Connect with us

Africa & Middle East

လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့ဝင် ၂,၀၀၀ ခန့်ကို ရှင်းလင်းသုတ်သင်ခဲ့ကြောင်း အစ္စရေး စစ်တပ် ပြောကြား

လက်ဘနွန်ဟစ်ဇ်ဘိုလာဌာနချုပ်ကို အစ္စရေးလေကြောင်းတိုက်ခိုက်သည့်ကာလတွင် အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant (လက်ဝဲ-၁) နှင့် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် Herzi Halevi တို့အား အစ္စရေးလေတပ် အခြေစိုက်စခန်းတစ်ခု၌ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန)

ဂျေရုဆလမ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
လွန်ခဲ့သည့်နှစ် အောက်တိုဘာလ၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခသစ် ပေါက်ကွဲဖြစ်ပွားသည့်အချိန်မှစ၍ အစ္စရေးတပ်က ရှင်းလင်းသုတ်သင်ခဲ့သည့် လက်ဘနွန်ဟစ်ဇ်ဘိုလာလက်နက်ကိုင် ၂,၀၀၀ ခန့်ရှိပြီ ဖြစ်ရာ ၎င်းတို့အနက် ၁,၂၀၀ ခန့်မှာ လက်ဘနွန်နိုင်ငံ တောင်ပိုင်း၌ အစ္စရေးတပ်၏မြေပြင်လှုပ်ရှားမှုအတွင်း သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ်က အောက်တိုဘာ ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။

လက်ဘနွန် ဟစ်ဇ်ဘိုလာတွင် လက်ရှိ ဒုံးကျည် ထောင်နှင့်ချီ ရှိနိုင်သေးပြီး အရေအတွက်အားဖြင့် ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ မတိုင်မီ၏ ၃၀ ရာခိုင်နှုန်းခန့် ရှိနိုင်သည်ဟု အစ္စရေး စစ်တပ်က ခန့်မှန်းထားသည်။ ၎င်းအဖွဲ့၏ အဆင့်မြင့်ခေါင်းဆောင်များကို အစ္စရေးစစ်တပ်က ချေမှုန်းခဲ့သည်နှင့်အမျှ ဟစ်ဇ်ဘိုလာတွင် အစီအစဉ်အရ အစ္စရေးကို အကြီးအကျယ် ဒုံးကျည်ဖြင့် တိုက်ခိုက်ရန်မှာ မဖြစ်နိုင်တော့ကြောင်း သိရသည်။

ကန်ဒေါ်လာ ၅.၂ ဘီလီယံရှိသည့် အထူးအရေးပေါ်ကူညီပံ့ပိုးရေးအစီအစဉ် သဘောတူညီချက်စာရွက်စာတမ်းများလဲလှယ်ခြင်းလုပ်ငန်းကို အစ္စရေးနှင့် အမေရိကန် ဆောင်ရွက်ပြီး ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်သည့်ကြေညာချက်အရ သိရသည်။ အဆိုပါအစီအစဉ်မှာ အစ္စရေး၏ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အားကောင်းအောင် တစ်ဆင့်တိုးမြှင့်တင်သွားမည် ဖြစ်ရာ ၎င်းတို့အနက် “Iron Dome” လေကြောင်းရန်ကာကွယ်ရေးစနစ်၊ “David’s Sling” ဒုံးကျည်ကာကွယ်ရေးစနစ်နှင့် တီထွင်ထုတ်လုပ်နေဆဲဖြစ်သည့် “Iron Beam” လေဆာလေကြောင်းရန် ကာကွယ်ရေးစနစ် စသည်တို့ပါဝင်ကြောင်း သိရသည်။

ကြေညာချက်အရ ယင်းအစီအစဉ်မှာ အမေရိကန် အစိုးရနှင့် လွှတ်တော်က ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ပေါက်ကွဲဖြစ်ပွားလာပြီးနောက် ခွင့်ပြုသည့် “ပိုမိုကျယ်ပြန့်သော” အစ္စရေးအပေါ် ကူညီထောက်ပံ့ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့်နှစ် အောက်တိုဘာလဆန်းမှစ၍ လက်ဘနွန် ဟစ်ဇ်ဘိုလာနှင့် အစ္စရေးအကြား ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် လက်ဘနွန်နိုင်ငံအတွင်း သေဆုံးသူ ၂,၄၀၀ ကျော်၊ ဒဏ်ရာရသူ ၁၁,၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။ (Xinhua)


……………………………
(Chinese Version)
以军说已打死约2000名黎真主党成员
新华社耶路撒冷10月21日电(记者王卓伦)以色列国防军21日发表声明说,自去年10月新一轮巴以冲突爆发以来,以军已打死约2000名黎巴嫩真主党武装人员,其中约1200人在以军对黎南部开展的地面行动中死亡。
以军估计,真主党目前仍保留数千枚火箭弹,数量约为本轮巴以冲突前的30%。随着其领导层被以军瓦解,真主党已无法按计划实施对以大规模火箭弹袭击。   另据以国防部21日发布的一项声明,以色列和美国已完成一项总额达52亿美元的特别紧急援助计划的换文手续。该计划将进一步增强以色列防空系统,其中包括“铁穹”防空系统、“大卫投石索”导弹防御系统和正在开发的“铁光束”激光防空系统等。
根据声明,这项计划是美国政府和国会在本轮巴以冲突爆发后批准的“更广泛的”对以援助计划的一部分。
黎巴嫩卫生部20日公布的统计数据显示,自去年10月初以来,黎巴嫩真主党与以色列之间的冲突已在黎巴嫩境内造成2400多人死亡,超过1.1万人受伤。(完)
1. 9月27日,在以军空袭黎巴嫩真主党总部期间,以色列国防部长加兰特(左一)、以色列国防军总参谋长哈莱维(中)在以空军一处基地内。新华社发(以色列国防部供图)