Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒို ဖုန်းဖြင့်ဆက်သွယ် ဆွေးနွေး

ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ချိန်းဆိုချက်အရ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုနှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။သမ္မတ ရှီကျင့်ဖိန်က အဆွေတော်၏ သမ္မတ သက်တမ်း ၁၀ နှစ်ကြာကာလတွင် တရုတ်နိုင်ငံသို့ ၈ ကြိမ် လာရောက်လည်ပတ်ပြီး မိမိနှင့် ၁၂ ကြိမ်တွေ့ဆုံခဲ့ရာ နှစ်နိုင်ငံအတူ အေးအတူ ပူအမျှ အသိုက်အဝန်း ကဏ္ဍသစ်ဖွင့်လှစ်ရန် ဦးဆောင်မှုပြုခဲ့သလို ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေး အခင်းအကျင်းသစ်ကို တည်ဆောက်ခဲ့ပါကြောင်း ပြောကြားခဲ့သည်။

သမ္မတ ဂျိုကို ဝီဒိုဒိုက လွန်ခဲ့သည့် ၁၀ နှစ်ကြာကာလတွင် မိမိနှင့် သမ္မတ ရှီကျင့်ဖိန်သည် နက်ရှိုင်းသည့် ချစ်ကြည်ရေးကို တည်ဆောက်ခဲ့ကြပြီး နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနှင့် ကဏ္ဍစုံ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာ အရေးကြီးရလဒ်များ ရရှိရေး ဦးဆောင်ဦးရွက် ပြုခဲ့ကြကြောင်း ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ၏ အပြုသဘော အကျိုးဆောင်ပေးမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် နှစ်နိုင်ငံ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူပူးပေါင်းတည်ဆောက်ခြင်း၏ စံနမူနာ ဖြစ်လာခဲ့ကြောင်း၊ အင်ဒိုနီးရှား အစိုးရသစ်၏ ဦးဆောင်မှုအောက်တွင် နှစ်နိုင်ငံ ဆက်ဆံရေးသည် ဆက်လက် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်သည့်အရှိန်အဟုန်ကို ထိန်းထားမည်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————————
习近平同印度尼西亚总统佐科通电话
新华社北京10月14日电 10月14日下午,国家主席习近平应约同印度尼西亚总统佐科通电话。   习近平指出,你担任总统10年间8次访华,我同你12次会面,引领两国开启共建命运共同体新篇章,构建起全方位战略合作新格局。你为中印尼友好事业作出重要贡献,中方表示高度赞赏。相信印尼新一届政府将继承对华友好政策,推动中印尼命运共同体建设持续迈向更高水平。
习近平强调,中方愿同印尼高质量共建“一带一路”,做好雅万高铁可持续运营,打造更多合作亮点,让两国合作更好惠及两国人民。明年是万隆会议召开70周年。中方愿同印尼共同弘扬和平共处五项原则和万隆精神,推动全球南方国家团结合作,维护广大发展中国家共同利益,促进地区乃至世界发展、繁荣、稳定。
佐科表示,过去10年来,我同习近平主席建立了深厚友谊,引领两国全面战略伙伴关系和各领域互利合作取得重要成果。感谢中方为印尼经济发展作出积极贡献,雅万高铁成为双方共建“一带一路”合作的典范。我相信,在印尼新一届政府领导下,两国关系将继续保持良好发展势头。(完)
1. 2023年7月27日下午,国家主席习近平在成都会见来华出席第31届世界大学生夏季运动会开幕式并访华的印度尼西亚总统佐科。新华社记者 殷博古 摄