Connect with us

Asia

တောင်ကိုရီးယား စစ်တပ်က တောင်-မြောက် စစ်ရေးနယ်နိမိတ် တောင်ဘက်ကို တန်ပြန်ပစ်ခတ်

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တွင် ပုံစံသစ် စစ်ရေးပရိယာယ် ပဲ့ထိန်းဒုံးကျည်လက်နက်စနစ်သစ် လွှဲပြောင်းပေးခြင်း အခမ်းအအနား ၂၀၂၄ ခုနှစ် ဩဂုတ် ၄ ရက် ကို တွေ့ရစဉ် (ဓာတ်ပုံ-KCNA)

ဆိုးလ်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား စစ်တပ်က တောင်-မြောက် စစ်ရေးနယ်နိမိတ် တောင်ဘက်ကို တန်ပြန်ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်များရုံးက ယင်းနေ့တွင် ပြောကြားခဲ့သည်။ ထို့အပေါ် မြောက်ကိုရီးယားက လတ်တလောတွင် တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်များရုံးက မီဒီယာများအား မက်ဆေ့ဖြင့် ကြေညာချက် ပေးပို့ခဲ့ခြင်း ဖြစ်သည်။ အောက်တိုဘာ ၁၅ ရက် ၁၂ နာရီခန့်တွင် မြောက်ကိုရီးယားက Gyeongui Line၊ Donghae Line ကုန်းလမ်းမကြီး နှစ်ခု၏ တောင်-မြောက် စစ်ရေးနယ်နိမိတ် မြောက်ဘက်ရှိ လမ်းအပိုင်းအချို့ကို ဖောက်ခွဲဖျက်ဆီးခဲ့ပြီး နောက်ဆက်တွဲလုပ်ငန်းများ လုပ်ဆောင်ရန် လက်နက်ကြီးများ အသုံးပြုရန်ဆောင်ရွက်နေကြောင်း၊ တောင်ကိုရီးယား စစ်တပ်ဘက်မှ ဆုံးရှုံးနစ်နာမှုများ မဖြစ်ပွားခဲ့ကြောင်း၊ မြောက်ကိုရီးယား၏လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေကြောင်း၊ တောင်ကိုရီးယား-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုဖြင့် စောင့်ကြပ်ကြည့်ရှုမှု၊ သတိပေးမှုများကို တိုးမြှင့်ကာ တန်ပြန်ရင်ဆိုင်ရန် အသင့်အနေထားကို ထိန်းသိမ်းထားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ တောင်ကိုရီးယားဘက်က တန်ပြန်ပစ်ခတ်မှု အသေးစိတ်အခြေအနေကို ကြေညာချက်တွင် ဖော်ပြထားခြင်း မရှိပေ။

သတင်းထုတ်ပြန်သည့်အချိန်အထိ ယင်းကိစ္စအပေါ် မြောက်ကိုရီးယားဘက်မှ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ တောင်ကိုရီးယားနှင့် ချိတ်ဆက်ထားသည့် ကားလမ်းနှင့် ရထားလမ်းများကို အောက်တိုဘာ ၉ ရက်မှစ၍ “လုံးဝ ဖြတ်တောက်မည်” ဖြစ်ပြီး “ခံတပ် အခိုင်အမာတည်ဆောက်ရေးလုပ်ငန်းကို ဆောင်ရွက်မည်” ဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်များရုံးက ယင်းနေ့တွင် ကြေညာခဲ့သည်။ (Xinhua)

————————–
韩军向韩朝军事分界线以南进行应对射击
新华社首尔10月15日电(记者冯亚松)韩国联合参谋本部15日说,韩军当天向韩朝军事分界线以南进行了应对射击。朝鲜方面暂无回应。
韩国联合参谋本部当天通过短信将声明发给媒体,声明说朝鲜于当天中午12时左右炸毁了京义线、东海线两条公路位于韩朝军事分界线以北的部分路段,并正在投入重型装备进行后续工作。韩军未受损失,正在密切关注朝方活动,在韩美合作下加强监视和警戒,以维持应对态势。声明未透露韩方应对射击的具体细节。
截至发稿时,朝鲜方面对上述事态暂无回应。
朝鲜人民军总参谋部9日宣布,朝方从当日起“完全切断”与韩国连接的公路和铁路,“进行防御设施要塞化加固工程”。(完)

1. 这张朝中社提供的照片显示的是8月4日在平壤举行的新型战术弹道导弹武器系统交接仪式现场。新华社/朝中社

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.