Africa & Middle East
UNRWA လှုပ်ရှားမှုများကို တားမြစ်ခြင်းက ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှုစနစ် ပြိုလဲသွားနိုင်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ပြောကြား
ပေကျင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ (UNRWA) ၏ သက်ဆိုင်ရာလှုပ်ရှားမှုများ လုပ်ဆောင်ခြင်းအပေါ် တားမြစ်သည့် အစ္စရေးလွှတ်တော်က မကြာသေးမီက အတည်ပြုခဲ့သည့် ဥပဒေကြမ်းကို တုံ့ပြန်သည့်အနေဖြင့် ကုလသမဂ္ဂအေဂျင်စီ အများအပြားက ကြေညာချက်များဆက်တိုက်ထုတ်ပြန်၍ ကန့်ကွက်ခဲ့ကြကြောင်း၊ UNRWA ၏ လုပ်ဆောင်မှုများသည် အစားထိုး၍မရနိုင်ကြောင်းနှင့် အဆိုပါအေဂျင်စီ၏လှုပ်ရှားမှုများကို တားမြစ်ခြင်းသည် ဂါဇာကမ်းမြောင်ဒေသ၏ လူသားချင်းစာနာထောက်ထားမှုစနစ် ပြိုလဲသွားစေနိုင်သည်ဟု အလေးပေးဖော်ပြခဲ့ကြောင်း ဆင်ဟွာသတင်းဌာန၏ နိုင်ငံခြားသတင်းထောက်များ၏ စုစည်းဖော်ပြသတင်းများအရ သိရသည်။
အောက်တိုဘာ ၂၉ ရက် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂရုံးတွင် ပုံမှန်သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပြီး ကုလသမဂ္ဂအေဂျင်စီအများအပြားက အစ္စရေး၏လုပ်ရပ်ကို ကန့်ကွက်ကြောင်း ဖော်ပြခဲ့ကြသည်။ မကြာသေးမီဆယ်စုနှစ်များအတွင်း UNRWA သည် ဂါဇာကမ်းမြောင်စသည့် နေရာများရှိ ဒေသခံပြည်သူများအား ပညာရေး၊ ကျန်းမာရေးစသည့် အခြေခံလူနေမှုဘဝဝန်ဆောင်မှုများ ပေးအပ်ခဲ့သလို ဒေသခံပြည်သူများ၏ လူနေမှုဘဝအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ UNRWA သည် “လုံးဝ မရှိမဖြစ်” ဖြစ်ကြောင်း ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ညွှန်ကြားရေးမှူးချုပ် Amy Pope က ပြောကြားခဲ့သည်။
အကယ်၍ UNRWA လုပ်ငန်းမလည်ပတ်နိုင်ပါက ဂါဇာ၏ လူသားချင်းစာနာထောက်ထားမှုစနစ် ပြိုလဲသွားသည်ကို တွေ့နိုင်မည်ဟု ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ပြောရေးဆိုခွင့်ရှိသူ James Elder က ပြောကြားခဲ့သည်။
ပါလက်စတိုင်းများအတွက် အစ္စရေး၏ ဆုံးဖြတ်ချက်သည် မှားယွင်းကြောင်း၊ “တကယ်လို့ ဒီဆုံးဖြတ်ချက်ကို လက်တွေ့အကောင်အထည်ဖော်လိုက်ရင် ဂါဇာကမ်းမြောင်ဒေသဟာ ပိုမို ပြင်းထန်တဲ့ ‘စုပေါင်းဒဏ်ခတ်မှု’ ကို ခံစားရလိမ့်မယ်” ဟု လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ပြောရေးဆိုခွင့်ရှိသူ Jens Laerke က ပြောကြားခဲ့သည်။
အကယ်၍ UNRWA မရှိပါက ဂါဇာကမ်းမြောင်ဒေသရှိ လူဦးရေအများစုအတွက် စားနပ်ရိက္ခာ၊ နေထိုင်ရာနေရာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးစသည့် ဝန်ဆောင်မှုများပေးအပ်ခြင်း ရပ်တန့်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ပြောရေးဆိုခွင့်ရှိသူ Jeremy Laurence က ပြောကြားခဲ့သည်။
UNRWA သည် လွန်ခဲ့သည့်ဆယ်စုနှစ်များတစ်လျှောက် ပါလက်စတိုင်းတို့အတွက် အစားထိုး၍မရသော “အသက်သွေးကြော” ဖြစ်ကြောင်း၊ အစ္စရေးလွှတ်တော်၏ ဆုံးဖြတ်ချက်သည် UNRWA ကို မှီခိုနေရသော ပြည်သူအားလုံး၏ အသက်နှင့် ကျန်းမာရေးကို ခြိမ်းခြောက်ခြင်းဖြစ်သလို ဆိုးရွားသော အကျိုးဆက်များ ရှိလာမည်ဖြစ်ပြီး ယင်းမှာ သည်းခံ၍ မရနိုင်ကြောင်း အောက်တိုဘာ ၂၈ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က လူမှုမီဒီယာပလက်ဖောင်း၌ ပြောကြားခဲ့သည်။
ထို့အပြင် ပြင်သစ်၊ ဂျာမနီ၊ ပိုလန်၊ စလိုဗေးနီးယားစသည့် နိုင်ငံများကလည်း ကြေညာချက်များ ထုတ်ပြန်ခဲ့ပြီး သက်ဆိုင်ရာ ဥပဒေကြမ်းများကို အတည်ပြုလိုက်ခြင်းသည် ဂါဇာကမ်းမြောင်ဒေသ စသည့်နေရာများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လုပ်ဆောင်ခြင်းအတွက် ပြင်းထန်သော အကျိုးဆက်များ ဖြစ်လာနိုင်သည်ဟု ဖော်ပြခဲ့ကြသည်။
အစ္စရေး လွှတ်တော်သည် အောက်တိုဘာ ၂၈ ရက်တွင် ဥပဒေကြမ်းနှစ်ခုကို အတည်ပြုခဲ့ကြောင်း၊ ၎င်းတို့အနက် ပထမအချက်မှာ UNRWA အား လာမည့်နှစ်တွင် အစ္စရေး၌ မည်သည့်လှုပ်ရှားမှုများ လုပ်ဆောင်ခြင်း သို့မဟုတ် ဝန်ဆောင်မှုများ ပေးဆောင်ခြင်းမှ တားမြစ်ထားကြောင်း၊ ထို့နောက် အတည်ပြုခဲ့သော ဒုတိယဥပဒေမူကြမ်းမှာ အစ္စရေးနှင့် UNRWA အကြား တရားဝင်အဆက်အသွယ် ဖြတ်တောက်ခြင်းနှင့် သက်ဆိုင်ကြောင်း သိရသည်။ (Xinhua)
………………………
(Chinese Version)
国际组织:禁止近东救济工程处活动或致加沙人道主义系统崩溃
新华社北京10月29日电 综合新华社驻外记者报道:针对以色列议会日前通过禁止联合国近东巴勒斯坦难民救济和工程处(近东救济工程处)开展有关活动的相关法案,联合国多个机构接连发声表示反对,强调近东救济工程处的工作无法被取代,禁止该机构的活动或将导致加沙地带人道主义系统崩溃。
联合国日内瓦办事处29日举行例行记者会,多个联合国机构对以方行为提出反对。国际移民组织总干事艾米·波普表示,近几十年来,近东救济工程处在加沙等地为当地居民提供了教育、医疗等基本生活服务,对当地居民的生活起到至关重要作用,近东救济工程处“绝对必不可少”。
联合国儿童基金会发言人詹姆斯·埃尔德表示,如果近东救济工程处无法运作,人们很可能会看到加沙的人道主义系统崩溃。
联合国人道主义事务协调厅发言人延斯·莱克表示,对巴勒斯坦人来说,以色列的决定是错误的,“如果该决定付诸实施,加沙地带将遭受更严重的‘集体惩罚’” 。
联合国人权事务高级专员办事处发言人杰里米·劳伦斯表示,如果没有近东救济工程处,向加沙地带大部分人口提供食物、住所、医疗保健、教育等服务将陷入停滞。
世界卫生组织总干事谭德塞28日在社交媒体平台上说,近东救济工程处是过去几十年来巴勒斯坦人不可替代的“生命线”。以色列议会的决定威胁到所有依赖近东救济工程处生活的民众的生命和健康,将产生毁灭性后果,这是不能容忍的。
此外,法国、德国、波兰、斯洛文尼亚等国也纷纷表态,表示相关法案的通过将对加沙地带等地的人道主义援助工作带来严重后果。
以色列议会28日通过两项法案,其一是禁止近东救济工程处明年在以色列开展任何活动或提供任何服务,随后通过的第二项法案是关于断绝以色列与近东救济工程处的官方接触。(完)
图说:这是10月29日在加沙地带汗尤尼斯拍摄的一处联合国近东巴勒斯坦难民救济和工程处开设的避难所。