Connect with us

Africa & Middle East

လက်ဘနွန်နိုင်ငံအတွက် တရုတ်နိုင်ငံက ကူညီထောက်ပံ့သော ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်း ၅၈ တန် ဘေရွတ်မြို့သို့ ရောက်ရှိ

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ရှိ Rafic Hariri အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အထောက်အပံ့ပစ္စည်းများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသို့ တက်‌ရောက်သော လက်ဘနွန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်းမင်ကျန်း (ဝဲ) ကို အောက်တိုဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
ဒေသစံတော်ချိန် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံက ကူညီထောက်ပံ့သော အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျန်းမာရေးအထောက်အပံ့ပစ္စည်းများ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ရှိ Rafic Hariri အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။
အဆိုပါ ထောက်ပံ့ရေးပစ္စည်း၏ စုစုပေါင်းအလေးချိန်မှာ ၅၈ တန်ဖြစ်ပြီး၊ မေ့ဆေး (သို့) ထုံဆေးများ၊ တစ်ခါသုံး အသက်ရှူပိုက်များနှင့် ခွဲစိတ်ခန်းသုံး ၀တ်စုံများစသည့် လက်ဘနွန်နိုင်ငံတွင် အရေးပေါ်လိုအပ်နေသည့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပါဝင်ကြောင်း လက်ဘနွန်နိုင်ငံရှိ တရုတ်သံရုံး၏ အဆိုအရ သိရသည်။
လက်ဘနွန်နိုင်ငံ အစိုးရ၏ မေတ္တာရပ်ခံချက်အရ တရုတ်နိုင်ငံ အစိုးရသည် လက်ဘနွန်နိုင်ငံသို့ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျန်းမာရေးဆိုင်ရာအထောက်အပံ့ပစ္စည်း ပေးအပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း တရုတ်နိုင်ငံနိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (CIDCA) ၏ ပြောရေးဆိုခွင့်ရှိသူက မကြာသေးမီက ပြောကြားခဲ့သည်။ (Xinhua)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ရှိ Rafic Hariri အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းကို လေယာဉ်ပေါ်မှ သယ်ယူနေသည့် ဝန်ထမ်းများအား အောက်တိုဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………..
(Chinese Version)
58吨中国援助黎巴嫩医疗物资抵达贝鲁特
新华社贝鲁特10月21日电(记者王尚 谢昊)当地时间10月21日上午,中国援助的紧急人道主义医疗物资运抵黎巴嫩贝鲁特拉菲克·哈里里国际机场。
据中国驻黎巴嫩大使馆介绍,这批物资总重58吨,包含麻醉剂、一次性使用气管插管、手术衣等多项黎巴嫩急需的医疗物资。
中国国家国际发展合作署新闻发言人近日表示,应黎巴嫩政府请求,中国政府决定向黎巴嫩提供紧急人道主义医疗物资援助。(完)
图说 1:10月21日,在黎巴嫩贝鲁特拉菲克·哈里里国际机场,中国驻黎巴嫩大使钱敏坚(左)出席物资交接仪式。
图说 2:10月21日,在黎巴嫩贝鲁特拉菲克·哈里里国际机场,工作人员将医疗物资从飞机上卸下。