Connect with us

Africa & Middle East

အီရန်ကို လေကြောင်းတိုက်ခိုက်မှုမပြုလုပ်မီ အစ္စရေးက “အသိပေးခဲ့” ကြောင်း အစ္စရေးမီဒီယာက ဖော်ပြ

အီရန်အား တိုက်ခိုက်နေစဉ်ကာလတွင်း အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟု (အလယ်၊ ဝဲဘက်)၊ ကာကွယ်ရေးဝန်ကြီး Gallant (အလယ်၊ ယာဘက်) နှင့် အကြီးတန်း ကာကွယ်ရေးတပ်မှူးများကို အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ ကာကွယ်ရေးတပ်ဌာနချုပ်တွင် အောက်တိုဘာ ၂၆ ရက်က ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံ၌ တွေ့ရစဉ် (ဓာတ်ပုံ- အစ္စရေးအစိုးရ ပြန်ကြားရေးရုံး )

ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
အစ္စရေးက အောက်တိုဘာ ၂၆ ရက် နံနက်အစောပိုင်းတွင် အီရန်ကို လက်တုံ့ပြန်လေကြောင်းတိုက်ခိုက်မှုမပြုလုပ်မီ ၎င်းတိုက်ခိုက်မည့်ပစ်မှတ်အမျိုးအစားများကို အီရန်အား “အသိပေးခဲ့” ကြောင်း အဆိုပါနေ့တွင် အစ္စရေးမီဒီယာက ဖော်ပြခဲ့သည်။
အစ္စရေးသည် အောက်တိုဘာ ၂၅ ရက်တွင် တတိယပါတီများမှတစ်ဆင့် အီရန်ထံသို့ စကားပါးခဲ့ကာ “မည်သည့်ပစ်မှတ်များကိုတိုက်ခိုက်မည်နှင့် မည်သည့်ပစ်မှတ်များကို တိုက်ခိုက်မည်မဟုတ်ကြောင်း” ဖော်ပြခဲ့ပြီး တစ်ချိန်တည်းမှာပင် အီရန်ကို ပြန်တိုက်ခိုက်ခြင်းမပြုရန်၊ သို့မဟုတ်လျှင် အစ္စရေးဘက်မှ ပိုမိုကြီးမားသော အတိုင်းအတာဖြင့် လက်တုံ့ပြန်လိမ့်မည်ဟု သတိပေးခဲ့ကြောင်း《The Jerusalem Post》သတင်းဌာနက အမည်မဖော်လိုသည့် သတင်းရင်းမြစ် ၃ ဦး၏ ပြောကြားချက်ကိုကိုးကား၍ သတင်းထုတ်ပြန်ခဲ့သည်။
အစ္စရေးစစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုကို ၃ သုတ် ခွဲ၍ အီရန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ဒုံးကျည်နှင့် ဒရုန်းအခြေစိုက်စခန်းများ၊ လက်နက်ထုတ်လုပ်သည့် စက်ရုံများကို ရှေ့ဆင့်နောက်ဆင့် တိုက်ခိုက်ကြောင်း သတင်းများအရ သိရသည်။
အီရန်၏ ဒုံးကျည်ထုတ်လုပ်ရေးနှင့် လေယာဉ်ပစ် ဒုံးကျည် အဆောက်အအုံများကို တိုက်ခိုက်ပြီးနောက် ၎င်း၏ ပစ်မှတ်မစ်ရှင်များ အောင်မြင်သွား၍ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နေသော အစ္စရေး တိုက်လေယာဉ်များ အားလုံး ဘေးကင်းစွာ ပြန်လာခဲ့ကြောင်း အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်က ပြောကြားခဲ့သည်။
အစ္စရေး၏ ယခုအကြိမ် တိုက်ခိုက်မှု အတိုင်းအတာသည် ဧပြီလက အီရန်ကို လက်တုံ့ပြန်သည့် လေကြောင်း တိုက်ခိုက်မှုထက် ပိုမို ကြီးမားသော်လည်း အီရန်ဘက်၏ သေဆုံး၊ ဒဏ်ရာရမှု နည်းပါးစေရန်နှင့် အခြေအနေ အရှိန်အဟုန် တစ်ဆင့်တိုးမြင့်လာခြင်းကို ရှောင်ရှားရန် အတတ်နိုင်ဆုံးကြိုးပမ်းခဲ့ကြောင်း အမေရိကန်《The Washington Post》သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
အစ္စရေးစစ်တပ်က တီဟီရန်၊ Khuzestan နှင့် Ilam ပြည်နယ်များရှိ စစ်ရေးပစ်မှတ်များကို ဦးတည်၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အားလုံးကို အောင်မြင်စွာကြားဖြတ်ဟန့်တားနိုင်ခဲ့ရာ အီရန်၏ ဆုံးရှုံးမှုမှာ “အကန့်အသတ်” ရှိကြောင်း အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သတင်းအေဂျင်စီ (IRNA) က အီရန်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ ကြေညာချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။ ထို့နောက် အီရန်စစ်တပ်က အစ္စရေး၏ တိုက်ခိုက်မှုအတွင်း စစ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
အီရန်နိုင်ငံ၏ ရေနံအဆောက်အအုံများ ပျက်စီးခြင်းမရှိကြောင်း၊ နိုင်ငံတစ်ဝန်း ဓာတ်အားလိုင်းကွန်ရက်များ ပုံမှန်လည်ပတ်နေပြီး လေကြောင်းတိုက်ခိုက်မှုအပြီးတွင် တီဟီရန်မြို့ နေထိုင်မှုဘဝမှာ ပုံမှန်ပင်ဖြစ်ကြောင်း အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သတင်းအေဂျင်စီ (IRNA) က ဖော်ပြခဲ့သည်။ ပြည်သူများအား စိတ်အေးအေးထားကြရန်၊ စည်းစည်းလုံးလုံး ရှိကြရန်နှင့် ရန်သူ့မီဒီယာများ၏ ကောလာဟလများကို နားမယောင်ရန် အီရန် လေကြောင်းကာကွယ်ရေးတပ်ဖွဲ့က ကြေညာချက်တွင် တိုက်တွန်းခဲ့သည်။
အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုလှုပ်ရှားမှုများကို အမေရိကန်က ကြိုတင်သိထားပြီး သမ္မတ ဂျိုးဇက်ဘိုင်ဒန်က သက်ဆိုင်ရာ အစီရင်ခံစာများကို နားစွင့်နေကြောင်း အမေရိကန် အရာရှိများ၏ ပြောကြားချက်ကိုကိုးကားပြီး《The Washington Post》က ဖော်ပြခဲ့သည်။ အီရန်အပေါ် လက်တုံ့ပြန်မှုမှာ “ပစ်မှတ်ထားရှိပြီး သင့်လျော်မှုရှိပါစေ” ၊ “အရပ်သား သေဆုံးမှုအန္တရာယ်ကို လျှော့ချပါ”၊ “အခြေအနေ အရှိန်အဟုန် တစ်ဆင့်တိုးမြင့်လာခြင်းကို ရှောင်ရှားပါ” ဟု လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ဘိုင်ဒန်နှင့် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအဖွဲ့တို့က အစ္စရေးကို ဆက်တိုက် နားချနေကြသည်ဟု အမည်မဖော်လိုသော အမေရိကန်အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
အီရန်က ၎င်း၏နျူကလီးယားအဆောက်အအုံများ၊ ရေနံအဆောက်အအုံများ တိုက်ခိုက်ခံရပါက သို့မဟုတ် အရပ်သားများ သေဆုံးဒဏ်ရာရပါက အပြင်အထန် လက်တုံ့ပြန်မည်ဟု ယခင်က သတိပေးထားသည်။ အမေရိကန်နိုင်ငံသည် အစ္စရေး၏ အီရန်နျူကလီးယား အဆောက်အအုံများကို တိုက်ခိုက်ခြင်းအပေါ် မထောက်ခံကြောင်းနှင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအား ဖျက်ဆီးခြင်းအပေါ် ကို အားမပေးကြောင်း ယခုလအစောပိုင်းတွင် ဘိုင်ဒန်က ပြောကြားခဲ့သည်။
အီရန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများအား အစ္စရေး တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ အီရန်တွင် မိမိအား ကျူးကျော်ခြင်းရန်မှ ကာကွယ်ရန် “အခွင့်အရေးနှင့် တာဝန်” ရှိကြောင်းနှင့် တစ်ချိန်တည်းမှာပင် “၎င်း၏ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် တာဝန်များကို သတိပြုမိ” ကြောင်း အီရန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက အောက်တိုဘာ ၂၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)

အီရန်မြို့တော် တီဟီရန်၌ မော်တော်ယာဉ်များသွားလာနေသည်ကို အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………….
(Chinese Version)
以媒:以色列空袭前向伊朗“通气”
新华社北京10月26日电 以色列媒体26日披露,以色列当天凌晨向伊朗发动报复性空袭前曾向伊方“通气”,告知将打击目标的类型。
《耶路撒冷邮报》援引3名不愿公开身份的消息人士的话报道,以方25日通过多个第三方给伊方递话,表明“将打击哪些目标、不打击哪些目标”,同时警告伊方不要反击,否则以方会施以更大规模报复。
报道说,以军空袭分三波,先后打击伊朗防空系统、导弹和无人机基地、武器制造设施。
以色列国防军说,打击了伊朗导弹制造和防空导弹设施,达成了任务目标,执行空袭任务的以军战机全部安全返回。
另据美国《华盛顿邮报》报道,以色列这次打击规模大于4月那次对伊朗的报复性空袭,不过尽量减少伊方人员伤亡,避免局势进一步升级。
伊朗伊斯兰共和国通讯社援引伊朗防空部队声明报道,以方空袭针对德黑兰、胡齐斯坦和伊拉姆省的军事目标,都被成功拦截,伊方所受损失“有限”。伊朗军方稍后说,2名士兵在以方袭击中死亡。
伊朗伊斯兰共和国通讯社报道,伊朗的石油设施没有受损,全国电网正常运行,空袭后德黑兰生活正常。伊朗防空部队在声明中呼吁民众保持冷静、团结,“不要听信敌方媒体的谣言”。
《华盛顿邮报》援引美国官员的话报道,美方事先知道以方空袭行动,总统约瑟夫·拜登一直在听取相关报告。一名不愿公开姓名的美国高级官员说,拜登及白宫国家安全团队过去数周一直劝说以方,对伊朗的报复应“有目标且适当”,“减少平民伤亡风险”,“以避免局势进一步升级”。
伊朗此前警告,如果其核设施、石油设施遭袭或出现平民伤亡,将进行强烈报复。拜登本月早些时候表示,美国不支持以色列打击伊朗核设施,也不鼓励以色列破坏伊朗能源设施。
伊朗外交部26日发表声明,强烈谴责以色列袭击伊朗军事设施,强调伊朗“有权利和义务”保护自己免受侵略,同时“意识到其对地区和平与安全的责任”。(惠晓霜)
图说1:这张10月26日发布的照片显示,在对伊朗袭击期间,以色列总理内塔尼亚胡(中左)、国防部长加兰特(中右)以及国防军高级指挥人员坐在位于特拉维夫的国防军总部内。新华社发(以色列政府新闻办公室供图)
图说2:10月26日,车辆行驶在伊朗首都德黑兰街头。新华社记者沙达提摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.