Europe
ဗြိတိသျှဓနသဟာယ ထိပ်သီးအစည်းအဝေးတွင် ကျွန်စနစ် “အကြွေး“ များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့၊ ဗြိတိန် ဘုရင်ကတောင်းပန်ခြင်း မပြု၊ ဝန်ကြီးချုပ်က လျော်ကြေးငွေအကြောင်းပြောဆိုရန် ရှောင်ကြဉ်ခဲ့
ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
ကျွန်စနစ်ကျန်ရစ်ခဲ့သောပြဿနာများနှင့် ပတ်သက်သော“ဆွေးနွေးပွဲတစ်ခု စတင်ရန်အချိန်ရောက်ပြီ” ဟု အောက်တိုဘာ ၂၆ ရက် ဗြိတိသျှဓနသဟာယ အစိုးရ ထိပ်သီးအစည်းအဝေးပွဲအပြီးတွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ သို့သော် ယခင် ကိုလိုနီနိုင်ငံအများအပြားကို မျက်နှာမူရာတွင် ဗြိတိန်ဘုရင် တတိယချားလ်စ်သည် အစည်းအဝေးတွင် ဗြိတိန်နိုင်ငံ၏ ကျွန်ကုန်သွယ်မှုသမိုင်းအတွက် တောင်းပန်ခြင်း မရှိခဲ့ကြောင်း၊ ဗြိတိန် ၀န်ကြီးချုပ် ကီယာစတားမာကလည်း ကျွန်စနစ်ကျန်ရစ်ခဲ့သောပြဿနာများကို ဆွေးနွေးရာတွင် “ငွေကြေးနှင့် မပတ်သက်ကြောင်း” အကြိမ်ကြိမ် အလေးပေးပြောကြားခဲ့သည်။
ဗြိတိန်ဘုရင်က တောင်းပန်ခြင်း မရှိ
ယခုနှစ် ဗြိတိသျှဓနသဟာယ အစိုးရ ထိပ်သီးအစည်းအဝေးကိုပစိဖိတ်ကျွန်းနိုင်ငံ ဆာမိုအာတွင် ကျင်းပခဲ့သည်။ ဗြိတိသျှဓနသဟာယသည် ဗြိတိန်နိုင်ငံနှင့် လက်ရှိတွင် လွတ်လပ်ရေးရရှိထားသော ယခင်ဗြိတိန်ကိုလိုနီနိုင်ငံများ သို့မဟုတ် ဩဇာခံနိုင်ငံများ ပူးတွဲထားသည့် အစုအဖွဲ့ဖြစ်ပြီး လက်ရှိတွင် ၅၆ နိုင်ငံ ပါဝင်ကြောင်း သိရသည်။ အစည်းအဝေးအတွင်း အာဖရိက၊ ကာရေဘီယံနှင့် ပစိဖိတ်ကျွန်းနိုင်ငံများမှ ခေါင်းဆောင်အများအပြားက ဗြိတိန်နိုင်ငံနှင့် သက်ဆိုင်ရာဥရောပနိုင်ငံများအား အတ္တလန္တိတ်ဖြတ်ကျော် ကျွန်ကုန်သွယ်မှု၊ ကျွန်စနစ်ဖော်ဆောင်မှုနှင့်ပတ်သက်၍ ငွေကြေးပေးလျော်ရန် အဆိုပြုခဲ့သည်။
ဗြိတိန်နိုင်ငံ စသည့် ဥရောပနိုင်ငံများသည် ကျွန်ကုန်သွယ်မှုကို ရေရှည်လုပ်ကိုင်ခဲ့ကြသည်။ ကျွန်ကုန်သွယ်မှု၏ အကျိုးခံစားရသူအနေဖြင့် ဗြိတိန်တော်ဝင်မိသားစုသည် တောင်းပန်ရန်တောင်းဆိုမှုများနှင့် အစဉ်ရင်ဆိုင်နေရကြောင်း အေအက်ဖ်ပီ သတင်းဌာနက ပြောကြားခဲ့သည်။ သို့သော် တတိယ ချားလ်စ်သည် အောက်တိုဘာ ၂၅ ရက် အစည်းအဝေးကို တက်ရောက်ခဲ့စဉ်တွင် တောင်းပန်ခြင်းမရှိသည့်အပြင် အစည်းအဝေးပွဲသို့ တက်ရောက်လာသော ကိုယ်စားလှယ်များကို “သဘောထားကွဲလွဲမှုများ (ဖြစ်စေမည့်) ပြောဆိုမှုများ မပြောရန်” တောင်းဆိုခဲ့သည်။
“အတိတ်ကို ဘယ်သူမှ မပြောင်းလဲနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့
သင်ခန်းစာယူနိုင်ပြီး စဉ်ဆက်မပြတ် တည်ရှိနေတဲ့ မညီမျှမှုတွေကို ဖန်တီးမှုရှိတဲ့ နည်းလမ်းတွေရှာဖွေပြီး ပြုပြင်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ယင်းမှာ ချားလ်စ်၏ ၂၀၂၂ ခုနှစ် ထီးနန်းဆက်ခံခဲ့ချိန်မှစ၍ ဗြိတိန်ဘုရင်၊ ဗြိတိသျှဓနသဟာယ ထိပ်သီးအကြီးအကဲအဖြစ် ဗြိတိသျှဓနသဟာယ အစိုးရ ထိပ်သီးအစည်းအဝေးကို ပထမဆုံးအကြိမ် ပါဝင်ခြင်းဖြစ်သည်။ ပူးတွဲကြေညာချက်မထုတ်ပြန်မီ ၎င်းသည် ဆာမိုအာနိုင်ငံမှ ထွက်ခွာခဲ့ပြီးဖြစ်သည်။
ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်က လျော်ကြေးငွေအကြောင်း ပြောဆိုခြင်းကို ရှောင်ကြဉ်ခဲ့
အောက်တိုဘာ ၂၆ ရက်က ကျင်းပခဲ့သော ဗြိတိသျှဓနသဟာယ အစိုးရအကြီးအကဲများ အစည်းအဝေးသည် နာရီအနည်းငယ် နောက်ကျ၍ ပြီးဆုံးခဲ့ပြီး ပူးတွဲထုတ်ပြန်ချက်မှာ နိုင်ငံအသီးသီးက လိုက်လျောလိုက်ရခြင်း၏ ရလဒ်ဖြစ်သလို ၎င်း၏ အကြောင်းအရာသည် ယခင် ကိုလိုနီနိုင်ငံအချို့ကမျှော်လင့်ထားသည်ထက် ပို၍ မရှင်းမလင်းနှင့် ယေဘုယျဆန်နိုင်ကြောင်း အေအက်ဖ်ပီ၏ အဆိုအရ သိရသည်။
ကျွန်စနစ်ကျန်ရစ်ခဲ့သည့် ပြဿနာများနှင့် ပတ်သက်၍ “မျှတမှုကို အခြေခံသော ဘုံအနာဂတ်ကို တည်ဆောက်ရန် ယခု အဓိပ္ပါယ်ရှိသော၊ ရိုးသားပြီး အပြန်အလှန်လေးစားမှု ရှိသော ဆွေးနွေးမှုပြုလုပ်ရန် အချိန်ကျရောက်ပြီ” ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ကျွန်ကုန်သွယ်မှု၊ ကျွန်စနစ်အား မည်သည့်ပုံစံမျိုးဖြင့် လျော်ကြေးပေးသင့်ကြောင်းကိုမူ ဖော်ပြထားခြင်းမရှိပေ။
ဗြိတိန်ဝန်ကြီးချုပ် စတားမာသည် အတိအလင်း ကတိကဝတ်ပြုရမည်ကို ရှောင်ရှားရန် ကြိုးပမ်းခဲ့သည်။ ပူးတွဲထုတ်ပြန်ချက်တွင် အချက်နှစ်ချက် လုပ်ဆောင်ခဲ့ကြောင်း၊ ပထမအချက်မှာ“(သက်ဆိုင်ရာနိုင်ငံများ၏) ဆွေးနွေးရန် တောင်းဆိုထားသော တိုက်တွန်းသံများကို သတိပြုမိကြောင်း” နှင့် နောက်တစ်ချက်မှာ “ယခုအချိန်သည် ဆွေးနွေးမှုများ လုပ်ဆောင်ရန် အချိန်ကျရောက်ပြီကို သဘောတူကြောင်း” သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။
သို့သော် အစည်းအဝေးတွင် “ငွေကြေးနဲ့ ပတ်သက်တဲ့ ဘယ်ဆွေးနွေးခြင်းမှ မရှိပါ”၊ “ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ရပ်တည်ချက်မှာ အလွန့်အလွန် ရှင်းလင်းပြတ်သားပါတယ်” ဟု၎င်းက အလေးပေး ပြောကြားခဲ့ပါသည်။
“အတ္တလန္တိတ်ကျော်ဖြတ် ကျွန်ကုန်သွယ်မှုနဲ့ ကျွန်စနစ်ကနေဗြိတိန်နိုင်ငံ အကျိုးအမြတ်ခံစားရတယ်၊ စုဆောင်းထားတဲ့ကြွယ်ဝချမ်းသာမှုတွေက သက်သေပါပဲ၊ အဲဒါကြောင့် ကျွန်တော်တို့ ပိုပြီးပွင့်ပွင့်လင်းလင်းနဲ့ ဒီလိုဆွေးနွေးပွဲလုပ်ဖို့ လိုအပ်တယ်” ဟု ဗြိတိန်နိုင်ငံ လန်ဒန်တက္ကသိုလ်၊ အာရှ-အာဖရိက လေ့လာရေးကျောင်းမှ ကျွန်စနစ်သမိုင်းနှင့် ၎င်းကျန်ရစ်ခဲ့သည့် ပြဿနာများအား လေ့လာနေသော ပါမောက္ခ Olivette Oteleက ပြောကြားခဲ့သည်။
ယခင် ကိုလိုနီနိုင်ငံများက ဗြိတိန်နိုင်ငံ၏ သမိုင်းအပြစ်တာဝန်များအပေါ် လျော်ကြေးတောင်းခံမှုများသည် ကာလကြာရှည် ရှိခဲ့သည်။ မတူညီသော တွက်ချက်မှုများအရ ဗြိတိန်နိုင်ငံသည်ကျွန်ကုန်သွယ်မှုနှင့် ကျွန်စနစ်ကြောင့် နစ်နာသူများ၏ နောက်မျိုးဆက်များကို ပေးဆောင်ရမည့် လျော်ကြေးငွေပမာဏသည် အမေရိကန်ဒေါ်လာ ထရီလီယံနှင့်ချီအထိ ရှိနိုင်ကြောင်း အေပီသတင်းဌာနက သတင်းဖော်ပြခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
英联邦首脑会议讨论蓄奴“欠账” 英国王不道歉首相避谈赔偿
新华社北京10月27日电 英联邦政府首脑会议26日结束后发表联合声明,表示就奴隶制遗留问题“开启对话的时机已经到来”。然而,面对许多前殖民地国家,英国国王查尔斯三世没有在会上就英国的奴隶贸易历史道歉,英国首相基尔·斯塔默也一再强调,对奴隶制遗留问题的讨论“不涉及钱”。
英国王没有道歉
今年的英联邦政府首脑会议在太平洋岛国萨摩亚举行。英联邦是由英国和已经独立的前英国殖民地或附属国组成的联合体,目前包括56个国家。会议期间,不少非洲、加勒比国家和太平洋岛国领导人提出,英国及相关欧洲国家应就跨大西洋奴隶贸易和实施奴隶制给予经济赔偿。
英国等欧洲国家曾长期从事奴隶贸易。法新社说,英国王室作为奴隶贸易的受益者,一直面临要求道歉的呼声。然而,查尔斯三世25日出席会议时没有道歉,而是要求与会代表“拒绝(发表引起)分裂的言论”。
他说:“没有人能改变过去。但我们可以吸取教训,寻找创造性的方法来纠正持续存在的不平等现象。”
这是查尔斯2022年继位以来首次以英国国王和英联邦元首的身份参加英联邦政府首脑会议。在联合声明达成前,他已离开萨摩亚。
英首相避谈赔偿
据法新社报道,英联邦政府首脑会议26日延迟数小时结束,联合声明是各方妥协的产物,内容可能比一些前殖民地国家所希望的更加模糊和空泛。
联合声明说,关于奴隶制的遗留问题,“现在是时候进行有意义、诚实和互相尊重的对话,以建立一个基于公平的共同未来”,没有提及应采取何种形式就奴隶贸易和奴隶制进行补偿。
英国首相斯塔默试图避免做出明确承诺。他在新闻发布会上说,联合声明做了两件事,一是“注意到(有关国家)要求讨论的呼声”,二是“同意现在是时候进行对话”。
然而,他同时强调,会议“没有关于钱的任何讨论”“我们在这方面的立场非常非常明确”。
英国伦敦大学亚非学院研究奴隶制历史及其遗留问题的教授奥利薇特·奥泰莱说:“英国受益于跨大西洋的奴隶贸易和奴隶制,所积累的财富就是证据。所以我们需要更公开地进行这些对话。”
前殖民地国家就英国历史罪责索赔的诉求由来已久。据美联社报道,按照不同测算,英国向奴隶贸易和奴隶制受害者后代赔偿的金额最高可达数万亿美元。(郭倩)
图说1:6月15日,在英国伦敦,英国国王查尔斯三世和王后卡米拉乘坐马车参加阅兵式。新华社发(史蒂芬·程摄)
图说2:2007年11月22日,在乌干达首都坎帕拉,一辆军车从英联邦各成员国旗旁驶过。新华社记者陆怀南摄