Connect with us

Asia

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြား

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရုံးချုပ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ရှိဂဲရု အီရှီဘာ (ဝဲဘက်မှ ပထမ) မိန့်ခွန်းပြောကြားနေသည်ကို အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Pool )

တိုကျို၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ရှိဂဲရု အီရှီဘာက အောက်လွှတ်တော် ရွေးကောက်ပွဲတွင် အာဏာရညွန့်ပေါင်းအဖွဲ့ ရှုံးနိမ့်ခဲ့ခြင်းနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ရလဒ်ကို ၎င်း၏စိတ်ရင်းမှန်ဖြင့် လက်ခံကြောင်း၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေသစံတော်ချိန် အောက်တိုဘာ ၂၈ ရက် နေ့လယ် ၂ နာရီတွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဌာနချုပ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ရှိဂဲရု အီရှီဘာက သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခြင်း ရှိ၊ မရှိကို တိုက်ရိုက် ပြောကြားခြင်းမရှိခဲ့သော်လည်း ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ဘတ်ဂျက်နှင့် ၂၀၂၅ ဘဏ္ဍာနှစ် ဘတ်ဂျက်တို့ကို ဆက်လက်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက အတိအလင်း ပြောကြားခဲ့သည်။ ဤထုတ်ပြန်ချက်သည် ၎င်းအနေဖြင့် အာဏာဆက်လက်တည်မြဲလိုကြောင်း ဖော်ပြနေသည်ဟု ဂျပန်မီဒီယာတွေက သုံးသပ်ကြသည်။
“နိုင်ငံရေးငွေမည်း” ကိစ္စသည် အာဏာရညွန့်ပေါင်းအဖွဲ့ ယခုအကြိမ် အထွေထွေရွေးကောက်ပွဲတွင် ဆိုးရွားစွာ ရှုံးနိမ့်ရခြင်း၏ အရေးကြီးသော အကြောင်းရင်းတစ်ရပ်ဖြစ်သည်။ ရှိဂဲရု အီရှီဘာက နက်နက်ရှိုင်းရှိုင်း ပြန်လည်ဆန်းစစ်ပြီး လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအတွင်း ပြုပြင်ပြောင်းလဲမှုများကို လက်တွေ့ကျ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ အပြောင်းအလဲများကို ပြည်သူတို့ အမှန်တကယ်ခံစားသိရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ယခုအကြိမ်ရွေးကောက်ပွဲတွင် အမတ်နေရာပိုမိုရရှိခဲ့သော အတိုက်အခံပါတီထံမှလည်း သင်ခန်းစာယူပြီး ၎င်းတို့၏ ကျိုးကြောင်းဆီလျော်သော အဆိုပြုချက်များကို လေ့လာသင်ယူမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပြည်သူများ အာရုံစိုက်နေသော အထွေထွေရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် အခြားအတိုက်ခံပါတီများနှင့် ထပ်မံလက်တွဲအုပ်ချုပ်မည်လားဆိုသည့်မေးခွန်းနှင့် အီရှီဘာက လက်ရှိတွင် အခြားနိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်းနှင့် မူဝါဒအသီးသီး ချမှတ်ခြင်း၊ ဖော်ဆောင်ခြင်းအပေါ် အာရုံစူးစိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဂျပန်အောက်လွှတ်တော် ရွေးကောက်ပွဲသည် အောက်တိုဘာ ၂၇ ရက် ညပိုင်းက ပြီးဆုံးခဲ့သည်။ ဂျပန်နိုင်ငံ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ကြောင်း၊ ခိုမေတိုပါတီနှင့် ဖွဲ့စည်းထားသော အာဏာရညွန့်ပေါင်းအဖွဲ့ သည် ၂၀၀၉ ခုနှစ်မှစ၍ အမတ်နေရာရရှိမှုတွင် ပထမဆုံးအကြိမ် ထက်ဝက် မကျော်ခဲ့ခြင်း ဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက် နံနက်အစောပိုင်း၌ ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲရလဒ်များအရ သိရသည်။ ဂျပန်နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အထွေထွေရွေးကောက်ပွဲအပြီး ရက်ပေါင်း ၃၀ အတွင်း အထူးလွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပရမည်ဟု ပြဋ္ဌာန်းထားသည်။
ထိုအချိန်တွင် လက်ရှိ အီရှီဘာအစိုးရအဖွဲ့သည် အစုလိုက်အပြုံလိုက် ရာထူးမှ နုတ်ထွက်မည်ဖြစ်ပြီး အသစ်ရွေးချယ်ခံထားသော အမတ်များ ပါဝင်သည့် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့က လာမည့် ၀န်ကြီးချုပ် အမည်စာရင်းကို တင်သွင်းမည်ဖြစ်သည်။ အကယ်၍ ရှိဂဲရု အီရှီဘာမှ ဆက်လက် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံရပါက ဒုတိယအကြိမ် အီရှီဘာအစိုးရအဖွဲ့ တည်ထောင်မည် ဖြစ်ကာ အကယ်၍ ဝန်ကြီးချုပ် အပြောင်းအလဲဖြစ်မည်ဆိုပါက ရှိဂဲရု အီရှီဘာသည် ဂျပန်စစ်ပြီးခေတ်နောက်ပိုင်း သက်တမ်းအတိုဆုံး ဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရုံးချုပ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ရှိဂဲရု အီရှီဘာ မိန့်ခွန်းပြောကြားပြီးနောက် စင်ပေါ်ရှိ အမတ်များထံ ဦးညွှတ်နေသည်ကို အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Pool )

…………………………………
(Chinese Version)
日本首相石破茂表示将继续进行政治改革
新华社东京10月28日电(记者郭丹 姜俏梅)当地时间28日14时,日本首相、自民党总裁石破茂在自民党总部召开记者会,就执政联盟在众议院选举中败北表示诚挚接受选举结果,将继续进行政治改革。
石破茂在记者会上没有直接表示是否会辞任首相。但他明确表示,将继续做好2024财年的补充预算及2025财年预算。日媒分析说,这一表态表露了他将继续执政的意愿。
“政治黑金”问题是执政联盟在此次大选中惨败的重要原因。石破茂表示会深刻反省,并将在自民党内部切实实施改革,希望未来人们能够切实感受到自民党的变化。同时,也将向在这次选举中议席增加的在野党学习,吸收对方合理主张。
针对民众关心的大选失败后会否再联合其他在野党一起执政,石破茂明确表示,当下不谋求与其他政党合作,将集中精力做好各项政策的制定和实施。
日本国会众议院选举10月27日晚结束。28日凌晨揭晓的选举结果显示,日本自民党惨败,与公明党结成的执政联盟所获议席自2009年以来首次未过半数。日本宪法规定,大选后30天内必须召集特别国会。届时,现任石破内阁将集体辞职,由新当选议员组成的众议院和参议院提名下一任首相。如果石破茂实现连任,将成立第二届石破内阁;如果首相换人,石破茂有可能成为日本战后在任时间最短的首相。(完)
图说1:10月28日,日本首相、自民党总裁石破茂(左一)在日本东京自民党总部举行的记者会上讲话。新华社发(Pool图片,金敬勋摄)
图说2:10月28日,在日本东京自民党总部,日本首相、自民党总裁石破茂结束在记者会上的讲话后向台上议员鞠躬。新华社发(Pool图片,金敬勋摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.