Connect with us

Africa & Middle East

လက်ဘနွန်တွင် ဘက်စုံစစ်ပွဲ ပေါက်ကွဲ ဖြစ်ပွားလာခြင်းကို ရှောင်ကြဉ်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တိုက်တွန်းပြောကြား

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရှေ့အလယ်ပိုင်းအခြေအနေ အရေးပေါ်အစည်းအဝေး ကျင်းပနေသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အရှေ့အလယ်ပိုင်းအရေး အရေးပေါ်အစည်းအဝေးကို အောက်တိုဘာ ၂ ရက်က ကျင်းပခဲ့သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က လက်ဘနွန်အခြေအနေမှာ စိုးရိမ်ဖွယ်ရာ ဖြစ်ပြီး ဘက်စုံစစ်ပွဲ ပေါက်ကွဲဖြစ်ပွားလာမှုကို လုံးဝရှောင်ကြဉ်ရမည် ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ပိုမိုနက်ရှိုင်းသည့် ပျက်သုဉ်းမှု နောက်ဆက်တွဲများ ဖြစ်ပွားလာနိုင်ကြောင်း ပြောကြားခဲ့သည်။

ဂူတာရက်စ်က လွန်ခဲ့သည့်နှစ် အောက်တိုဘာလမှစ၍ လက်ဘနွန်-အစ္စရေး နယ်စပ် “အပြာရောင်လိုင်း” ဒေသ အပြန်အလှန် ပစ်ခတ်သည့် အတိုင်းအတာ၊ နက်ရှိုင်းမှုနှင့် ပြင်းထန်မှုမှာ ပို၍ ကြီးမားကျယ်ပြန့်လာကြောင်း ပြောကြားခဲ့သည်။ လွန်ခဲ့သည့်ရက်သတ္တပတ်က ၎င်းအနေဖြင့် လုံခြုံရေးကောင်စီကို လက်ဘနွန်အခြေအနေပြောကြားသည့် အချိန်မှစ၍ လက်ဘနွန်နိုင်ငံ၏ အခြေအနေမှာ ပို၍ ဆိုးရွာလာကြောင်း၊ လက်ဘနွန် ဟစ်ဇ်ဘိုလာနှင့် အခြား နိုင်ငံမဟုတ်သည့် လက်နက်ကိုင်အဖွဲ့အစည်းများက အစ္စရေးကာကွယ်ရေးတပ်နှင့် နေ့စဉ်နီးပါး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိရာ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အမှတ် ၁၇၀၁ ကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ် အောက်တိုဘာလမှစ၍ လက်ဘနွန်-အစ္စရေး ပဋိပက္ခကြောင့် လက်ဘနွန်တွင် လူပေါင်း ၁,၇၀၀ ကျော် သေဆုံးခဲ့ပြီး အတည်ပြုထားသည့် အိုးအိမ်မဲ့ ဖြစ်ပွားနေသူပေါင်း ၃၄၆,၀၀၀ ကျော် ရှိရာ ဆီးရီးယားသို့ နယ်နိမိတ်ဖြတ်ကျော်သွားသူ ၁၂၈,၀၀၀ ခန့် ရှိကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။ အစ္စရေးတွင် လက်ဘနွန်ဟစ်ဇ်ဘိုလာက အစ္စရေးကို တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၉ ဦး သေဆုံးပြီး လူပေါင်း ၆၀,၀၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အောက်တိုဘာ ၁ ရက်တွင် အစ္စရေးအား အီရန် ဒုံးကျည်ဖြင့် အကြီးအကျယ်တိုက်ခိုက်ခဲ့မှုအပေါ် ဂူတာရက်စ်က “အပြင်းအထန် ရှုတ်ချ” ကြောင်း ပြောကြားခဲ့သည်။ ဤသို့တိုက်ခိုက်မှုသည် ပါလက်စတိုင်း ပြည်သူများ၏လုပ်ငန်း သို့မဟုတ် ထိုသူတို့၏ ခါးသီးလှသည့်ဒုက္ခကို ဖြေလျှော့ရာတွင် အထောက်အကူ မဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မကြာမီကာလများက ဖြစ်ပွားသည့် အခြေအနေက လက်ဘနွန်တွင် ရန်လိုသည့် လှုပ်ရှားမှုများကို ရပ်တန့်ရန်၊ လုံခြုံရေးကောင်စီ အမှတ် ၁၅၅၉ နှင့် အမှတ် ၁၇၀၁ ဆုံးဖြတ်ချက်ကို ဘက်စုံ လက်တွေ့ ဖော်ဆောင်ရန်၊ ရေရှည် ငြိမ်းချမ်းရေးကို ဖော်ဆောင်သည့် သံတမန်ရေး ကြိုးပမ်းမှုအတွက် လမ်းခင်းပေးရန် အချိန်ရောက်ပြီ ဖြစ်သည်ကို ဖော်ပြကြောင်း ဂူတာရက်စ်က အလေးထားပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ၎င်းက ဂါဇာကမ်းမြောင်တွင် ချက်ချင်း အပစ်ရပ်ရန်၊ ဖမ်းဆီးထားသူများအား ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန်၊ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းသားများအား ထိရောက်သည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန်၊ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို “ပြောင်းလဲမှုမရှိ” တွန်းအားပေးဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရှေ့အလယ်ပိုင်းအခြေအနေ အရေးပေါ်အစည်းအဝေး ကျင်းပနေသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………
(Chinese Version)
联合国秘书长呼吁避免黎巴嫩爆发全面战争
新华社联合国10月2日电(记者潘云召)联合国安理会2日就中东局势召开紧急会议。联合国秘书长古特雷斯表示,黎巴嫩局势令人担忧,绝对有必要避免爆发全面战争,否则将产生深远而毁灭性的后果。
古特雷斯说,自去年10月以来,黎以边境“蓝线”地区交火的范围、深度和强度都有所扩大。自他一周前向安理会通报黎巴嫩局势以来,黎巴嫩局势变得越来越糟。黎巴嫩真主党和其他非国家武装团体与以色列国防军几乎每天都在交火,一再违反安理会第1701号决议。
古特雷斯说,自去年10月以来,黎以冲突已导致黎巴嫩1700多人丧生,已确认有34.6万多人流离失所,约12.8万人越境进入叙利亚。在以色列,黎巴嫩真主党对以色列的袭击造成49人死亡、超过6万人流离失所。
古特雷斯对伊朗1日向以色列发动大规模导弹袭击表示“强烈谴责”。他说,这些袭击无助于巴勒斯坦人民的事业或减轻他们的苦难。
古特雷斯强调,近期事态发展表明,已经到了停止在黎巴嫩的敌对行动、切实采取行动全面执行安理会第1559号和第1701号决议、为实现持久和平的外交努力铺平道路的时候。他同时呼吁立即在加沙地带停火、立即无条件释放所有被扣押人员、向在加沙地带的巴勒斯坦人提供有效人道主义援助,并“不可逆转地”推进“两国方案”。(完)
1. 10月2日,在位于纽约的联合国总部,联合国安理会就中东局势召开紧急会议。
2. 10月2日,在位于纽约的联合国总部,联合国秘书长古特雷斯(前排中)在安理会中东局势紧急会议上讲话。