Connect with us

Africa & Middle East

အရှေ့အလယ်ပိုင်းတွင် တပ်စွဲထားသော အမေရိကန်တပ်များကို “အပြင်းအထန် တိုက်ခိုက်” နိုင်ကြောင်း အီရန် သတိပေး

အစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ်များက ကြားဖြတ်ဟန့်တားခဲ့သော ဒုံးကျည်များ ဂျေရုဆလမ်မြို့ ဝေဟင်ပေါ်မှ ဖြတ်သန်းသွားသည်ကို အောက်တိုဘာ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
အမေရိကန် စသည့် အစ္စရေး မဟာမိတ်များက အစ္စရေးအားလက်တုံ့ပြန်ရန် ကူညီပါက အရှေ့အလယ်ပိုင်းဒေသရှိ ၎င်း၏တပ်များနှင့် အကျိုးစီးပွားများသည် အီရန်၏ “အပြင်းအထန် တိုက်ခိုက်မှု” ကို ခံရမည်ဖြစ်ကြောင်း အီရန်က အောက်တိုဘာ ၁ ရက်တွင် အစ္စရေးကို ဒုံးကျည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ခဲ့ပြီးနောက် သတိပေးပြောကြားခဲ့သည်။

“အမေရိကန် စတဲ့ အစ္စရေးကို ထောက်ခံနေတဲ့ နိုင်ငံတွေက အီရန်ကို တိုက်ရိုက်ဝင်ရောက်စွက်ဖက်ခြင်း၊ ကျူးကျော်ရန်စခြင်း ပြုလုပ်ပါက အရှေ့အလယ်ပိုင်းရှိ သူတို့ရဲ့ အခြေစိုက်စခန်းတွေနဲ့ အကျိုးစီးပွားတွေက အီရန် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အပြင်းအထန် တိုက်ခိုက်မှုတွေ ရင်ဆိုင်ရမှာဖြစ်တယ်” ဟုအီရန်လက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးချုပ်ရုံး၏ ကြေညာချက်ကိုကိုးကား၍ အီရန်နိုင်ငံ Tasnim သတင်းအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။
အီရန်သည် အစ္စရေးနှင့် စစ်မျက်နှာဖွင့်ရန် ရည်ရွယ်ချက်မရှိသော်လည်း ၎င်း၏ မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ကိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အစ္စရေး၏ လတ်တလော တသီတတန်းလုပ်ဆောင်ချက်များကိုလက်တုံ့ပြန်သည့်အနေဖြင့် အောက်တိုဘာလ ၁ ရက် ညပိုင်းတွင် အစ္စရေးသို့ ပဲ့ထိန်းဒုံးကျည် အများအပြား ပစ်လွှတ်ခဲ့ကြောင်း အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ကအဆိုပါနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အီရန်မှ ပဲ့ထိန်းဒုံးကျည် ၁၈၀ ကျော် ပစ်လွှတ်ခဲ့သည်ဟု အစ္စရေးစစ်တပ်ဘက်က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဇက်ဘိုင်ဒန်သည် အီရန်၏တိုက်ခိုက်မှုကို အစ္စရေး ခုခံကာကွယ်ရာတွင် အကူအညီပေးရန်နှင့် အစ္စရေးကိုပစ်မှတ်ထားသည့် ဒုံးကျည်များကို ပစ်ချရန် အမေရိကန်စစ်တပ်အား အမိန့်ပေးခဲ့သည်ဟု အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ၏ စက်တင်ဘာ ၁ ရက် သတင်းအရ သိရသည်။ အီရန်သည် အစ္စရေးကို ပဲ့ထိန်းဒုံးကျည် အစင်း ၂၀၀ နီးပါး ပစ်လွှတ်ခဲ့ရာ အများစုမှာ ဝေဟင်၌ပင် အစ္စရေးလေကြောင်း ကာကွယ်ရေးစနစ်များ၏ ကြားဖြတ်ဟန့်တားမှုကို ခံခဲ့ရသော်လည်း “ဆုံးရှုံးမှုအနည်းငယ်” ဖြစ်ပွားခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ Pat Ryder က စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

မြေထဲပင်လယ်တွင် ဖြန့်ကြက်ထားသော အမေရိကန်စစ်သင်္ဘောနှစ်စင်းသည် အီရန်ဒုံးကျည်များကို အစ္စရေး ကြားဖြတ်ဟန့်တားရာတွင် ကူညီရန် လေယာဉ်ပစ်ဒုံးကျည် တစ်ဒါဇင်ကျော်ကို ပစ်ခတ်ခဲ့သော်လည်း ပစ်မှတ်ကို ထိမှန်ခြင်း ရှိ၊ မရှိ မသေချာကြောင်း Ryder က ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံကာကွယ်ရေးဝန်ကြီး Lloyd Austin သည် အစ္စရေးနိုင်ငံ ကာကွယ်ရေးဝန်ကြီး Yoav Gallant နှင့် ဖုန်းခေါ်ဆိုခဲ့ပြီး အမေရိကန်ဘက်က အစ္စရေး၏ ခုခံကာကွယ်ရေးအတွက် အခိုင်အမာဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ဗြိတိန်စစ်တပ်က “အရှေ့အလယ်ပိုင်းမှာ အခြေအနေပိုမိုဆိုးရွားလာမှုကို ဟန့်တားရာမှာ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ခဲ့တယ်” ဟု ဗြိတိန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး John Healey က ပြောကြားခဲ့သော်လည်း ဗြိတိန်စစ်တပ်၏ တိကျသော လုပ်ဆောင်မှုများကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။

အီရန်၏ စစ်ရေးလှုပ်ရှားမှုများ ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ အစ္စရေးဘက်က လက်တုံ့ပြန်ပါက အီရန်၏ တုံ့ပြန်မှုမှာ ပိုမို “ပြင်းထန်၍ အားကောင်း” မည်ဖြစ်ကြောင်း အီရန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က ပြောကြားခဲ့သည်။ (Xinhua)
…………………………………….
(Chinese Version)
伊朗警告或“猛烈打击”美国在中东驻军
新华社北京10月2日电 伊朗10月1日对以色列发动大规模导弹袭击后警告说,如果美国等以色列盟友帮助以方报复,其在中东地区的驻军和利益将受到伊方“猛烈打击”。
伊朗塔斯尼姆通讯社援引伊朗武装部队总参谋部声明报道:“如果美国等支持以色列的国家发动直接干涉、侵犯伊朗,它们在中东的基地和利益将面临伊朗武装力量部队猛烈打击。”
声明说,伊朗无意与以色列开战,但会行使自卫权。
伊朗伊斯兰革命卫队1日发表声明说,伊朗当晚向以色列发射大量弹道导弹,以报复以色列近期的一系列行为。以色列军方说,伊朗发射超过180枚弹道导弹。
据美国国家安全委员会1日消息,美总统约瑟夫·拜登已下令美军协助以色列防御伊朗袭击,并击落针对以色列的导弹。美国防部发言人帕特·赖德1日说,伊朗向以色列发射近200枚弹道导弹,多数在空中被以方防空系统拦截,但也造成“轻微损失”。
赖德说,部署在地中海水域的两艘美国军舰发射十多枚防空导弹,帮助以色列拦截伊朗导弹,但不清楚是否击中目标。美国防部长劳埃德·奥斯汀已与以色列防长约亚夫·加兰特通话,强调美方将继续坚定支持以色列防卫。
英国国防大臣约翰·希利说,英军“在防止中东局势进一步升级中发挥了作用”,但他没有披露英军具体行动。
伊朗外交部长赛义德·阿巴斯·阿拉格齐2日在社交媒体上表示,伊朗的军事行动已经结束,如果以方采取报复行动,伊朗的反应将会更加“猛烈和有力”。(惠晓霜)
图说:10月1日,以军防空系统拦截的发射物从耶路撒冷上空飞过。新华社记者陈君清摄