Connect with us

Europe

ဖင်လန်နိုင်ငံက ရုရှား၏ မရွှေ့ပြောင်းနိုင်သောပစ္စည်းများအား သိမ်းယူ၊ ရုရှားက ဥပဒေနည်းလမ်းဖြင့် တုံ့ပြန်မည်ဟု ပြောကြား

ရုရှားနိုင်ငံ မြို့တော် မော်စကိုတွင် မော်စကို မြစ်ကမ်းနှစ်ဖက် ရှုခင်းကို မေလ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

ဖင်လန်နိုင်ငံသည် ၎င်း၏ပိုင်နက်အတွင်းရှိ ရုရှားအစိုးရပိုင်ဆိုင်သည့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများအား သိမ်းယူခဲ့ကြောင်း ဖင်လန်မီဒီယာများ၏ မကြာသေးမီက ဖော်ပြချက်အရ သိရသည်။ ဖင်လန်နိုင်ငံ အစိုးရက သိမ်းယူမှုနှင့်ပတ်သက်၍ ရုရှားအား တရားဝင်အကြောင်းကြားခြင်းမရှိကြောင်း၊ ဖင်လန်နိုင်ငံမှ ယင်းအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပေးရန် တောင်းဆိုခဲ့ပြီး ရုရှား၏အခွင့်အရေးနှင့် အကျိုးစီးပွားများကို သက်ဆိုင်ရာ ဥပဒေနည်းလမ်းများဖြင့် ကာကွယ်ရန်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ အစိုးရက အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ဖင်လန်နိုင်ငံ မြို့တော် ဟယ်လ်ဆင်ကီမြို့ရှိ ရုရှားသိပ္ပံနှင့် ယဉ်ကျေးမှုစင်တာ ရုံးခန်းအဆောက်အအုံ မြေကွက် အပါအဝင် ဖင်လန်နိုင်ငံပိုင်နက်အတွင်းရှိ ရုရှားအစိုးရပိုင် မရွှေ့ပြောင်းနိုင်သောပစ္စည်းများအား ဖင်လန်နိုင်ငံက သိမ်းယူခဲ့ကြောင်း၊ ရုရှားနိုင်ငံက သက်ဆိုင်ရာ တရားဝင် အကြောင်းကြားစာကို မရရှိခဲ့ဖူးကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က အဆိုပါနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဖင်လန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးက အထက်ပါအခြေအနေများကို ရှင်းလင်းပေးရန် ဖင်လန်နိုင်ငံခြားရေး ဝန်ကြီးဌာနအား တောင်းဆိုခဲ့ပြီး ရုရှားနိုင်ငံမှ တစ်ဖက်နိုင်ငံ၏ ပြန်လည်ဖြေကြားမှု လက်ခံရရှိပြီးနောက် ဥပဒေအရ အကဲဖြတ်မှု ပြုလုပ်မည်ဖြစ်၍ “မည်သည့်တရားမ၀င် ဆုံးဖြတ်ချက်များကိုမျှ တုံ့ပြန်ခြင်းမရှိဘဲ နေမည်မဟုတ်” ဟု ပြောကြားခဲ့သည်။

ယူကရိန်းရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ၏ တောင်းဆိုမှုအရ ဖင်လန်နိုင်ငံဘက်က အောက်တိုဘာ ၂၄ ရက်တွင် ဟယ်လ်ဆင်ကီမြို့ရှိ ရုရှားသိပ္ပံနှင့် ယဉ်ကျေးမှုစင်တာကို သိမ်းယူခဲ့ကြောင်း《ဟယ်လ်ဆင်ကီ နေ့စဉ်သတင်း》က အောက်တိုဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ဖင်လန်နိုင်ငံဘက်မှ ရုရှားနိုင်ငံပိုင် မရွှေ့ပြောင်းနိုင်သောပစ္စည်း အနည်းဆုံး ၅ နေရာကိုလည်း သိမ်းယူခဲ့ကြောင်း အောက်တိုဘာ ၂၉ ရက်တွင် အဆိုပါသတင်းစာက ဆက်လက် သတင်းထုတ်ပြန်ခဲ့သည်။
ဖင်လန်နိုင်ငံမှ သိမ်းယူခဲ့သော ရုရှား၏ မရွှေ့ပြောင်းနိုင်သောပစ္စည်းများ၏ ထက်ဝက်သည် သံတမန်ရေးရာ ပိုင်ဆိုင်မှုဖြစ်ကြောင်း၊ သံရုံးမှ “ဖင်လန်နိုင်ငံ၏ နိုင်ငံတကာ ဥပဒေ ပြဋ္ဌာန်းချက်များကို ပြင်းထန်စွာ ချိုးဖောက်သည့် လုပ်ရပ်များအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဖော်ပြသည့် အကြောင်းကြားစာကို ဖင်လန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့ထားပြီးဖြစ်ကြောင်း” ဖင်လန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် ရုရှား၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ဥပဒေနည်းလမ်းအားလုံးကို အသုံးပြုမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၉ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ရုရှားနိုင်ငံ သမ္မတ၏ပြန်ကြားရေး အတွင်းဝန် Dmitry Peskov က ပြောကြားခဲ့သည်။
ဖင်လန်နိုင်ငံသည် ရုရှား၏ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို သိမ်းယူခြင်းက ယူကရိန်းနိုင်ငံစွမ်းအင်ကုမ္ပဏီလုပ်ငန်းများ၏ လျော်ကြေးတောင်းခံသည့် တရားစွဲဆိုမှုများကြောင့်ဖြစ်သည်ဟု ရိုက်တာ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားဒေသသည် ပြည်သူ့မဲဆန္ဒကောက်ခံရာ ယူကရိန်းမှ ခွဲထွက်ပြီး ရုရှားဖက်ဒရေးရှင်းသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။ ယူကရိန်းရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီများသည် ၂၀၁၆ ခုနှစ်တွင် ရုရှားက ခရိုင်းမီးယားကို သိမ်းပိုက်လိုက်စဉ်အတွင်း ၎င်းကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို အတင်းအဓမ္မ သိမ်းယူခဲ့၍ ၎င်းကုမ္ပဏီ ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်ဟု အကြောင်းပြကာ ရုရှားအား လျော်ကြေးတောင်းခံသည့် တရားစွဲဆိုမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဧပြီလတွင် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ တရားရုံးတစ်ခုက ယူကရိန်းအမှုနိုင်ကြောင်း တရားစီရင်ခဲ့ပြီး ရုရှားနိုင်ငံအား ယူကရိန်းနိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၄.၂၂ ဘီလီယံ လျော်ကြေးအပြင် အတိုးနှင့် တရားစွဲဆိုမှုစရိတ်များ ပေးဆောင်ရန် တောင်းဆိုခဲ့သည်။ ထိုစီရင်ချက်အပေါ် ရုရှားဘက်က အသိအမှတ်မပြုခဲ့ပေ။
“ရုရှားဘက်က လျော်ကြေးငွေပေးဖို့ ငြင်းဆိုခဲ့လို့ (ကုမ္ပဏီ) က ရရှိနိုင်တဲ့ ယန္တရားအားလုံးကို အသုံးပြုကာ ရုရှားရဲ့ နိုင်ငံရပ်ခြားရှိ ပိုင်ဆိုင်မှုတွေ တည်ရှိရာနေရာတွေမှာ လျော်ကြေးလိုက်လံ တောင်းခံမယ်” ဟု ယူကရိန်းနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Naftogaz ၏ CEO ဖြစ်သူ Oleksiy Chernyshov က ကြေညာချက်တစ်ခုတွင် ထုတ်ပြန်ခဲ့သည်။ အမေရိကန်နှင့် ဗြိတိန် နိုင်ငံတို့ကလည်း အလားတူ သိမ်းယူမှု အစီအမံများ ပြုလုပ်မည်ဟု သတင်းထုတ်ပြန်ချက်များအရ သိရသည်။

သက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်၍ ရုရှားနိုင်ငံပိုင်ဆိုင်မှုများ ထပ်မံသိမ်းယူမည်၊ မယူမည်နှင့် ပတ်သက်၍ မသေချာသေးကြောင်း ဖင်လန်နိုင်ငံ တရားရေးရဲတပ်ဖွဲ့ အကြီးအကဲ Virtanen က ဖင်လန် မီဒီယာများကို ပြောကြားခဲ့သည်။ (Xinhua)

………………………………
(Chinese Version)
芬兰没收俄不动产 俄称将以法律手段回应
新华社北京10月31日电 据芬兰媒体近日报道,芬方已没收境内多处俄罗斯政府名下不动产。俄罗斯政府29日表示,芬兰政府未曾就没收行动正式通知俄方,已要求芬方澄清情况,将采取相应法律手段捍卫俄方权益。
俄罗斯外交部发言人玛丽亚·扎哈罗娃当天发表声明说,芬兰境内部分俄罗斯国有不动产,包括位于芬兰首都赫尔辛基的俄罗斯科学文化中心办公楼所在地块被芬兰没收,俄方未曾收到相关正式通知。俄驻芬大使馆已要求芬兰外交部澄清上述情况,俄方将在收到对方答复后进行法律评估,“任何非法决策都不会没有回应”。
芬兰《赫尔辛基日报》28日报道,根据乌克兰石油天然气公司的诉讼请求,芬方24日没收位于赫尔辛基的俄罗斯科学文化中心。该报29日跟进报道说,芬兰方面还扣押了至少五处俄方所持不动产。
俄罗斯驻芬兰大使馆表示,遭芬方没收的俄方不动产半数属于外交资产,使馆“已向芬兰外交部发出照会,对芬兰方面严重违反国际法规定的行动表达强烈抗议。”
俄罗斯总统新闻秘书德米特里·佩斯科夫29日在记者会上说,俄“将运用一切法律手段捍卫俄方利益”。
据路透社报道,芬兰没收俄方不动产举措缘于乌克兰能源企业的索赔诉讼。2014年,克里米亚地区经公民投票决定脱离乌克兰、加入俄罗斯联邦。乌克兰石油天然气公司2016年以俄罗斯“吞并”克里米亚时征用该公司财产、对该公司造成损失为由,向俄方发起索赔诉讼。2023年4月,荷兰海牙一法庭裁定乌方胜诉,要求俄罗斯赔偿乌克兰石油天然气公司42.2亿美元,外加利息和诉讼费用。俄方不承认该裁决。
乌克兰石油天然气公司首席执行官阿列克西·切尔尼绍夫在一份声明中说:“由于俄方拒绝赔偿,(本公司)将利用一切可用机制,在俄方海外资产所在地追索赔偿。”据报道,美国、英国也会采取类似没收措施。
芬兰法警局局长阿基·维尔塔宁告诉芬兰媒体,相关调查仍在进行中,尚不确定是否会没收更多俄方资产。(胡浩东)
图说:这是5月11日在俄罗斯首都莫斯科拍摄的莫斯科河两岸风景。新华社记者曹阳摄