Connect with us

Asia

တရုတ်ခရီးသွားများ၏ ပြည်ပခရီးသွားလာမှု မြင့်တက်လာမှုက ထိုင်းနိုင်ငံ စီးပွားရေး ပြန်လည်ဦးမော့လာရန် အထောက်အကူပေး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆင်ဟွာသတင်းထောက်၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားပေးနေသော ထိုင်းနိုင်ငံ ခရီးသွားလာရေးအသင်း အထွေထွေအတွင်းရေးမှူး Adi Chairathananon ကို စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)
နံနက်စောစောတွင်ပင် ဘန်ကောက်မြို့ တော်ဝင်နန်းတော် လက်မှတ်အရောင်းဌာနတွင် စည်ကားနေပြီး လက်မှတ်လာဝယ်ကြသော ခရီးသွားများမှာ ရှည်လျားစွာ တန်းစီနေရကာ ဝန်ထမ်းများက အချိန်အခါအားလျော်စွာ လမ်းကြောင်းရှင်းပေးနေကြရသည်။ နန်းတော်အဝင်ဝတွင် သတင်းထောက်သည် အသက် ၂၈ နှစ်အရွယ် တရုတ်ခရီးသွား ဟွမ်လိကျွမ်းနှင့် တွေ့ဆုံခဲ့သည်။ တရုတ်နိုင်ငံ၏ အမျိုးသားနေ့အားလပ်ရက်တွင် ၎င်းနှင့် အဖော် သုံးဦးသည် ထိုင်းနိုင်ငံသို့ မိမိဘာသာလွတ်လွတ်လပ်လပ်လည်ပတ်ရန် ရွေးချယ်ခဲ့သည်။
“ကျွန်မတို့ လေးယောက်လုံး နိုင်ငံခြားခရီးသွားတာ ဒါ ပထမဆုံးအကြိမ်ပါ။ ထိုင်းနိုင်ငံကို ရွေးချယ်ရတဲ့ အကြောင်းရင်းကတော့ ပထမအနေနဲ့ ဗီဇာကင်းလွတ်ခွင့်ရတော့ အရမ်းအဆင်ပြေတဲ့ နောက်ထပ် လေကြောင်းခရီးစဉ်တွေ အများကြီးရှိပြီး သွားလာရေးလည်း အဆင်ပြေတာကြောင့်ပါ”၊ ထိုင်းနိုင်ငံသို့ လာရောက်ပြီး ကွဲပြားသော ဒေသဓလေ့ထုံးတမ်းများကို တွေ့ကြုံခံစားလိုသောကြောင့် ဘန်ကောက်မှာ တော်ဝင်နန်းတော်နှင့် အရုဏ်ကျောင်းတော် (Wat Arun) သွားမည်ဖြစ်ပြီး နောက်ထပ် ဖူးခက်ကျွန်းလည်း သွားရောက်လည်ပတ်မည်ဟု ဟွမ်လိကျွမ်းက ပြောခဲ့သည်။
တော်ဝင်နန်းတော်၏ တရုတ်ဧည့်လမ်းညွှန် သိုက်လဲ့က “တရုတ်ခရီးသွားတွေက ထိုင်းနိုင်ငံရဲ့ သမိုင်း၊ ယဉ်ကျေးမှုနဲ့ အစားအသောက်တွေကို ပိုစိတ်ဝင်စားကြပါတယ်။ တရုတ်ခရီးသွားတွေကို ထိုင်းနိုင်ငံအကြောင်း မိတ်ဆက်ပေးရတာ ကျွန်တော်အလွန်ဝမ်းသာပါတယ်။ လတ်တလောက တရုတ်ရုံးပိတ်ရက်တွေနဲ့ ကြုံကြိုက်တော့ တရုတ်ခရီးသွားတွေ ခါတိုင်းထက်စာရင် ပိုများတယ်၊ အခု ပုံမှန်အားဖြင့် မနက်ပိုင်း ခရီးသွားအဖွဲ့ ၂ ဖွဲ့၊ နေ့လယ်ပိုင်း ခရီးသွားအဖွဲ့ ၂ ဖွဲ့ကို လိုက်ပို့ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။
ဤရက်ပိုင်းတွင် ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်ရှိ မဟားနန်းတော်၊ အရုဏ်ကျောင်းတော် (Wat Arun) စသည့် အထင်ကရနေရာများတွင်ဖြစ်စေ သို့မဟုတ် ပတ္တရား၊ ဖူးခက်စသည့် ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများတွင်ဖြစ်စေ တရုတ်ခရီးသွားများ အများအပြား လာရောက်လည်ပတ်ခဲ့ကြသည်။
သတင်းထောက်သည် ပတ္တရား၌ တရုတ်နိုင်ငံ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဝူကျန်းလင်အား မေးမြန်းရာတွင် ၎င်းက ထိုင်းနိုင်ငံကို ခရီးသွားအဖွဲ့နှင့်သွားရန် ရွေးချယ်ခဲ့သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံသည် အပြုံးပန်းဆင်သည့် နိုင်ငံဟု အမြဲကြားသိရပြီး မကြာသေးမီက နန်နင်းမြို့တွင် ကျင်းပသည့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ထိုင်းနိုင်ငံနှင့် ပတ်သက်သောအကြောင်းအရာများ မိတ်ဆက်ပေးနေသည်ကို တွေ့ရှိခဲ့ရာ အလွန်ပင် စိတ်ဝင်စားသောကြောင့် တရုတ်နိုင်ငံ အမျိုးသားနေ့အားလပ်ရက်၌ တစ်မူကွဲပြားသည့်ရှုခင်းများကို လာကြည့်ရန် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
ခရီးသွားလုပ်ငန်းသည် ထိုင်းနိုင်ငံ၏ မဏ္ဍိုင်လုပ်ငန်းဖြစ်ပြီး ထိုင်းနိုင်ငံသည် တရုတ်ခရီးသွားများ၏ အစဉ်အမြဲ အနှစ်သက်ဆုံးသော ခရီးသွားနေရာများအနက် တစ်ခုဖြစ်ကြောင်း ထိုင်းနိုင်ငံ ခရီးသွားလာရေးအသင်း အထွေထွေအတွင်းရေးမှူး Adi Chairathananon က ပြောကြားခဲ့သည်။ COVID-19 ကပ်ရောဂါ မဖြစ်ပွားမီ ၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွား ၁၀ သန်းကျော် ဝင်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ တစ်နှစ်ပတ်လုံး နိုင်ငံတကာ ခရီးသွား အရေအတွက်၏ လေးပုံတစ်ပုံ ရှိခဲ့ပေသည်။
“ထိုင်းနိုင်ငံက စီးပွားရေးကို တွန်းအားပေးဖို့ ခရီးသွားလုပ်ငန်းကို မှီခိုနေရတယ်။ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းရဲ့ အကြီးဆုံးစျေးကွက် ခရီးသွားအရင်းအမြစ်နိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်တယ်။ ဒါကြောင့် ထိုင်းအစိုးရဖြစ်စေ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအေဂျင်စီဖြစ်စေ အားလုံးက တရုတ်ခရီးသွားတွေကို သိပ်အလေးအနက်ထားတယ်” ဟု Adi က ပြောကြားခဲ့သည်။
ယခုနှစ် မတ်လ ၁ ရက်တွင် တရုတ်-ထိုင်း နှစ်နိုင်ငံအပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက် စတင်အကျုံးဝင်ခဲ့ပြီး နှစ်နိုင်ငံ “ဗီဇာကင်းလွတ်သောခေတ်” သို့ ရောက်ရှိလာခဲ့သည်။ ဤမူဝါဒ အကျိုးကျေးဇူးများကြောင့် ထိုင်းနိုင်ငံသို့သွားရောက်သော တရုတ်ခရီးသွားများ စဉ်ဆက်မပြတ် တိုးပွားလာခဲ့သည်။ ပိုမိုများပြားသော တရုတ်ခရီးသွားများအား ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဆွဲဆောင်ရေးအတွက် ထိုင်းနိုင်ငံ အမျိုးသားခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့က စက်တင်ဘာလနှင့် အောက်တိုဘာလတွင် “Nihao Month” အစီအစဉ်ကို စတင်ခဲ့ရာ တရုတ်နာမည်ကြီး အွန်လိုင်း ခရီးသွားပလက်ဖောင်းများနှင့် ပူးပေါင်းကာ ပရိုမိုးရှင်းပေးသည့် အစီအမံများ စတင်ခဲ့ပြီး ခရီးသွားကဏ္ဍ သက်သာခွင့် အများအပြားကို ပံ့ပိုးခဲ့သည်။
ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ထိုင်းနိုင်ငံသို့ နိုင်ငံခြားခရီးသွား စုစုပေါင်း ၂၆ သန်းကျော် ဝင်ရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်းမှ ၀င်ငွေ ထိုင်းဘတ် ၁.၂၁ ထရီလီယံ (အမေရိကန် ၁ ဒေါ်လာလျှင် ၃၃ ဘတ်ခန့်) ရှိသည့်အနက် လူပေါင်း ၅.၂၅ သန်းသည် တရုတ်ခရီးသွားများဖြစ်ပြီး ထိပ်ဆုံး နေရာ၌ အခိုင်အမာရပ်တည်နေကြောင်း ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြခဲ့သည်။ ထိုင်းနိုင်ငံ ခရီးသွားလာရေးအာဏာပိုင်အဖွဲ့၏ ခန့်မှန်းချက်အရ ယခုနှစ် တရုတ်နိုင်ငံ အမျိုးသားနေ့အားလပ်ရက်အတွင်း ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွား ခန့်မှန်းခြေ အများဆုံး ၁၈၃,၀၀၀ အထိ လာရောက်လည်ပတ်ပြီး ထိုင်းဘတ်ငွေ ၅.၁ ဘီလီယံ ဝင်ငွေဖန်တီးနိုင်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီး Solawong Tiantong က ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုကိုဖြေကြားရာတွင် ကမ္ဘာတစ်ဝန်းမှ ခရီးသွားများ အထူးသဖြင့် တရုတ်ခရီးသွားများ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်မှုကို ကြိုဆိုကြောင်း၊ ခရီးသွားများအား ပို၍လုံခြုံသော၊ ပို၍ အရည်အသွေးမြင့်သော ခရီးသွားအတွေ့အကြုံများရရှိစေရန် ထိုင်းနိုင်ငံအတွင်း ခရီးသွားများ၏ လုံခြုံရေးကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တော်ဝင်နန်းတော်တွင် လာရောက်လည်ပတ်နေကြသော တရုတ်ခရီးသွားများအား အောက်တိုဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………
(Chinese Version)
通讯:中国游客出境游升温助力泰国经济复苏
新华社曼谷10月7日电
一大早,曼谷大皇宫售票处就热闹起来,购票游客排起长龙,工作人员不时疏导人流。在大皇宫门口,记者遇到了28岁的中国游客黄丽娟。中国“十一”长假期间,她和三个同伴选择了自由行来泰国旅游。
“我们四个人都是第一次出国玩,之所以选择泰国,一是因为免签很便利,再就是航班很多,交通便捷。”黄丽娟说,来泰国想感受不一样的风土人情,在曼谷打卡大皇宫和郑王庙,还会去普吉岛。
大皇宫中文导游戴叻告诉记者:“中国游客对泰国的历史文化和饮食比较感兴趣,我很高兴向中国游客介绍泰国。最近赶上中国假期,来旅游的中国游客比平时多,现在一般早上带两个团,下午带两个团。”
这几天,无论是泰国首都曼谷大皇宫、郑王庙等知名景点,还是芭堤雅、普吉岛等海滨度假胜地,都有不少中国游客。
记者在芭堤雅采访了来自广西的吴间玲,她选择了跟团游来泰国。吴间玲说,一直听说泰国是微笑国度,在前不久南宁举行的中国-东盟博览会上也看到有关泰国的介绍,很是心动,国庆假期便来泰国看看不一样的风景。
泰国观光协会秘书长阿迪·猜拉达那农表示,旅游业是泰国的支柱产业,泰国一直是中国游客最喜爱的旅游目的地之一。新冠疫情暴发前的2019年,有超过1000万中国游客涌入泰国,占泰国全年国际游客数量的四分之一。
“泰国拉动经济要靠旅游业,而我们旅游业最大的市场客源国就是中国,所以无论是泰国政府还是民间旅游机构,都对中国游客高度重视。”阿迪说。
今年3月1日,中泰互免签证协定生效,两国迈入“免签时代”。得益于这一利好政策,中国游客赴泰旅游不断升温。为了吸引更多中国游客来泰国旅游,泰国国家旅游局在9月和10月推出了“你好月”活动,推出与中国知名在线旅游平台联合促销等措施,提供更多旅游优惠。
泰国旅游与体育部数据显示,今年1月至9月,泰国累计接待外国游客超过2600万人次,创造旅游收入1.21万亿泰铢(1美元约合33泰铢),其中中国游客达525万人次,稳居榜首。据泰国国家旅游局预计,今年“十一”长假期间,预计最多有18.3万名中国游客前往泰国,创造51亿泰铢的收入。
泰国旅游与体育部长索拉翁·天通接受新华社记者采访时表示,泰国欢迎世界各地游客,尤其是中国游客的到来,会尽一切努力保障游客在泰国的安全,让游客获得更安全、更有品质的旅行体验。(完)
图说1: 9月30日,泰国观光协会秘书长阿迪·猜拉达那农在曼谷接受新华社记者采访。
图说 2: 10月3日,中国游客在泰国曼谷大皇宫游览。