုးမည်

အစ္စရေးလေကြောင်းရန် ကာကွယ်ရေးစနစ်က ကြားဖြတ်ဟန့်တားလိုက်သည့် ဒုံးကျည်များ ဂျေရုဆလမ် ကောင်းကင်ပေါ်မှ ဖြတ်သန်းသွားသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

အစ္စရေး၏ လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပေးရန်အတွက် အမေရိကန်က အစ္စရေးကို THAAD ဒုံးခွင်းစနစ် ပံ့ပိုးမည် ဖြစ်ပြီး သက်ဆိုင်ရာ အမေရိကန်စစ်သည်များကိုစေလွှတ်သွားမည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။အဆိုပါ ဆုံးဖြတ်ချက်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်က အမေရိကန် သမ္မတ ဘိုင်ဒန်၏ ညွှန်ကြားမှုဖြင့် ချမှတ်ခြင်း ဖြစ်ကြောင်း၊ အီရန်က အစ္စရေးကို ဧပြီ ၁၃ ရက်နှင့် အောက်တိုဘာ ၁ ရက်များတွင် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအခြေအနေများကြောင့် အစ္စရေးအား လေကြောင်းကာကွယ်ရေးစွမ်းရည် မြှင့်တင်ပေးရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Pat Ryder က ယင်းနေ့ ကြေညာချက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်းမှာ အမေရိကန်စစ်တပ်၏ ယခုလများအတွင်း အရှေ့အလယ်ပိုင်းဒေသ အင်အားချိန်ညှိဖြန့်ကျက်မှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————

新华简讯|美国将向以色列提供“萨德”反导系统
新华社华盛顿10月13日电 美国国防部13日说,美国将向以色列提供一套“萨德”反导系统并派遣相关美军人员,以帮助以方提高防空能力。
美国国防部发言人赖德当天在一份声明中说,上述决定是美国国防部长奥斯汀在美国总统拜登的指示下作出的,目的是在伊朗于4月13日和10月1日两次对以色列发动导弹袭击的背景下,帮助以方增强防空能力。这也是美军近几个月来在中东调整力量部署的一部分。(完)
1. 10月1日,以军防空系统拦截的发射物从耶路撒冷上空飞过。 新华社记者 陈君清 摄