Connect with us

Africa & Middle East

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ တစ်နှစ်တာကာလ – ပြင်းထန်သည့်ကပ်ဘေး ပြင်ပသို့ ကျယ်ပြန့်စွာ ယိုလျှံခြင်းနှင့်အတူ အပစ်ရပ်ရေး ခဲယဉ်းနေခြင်း

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း ဂါဇာမြို့တွင် အစ္စရေးတိုက်ခိုက်မှုအပြီး အပျက်အစီးများအား ကြည့်နေသည့် အမျိုးသမီးငယ်တစ်ဦးအား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ/ဂျေရုဆလမ်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခသစ် ပေါက်ကွဲဖြစ်ပွားခဲ့သည်။ စစ်မက်မီးလျှံ တစ်နှစ်တာ ဆက်ဆက်ရှိလာပြီ ဖြစ်ပြီး ဂါဇာကမ်းမြောင်တွင် မကြုံစဖူး လူသားချင်းစာနာမှုအကျပ်အတည်းများ ရှိနေရာ စစ်၏အဖြစ်ဆိုးက ကြောက်ဖွယ်ဖြစ်နေခြင်း၊ ပဋိပက္ခ ပြင်ပသို့ ယိုလျှံသက်ရောက်မှုများ ပြန့်နှံ့လာရာ လက်ဘနွန်မှ ဆီးရီးယားသို့လည်းကောင်း၊ ယီမင်မှ အီရန်သို့လည်းကောင်း ဒေသတွင်း စိုးရိမ်ဖွယ်ရာများ တစ်ချိန်တည်း ရှုပ်ထွေးဖြစ်ပွားလျက်ရှိခြင်း၊ အစ္စရေး စစ်တပ်အပေါ် အမေရိကန်က အဆက်မပြတ် ပံ့ပိုးလျက်ရှိရာ ပါလက်စတိုင်း-အစ္စရေး အပစ်ရပ်ရေး ဆွေးနွေးမှု တိုးတက်ရန် နှောင့်နှေးလာခြင်းများစသည်တို့ ဖြစ်ပွားလျက်ရှိပေသည်။

အရှေ့အလယ်ပိုင်းဒေသ၊ လူသားမျိုးနွယ်တို့၏ သမိုင်းမှာ “ယဉ်ကျေးမှု မြင့်မား” သည့် ဤနေရာသည် ယနေ့ခေတ်ကာလ ”ငြိမ်းချမ်းရေး၏ မြေနိမ့်ရာ” ဖြစ်၍ မရပေ။ နိုင်ငံတကာ အသိုက်အဝန်း၏ ငြိမ်းချမ်းရေးအတွက် ဟစ်ကြွေးသံမှာ မည်သည့်အခါမျှ လျော့နည်းသွားခြင်း မရှိခဲ့ရာ စက်မက်မီးလျှံ အမြန်ဆုံး ချုပ်ငြိမ်းရေး၊ ပဋိပက္ခပြင်ပသို့ ယိုလျှံမှုကို တားဆီးရေး၊ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို ဖော်ဆောင်ရေးသည်သာ ရေရှည်ငြိမ်းချမ်းရေးကို လျှောက်လှမ်းသော မှန်ကန်သည့် နည်းလမ်း ဖြစ်သည်။

“မှန်းဆမရသည့် နောက်ဆက်တွဲဆိုးကျိုး မီးလျှံများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရလျက်ရှိ”

အောက်တိုဘာ ၆ ရက်တွင် အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းရှိ ဗလီကျောင်းဆောင်တစ်ခုကို လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့သည်။ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ပေါက်ကွဲဖြစ်ပွားသည့်အချိန်မှစ၍ ဤကဲ့သို့သော အဖြစ်ဆိုးများသည် နေ့စဉ်လိုလို ဖြစ်ပွားခဲ့သည်။

ယခုအကြိမ် ပဋိပက္ခအတွင်း ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ပါလက်စတိုင်း သေဆုံးသူ ၄၁,၀၀၀ ကျော်၊ ဒဏ်ရာရသူ ၉၆,၀၀၀ ကျော် ရှိကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဌာန၏ အောက်တိုဘာ ၅ ရက်က ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။ မည်သူမည်ဝါဟူ၍ ခွဲခြား၍ရသည့် သေဆုံးသူများအနက် ကလေးငယ် ၃၃.၁ ရာခိုင်နှုန်း၊ အမျိုးသမီး ၁၈.၃ ရာခိုင်နှုန်း ရှိသည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

စစ်၏မီးလျှံများအောက်တွင် ဂါဇာကမ်းမြောင်ဒေသသည် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း ပို၍ ဆိုးရွားလာသည်။ ခန့်မှန်းတွက်ချက်မှုများအရ ဂါဇာကမ်းမြောင်ဒေသတွင် ၁၀ ဦးလျှင် ၉ ဦးက စစ်မက်မီးလျှံများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပမာဏများပြားလှသည့် ပြည်သူလူထုက အစားအသောက်၊ ဆေးဝါးနှင့် သောက်သုံးရေ ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရပြီး အိုးအိမ်မဲ့ရွက်ဖျင်တဲ ၇၅ ရာခိုင်နှုန်းမှာ အသုံးပြု၍ မရတော့ချေ။ ဆောင်းရာသီနှင့် မိုးရာသီ ရောက်ရှိလာတော့မည့်အချိန်နှင့်အတူ ဂါဇာကမ်းမြောင်ဒေသ ပြည်သူများ၏ အသက်ရှင်သန်ရေးမှာ ပို၍ ကျပ်တည်းခက်ခဲလာမည် ဖြစ်သည်။ ယခုနှစ် စက်တင်ဘာလမှ ယနေ့အထိ ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းနှင့် မြောက်ပိုင်းကြား၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားမှု ၉၀ ရာခိုင်နှုန်းနီးပါးသည် ငြင်းပယ်ခံ သို့မဟုတ် တားဆီးခံခဲ့ရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က လွန်ခဲ့သည့်ရက်တွင် ပြောကြားခဲ့သည်။

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ၏ ပြင်ပသို့ ယိုလျှံမှုအကျိုးဆက်က အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို ရိုက်ခတ်ပြီး ဒေသတွင်း မငြိမ်မသက်မှုများ ဆက်တိုက် ဆိုးရွားလာရာ ဘက်စုံစစ်ပွဲဖြစ်ပွားမည့် အန္တရာယ်တိုးပွားလာသည်။ အစ္စရေးသည် လက်ဘနွန် ဟစ်ဇ်ဘိုလာခေါင်းဆောင် Hassan Nasrallah ကို “ပစ်မှတ်ထားရှင်းလင်းခြင်း” ကြောင့် အစ္စရေး-လက်ဘနွန် ပဋိပက္ခ ရုတ်ခြည်း ပြင်းထန်လာခြင်း၊ အီရန်နှင့် တစ်ဖက်နယ်နိမိတ်ကို တိုက်ရိုက်အပြန်အလှန် တိုက်ခိုက်မှုများကြောင့် လက်စားချေလက်တုံ့ပြန်သည့်အန္တရာယ်သံသရာသို့ ကျဆင်းသွားခြင်း၊ ယီမင် ဟူသီလက်နက်ကိုင်နှင့် ထိပ်တိုက်ရင်ဆိုင်မှုများ မြင့်တက်လာရာ ပင်လယ်နီတွင် သတိပေးအချက်ပြသံများ မကြာခဏ ထွက်ပေါ်ခြင်းတို့ ဖြစ်ပွားလျက်ရှိပေသည်။

“ဂါဇာကမ်းမြောင်မှာ မကြုံစဖူး သေဆုံးမှုနဲ့ ပျက်စီးမှုတွေက ဖြစ်ပေါ်လာတဲ့ ရိုက်ခတ်မှုလှိုင်းဟာ ဒေသတစ်ခုလုံးကို နက်ရှိုင်းလှတဲ့ချောက်နက်ထဲကို တွန်းပို့နိုင်ရာ မှန်းဆမရတဲ့ နောက်ဆက်တွဲဆိုးကျိုး မီးလျှံတွေရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်နေရတယ်” ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က စက်တင်ဘာ ၂၇ ရက် လုံခြုံရေးကောင်စီ အရှေ့အလယ်ပိုင်းအရေး အဆင့်မြင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ရန်လိုလှုပ်ရှားမှုများ အဆက်မပြတ် ကျယ်ပြန့်လာခြင်းက “(အရှေ့အလယ်ပိုင်း) ဒေသတစ်ခုလုံးကို လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေး ကပ်ဘေးသို့ ကျဆင်းစေနိုင်ကြောင်း”ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက သတိပေး ပြောကြားခဲ့သည်။

“အပစ်ရပ်ရေးဆွေးနွေးမှု သိသာထင်ရှားသည့် တိုးတက်မှုရနိုင်ခြေ နည်းပါး”

ဤအကြိမ် ပဋိပက္ခဖြစ်ပွားသည့် တစ်နှစ်တာကာလအတွင်း ပါလက်စတိုင်း-အစ္စရေး ဂါဇာကမ်းမြောင် အပစ်ရပ်ရေးနှင့် ထိန်းသိမ်းထားသူများ ပြန်လည်လွှတ်ပေးရေး ဆွေးနွေးမှုများ အခါအားလျော်စွာ ရှိနေသော်လည်း လက်တွေ့တိုးတက်မှုများမှာမူ အမြဲတမ်း မရရှိခဲ့ပေ။ သုံးသပ်သူအချို့က အစ္စရေးနှင့် ပါလက်စတိုင်းအစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ၏ တောင်းဆိုမှု ကွာဟချက် ကြီးမားခြင်း၊ အမေရိကန်အနေဖြင့် သံတမန်ရေးနှင့် စစ်ရေးတွင် အစ္စရေးကို ဘက်လိုက်နေခြင်းတို့ကြောင့် အပစ်ရပ်ရေး ဆွေးနွေးမှု တစ်လှမ်းတိုးရန်ပင် ခဲယဉ်းနေပေသည်။

လက်ရှိ ပါလက်စတိုင်း-အစ္စရေး နှစ်ဖက်၏ အဓိက ကွဲလွဲမှုမှာ “ဖီလာဒဲဖီးယား စင်္ကြံ” ကိစ္စတွင် ဖြစ်သည်။ အစ္စရေးအနေဖြင့် စစ်ပွဲအလွန် ဂါဇာကမ်းမြောင်တွင် စစ်ရေးဆိုင်ရာ ဆက်လက်တည်ရှိစေလိုရာ အထူးသဖြင့် ဂါဇာတောင်ပိုင်းနှင့် အီဂျစ် ဆက်စပ်နေသည့် “ဖီလာဒဲဖီးယား စင်္ကြံ” တွင် ဖြစ်သည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဟားမက်စ်၏ စစ်ရေးနှင့် စီမံအုပ်ချုပ်ရေး စွမ်းရည်ကို ဖျက်ဆီးပြီး ဟားမက်စ်တို့ ပြန်လည်လက်နက်ကိုင်မည်ကို တားဆီးမည်ဆိုလျှင် “ဖီလာဒဲဖီးယား စင်္ကြံ” ကို ထိန်းချုပ်မှ ဖြစ်မည်ဟု ပြောကြားခဲ့သည်။

ဟားမက်စ်နှင့် အပစ်ရပ်ရေး ကြားဝင်ဆွေးနွေးပေးသူတစ်ဦးဖြစ်သည့် အီဂျစ်က အစ္စရေး၏ ဤတောင်းဆိုချက်ကို အခိုင်အမာ ကန့်ကွက်ထားသည်။ ဂါဇာကမ်းမြောင်၏ စစ်ပွဲအလွန် စီမံခန့်ခွဲမှုမှာ ပါလက်စတိုင်း၏ ပြည်တွင်းရေး ဖြစ်ပြီး ဂါဇာကမ်းမြောင်အနာဂတ်အစီအစဉ်ဆိုင်ရာ အစ္စရေး၏ဆုံးဖြတ်ချက်မှာ ခုခံရမည်ဖြစ်ကြောင်း ဟားမက်စ်က စက်တင်ဘာ ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ထပ်မံအလေးထားပြောကြားခဲ့သည်။ ရာဖာဂိတ် ပါလက်စတိုင်းဘက်အခြမ်းနှင့် “ဖီလာဒဲဖီးယား စင်္ကြံ” ၌ မည်သည့် စစ်ရေးအင်အား ဖြန့်ကြက်မှုကိုမျှ လက်မခံကြောင်း အီဂျစ်ကလည်း အကြိမ်ပေါင်းများစွာ အလေးထား ပြောကြားခဲ့သည်။

အစ္စရေး နိုင်ငံတကာရေးရာပညာရှင် Michael Milstein က “ဖီလာဒဲဖီးယား စင်္ကြံ” အရေးသည် ဟားမက်စ်၏အနာဂတ် ရှင်သန်မှုနှင့်သက်ဆိုင်ကြောင်း ထောက်ပြခဲ့သည်။ လက်ရှိအခြေအနေ အနေဖြင့် ကြည့်မည်ဆိုလျှင် “ပါလက်စတိုင်း-အစ္စရေး အပစ်ရပ်ရေးဆွေးနွေးမှုက သိသာထင်ရှားသည့် တိုးတက်မှု ရရှိနိုင်ခြေ အလွန်နည်းပါး” ကြောင်း ၎င်းက ဆိုသည်။

အစ္စရေး ပြည်တွင်း နိုင်ငံရေး ပြဿနာသည်လည်း အလားတူပင် အပစ်ရပ်ရေး ဆွေးနွေးမှု သိသာထင်ရှားသောတိုးတက်မှု ရရှိရန် ခဲယဉ်းသည့် အဓိက အကြောင်းရင်းဖြစ်သည်။ နေတန်ယာဟုအနေဖြင့် ထာဝရ အပစ်ရပ်ရေးအတွက် ကောင်းမွန်စွာ ပြင်ဆင်ထားပုံမရကြောင်း၊ အဘယ်ကြောင့်ဆိုသော် အပစ်ရပ်ရေး သဘောတူညီချက်ရရှိမှုက ၎င်းကို အာဏာရညွန့်ပေါင်းအဖွဲ့အတွင်း လက်ယာစွန်းအင်အား၏ ထောက်ခံမှုကို ဆုံးရှုံးစေမည်ဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း အမေရိကန် နယူးယောက်တိုင်းမ် သတင်းစာ၏ ပြီးခဲ့သည့် ရက်ပိုင်းတွင် ထုတ်ပြန်သည့် ဆောင်းပါး၌ ဖော်ပြထားသည်။

ယခုအကြိမ် ပဋိပက္ခ တစ်နှစ်ကြာကာလတွင် အမေရိကန် အဆင့်မြင့်အရာရှိများ အရှေ့အလယ်ပိုင်းဒေသသို့ မကြာခဏသွားလည်ပတ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ပင်လျှင် ၁၀ ကြိမ်တိုင်ရှိပြီဖြစ်သော်လည်း ရလဒ်မှာ အလွန်နည်းပါးခဲ့သည်။ သုံးသပ်သူအများက ပါလက်စတိုင်း-အစ္စရေးအရေးတွင် အမေရိကန်သည် “တစ်ဖက်စောင်းနင်း ဖျောင်းဖျနေခြင်း” ဖြစ်ကြောင်း၊ တစ်ဖက်တွင် အပစ်ရပ်ရေး နှိုးဆော်လျက်ရှိသလို တစ်ဖက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ စသည့် နေရာများ၌ အစ္စရေးကို ဘက်လိုက်ကာကွယ်ပေးကာ အစ္စရေးအား စစ်ရေးအကူအညီ ဆက်တိုက် အကြီးအကျယ်ပံ့ပိုးပေးနေခြင်းကြောင့် အပစ်ရပ်ရေး ဆွေးနွေးမှု မဆုံးဖြတ်နိုင်ဘဲ အချိန်ကြန့်ကြာနေခြင်း ဖြစ်ကြောင်း ထောက်ပြ ပြောဆိုကြသည်။

စက်တင်ဘာ ၂၆ ရက်တွင် အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်မှ စစ်ရေးအကူအညီ ကန်ဒေါ်လာ ၈.၇ ဘီလီယံ ရရှိကြောင်း၊ ၎င်းတို့အနက် ကန်ဒေါ်လာ ၃.၅ ဘီလီယံမှာ “အရေးကြီးသည့် စစ်ပွဲကာလ ဝယ်ယူမှု” အတွက် ဖြစ်ပြီး အခြား ကန်ဒေါ်လာ ၅.၂ ဘီလီယံမှာ လေကြောင်းရန်ကာကွယ်ရေးစနစ် အဆင့်မြှင့်ရာတွင် အသုံးပြုရန်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အမေရိကန်အနေဖြင့် အစ္စရေး၏ “မိမိကိုယ်ကို ကာကွယ်မှု” ကို ဆက်လက်ကူညီသွားမည် ဖြစ်ပြီး စစ်ရေးအကူအညီများ ရပ်တန့်မည် မဟုတ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ပြောကြားခဲ့သည်။

“အမျိုးသမီး၊ ကလေးငယ် အပါအဝင် မရေမတွက်နိုင်တဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်ဖို့ သူ (အမေရိကန်) က အစ္စရေးကို အသက်သေဆုံးစေနိုင်တဲ့ လက်နက်တွေ ပံ့ပိုးပေးနေတယ်” ဟု ထိုနေ့တွင်ပင် ပါလက်စတိုင်း သမ္မတ Mahmoud Abbas က ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားစဉ် အစ္စရေးအပေါ် အမေရိကန် အစိုးရ၏ နိုင်ငံရေးနှင့် စစ်ရေး ဆက်တိုက်ပံ့ပိုးနေခြင်းအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့သည်။

နေတန်ယာဟုက ဂါဇာအပစ်ရပ်ရေး စိတ်ဝင်စားမှု မရှိကြောင်း၊ အမေရိကန်အစိုးရ ပြောသည့် သံတမန်ရေးနည်းလမ်းဖြင့် ပဋိပက္ခကျယ်ပြန့်လာမှုကို တားဆီးမည်ဆိုသည်မှာ လိမ်ညာပြောဆိုနေခြင်းဖြစ်သည်ဟု ပါလက်စတိုင်း နိုင်ငံရေးသုံးသပ်သူ Ashraf al-Ajrami က ဆင်ဟွာသတင်းထောက်၏ တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားခဲ့သည်။ လက်တွေ့တွင် အမေရိကန်အစိုးရက ၎င်း၏ စစ်ရေးအင်အား၊ ဩဇာဖြင့် နေတန်ယာဟုအစိုးရကို အကာအကွယ်ပေးပြီး ဤပဋိပက္ခကို ထိန်းချုပ်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒေသတွင်း စစ်ပွဲ ရှောင်ကြဉ်ရေး အစွမ်းကုန်ဆောင်ရွက်ရမည်ဖြစ်”

ပဋိပက္ခ ပေါက်ကွဲဖြစ်ပွားလာသည့် တစ်နှစ်ကြာကာလတွင် ဂါဇာကမ်းမြောင်ဒေသ၏ စစ်မက်မီးလျှံများက ငြိမ်းအေးသွားခြင်း မရှိသေးသည့်အပြင် အစ္စရေးနှင့် ဘက်ပေါင်းစုံ၏ ပဋိပက္ခများက အရှိန်အဟုန် မြင့်တက်လျက်ရှိရာ အရှေ့အလယ်ပိုင်းဒေသ ဘက်စုံစစ်ပွဲ ဖြစ်ပွားမည့် အန္တရာယ် အဆက်မပြတ် ကြီးထွားလာမှုအပေါ် နိုင်ငံတကာ အသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်နေကြသည်။

ပါလက်စတိုင်း နိုင်ငံရေးသုံးသပ်သူ၊ ဂါဇာ Al-Azhar တက္ကသိုလ် ပညာရှင် Talal Okal က နေတန်ယာဟုသည် ဂါဇာစစ်ပွဲ အဆုံးသတ်ရန်မဟုတ်ဘဲ လက်ဘနွန် ဟစ်ဇ်ဘိုလာနှင့် ပဋိပက္ခကို ချဲ့ထွင်ရန် ဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း၊ ယင်းမှာ ပါလက်စတိုင်းသားများ ဆက်လက်ဒုက္ခခံရမည့်အဓိပ္ပါယ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆိုးရွားလှသည့် အခြေအနေကို ရင်ဆိုင်ရာ၌ နိုင်ငံတကာအသိုက်အဝန်းက ဂါဇာပဋိပက္ခ အမြန်ဆုံး ချုပ်ငြိမ်းရန်၊ ယင်းပဋိပက္ခ ပြင်ပသို့ ယိုလျှံသက်ရောက်လာမှု ဆက်တိုက်ကျယ်ပြန့်လာခြင်းကို ကာကွယ်တားဆီးရန် အကြိမ်ကြိမ် ပြောကြားခဲ့သည်။

“အပစ်ရပ်ဖို့ လိုအပ်တယ်၊ ဒေသတွင်း စစ်ပွဲ ရှောင်ကြဉ်ဖို့ အစွမ်းကုန်ဆောင်ရွက်ရမှာဖြစ်တယ်… ဂါဇာဟာ အကြမ်းဖက်မှုရဲ့ ဗဟိုဖြစ်သလို အကြမ်းဖက်မှုတွေကို အဆုံးသတ်ရမယ့် အချက်အချာဖြစ်တယ်” ဟု စက်တင်ဘာ ၂၇ ရက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရှေ့အလယ်ပိုင်းအရေး အဆင့်မြင့်ဆွေးနွေးပွဲတွင် ဂူတာရက်စ်က တိုက်တွန်းပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ဤအကြိမ် ပဋိပက္ခ၏ အရင်းအမြစ်မှာ “အတိတ်ကပဲဖြစ်ဖြစ်၊ အခုပဲဖြစ်ဖြစ် ပါလက်စတိုင်းအရေး မဖြေရှင်းနိုင်သေးလို့ ဖြစ်တယ်”၊ ဂါဇာကမ်းမြောင်သည် လက်ရှိ ထိပ်တိုက်ရင်ဆိုင်မှု၏ ဗဟို ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးကို ပြန်လည်ဆောင်ရွက်ရန်၊ ဂါဇာကမ်းမြောင်တွင် စစ်ဆင်ရေးလုပ်ရန် အစ္စရေးအား လက်နက်ပံ့ပိုးနေမှုကို ရပ်တန့်ရန် လွန်ခဲ့သည့်ရက်၌ ပြင်သစ်သမ္မတ မိုက်ခရွန်က တိုက်တွန်းပြောကြားခဲ့သည်။

ဂျော်ဒန်ဘုရင် Abdullah II နှင့် အီရတ် ဝန်ကြီးချုပ် Mohammed Shia’ Al Sudani တို့ လွန်ခဲ့သည့်ရက်က ဖုန်းဖြင့် ဆက်သွယ်ပြောကြားရာတွင် အခြေအနေများ တစ်ဆင့်တိုး ဆိုးရွားလာမှုကို ရှောင်ကြဉ်ရန် ဒေသတွင်း ဘက်စုံ အပစ်ရပ်ရေးကို အတတ်နိုင်ဆုံး တွန်းအားပေးဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်နှင့် လက်ဘနွန်အပေါ် စစ်ပွဲဆင်နွှဲနေသည့် အစ္စရေး၏ လုပ်ရပ်များ ချက်ချင်း ရပ်တန့်ရန် Abdullah II က အလေးထား ပြောကြားခဲ့သည်။

အသစ်တစ်ဖန် ဖြစ်ပွားခဲ့သည့် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခသည် ဆိုးရွားလှသည့် လူသားချင်းစာနာမှုကပ်ဘေး၊ ဒေသတွင်းအခြေအနေ မငြိမ်မသက် လှုပ်ခတ်နေမှုများကို ဖြစ်ပွားစေသည်။ လက်ရှိအရေးကြီးတာဝန်မှာ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို အမြန်ဆုံး အသက်သွင်းရန်၊ ဂါဇာကမ်းမြောင် ထာဝရ အပစ်ရပ်ရေးနှင့် စစ်တပ် ဘက်စုံ ရုပ်သိမ်းရေးကို အမြန်ဆုံး ဖော်ဆောင်ရန်၊ လက်ဘနွန်တွင် လူသားချင်းစာနာမှုအကျပ်အတည်းသစ် ဖြစ်ပွားလာမှုကို တားဆီးရန်၊ ပဋိပက္ခများ တစ်ဆင့်တိုး အရှိန်အဟုန်မြင့် ကျယ်ပြန့်လာမည်ကို ဟန့်တားရန် ဖြစ်ရာ အရှေ့အလယ်ပိုင်းဒေသ၏ ရေရှည်ငြိမ်းချမ်းရေးမှာ ဘက်ပေါင်းစုံ အတူတကွ ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပေသည်။ (Xinhua)

ဂါဇာကမ်းမြောင်နှင့် အီဂျစ်နိုင်ငံ ထိစပ်နေသည့် ဒေသရှိ “ဖီလာဒဲဖီးယား စင်္ကြံ” တွင် စစ်ဆေးကြည့်ရှုနေသည့် အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant (အလယ်) အား ၂၀၂၄ ခုနှစ် ဩဂုတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်၌ ကျင်းပသော လုံခြုံရေးကောင်စီ အရှေ့အလယ်ပိုင်းအခြေအနေ အရေးပေါ်အစည်းအဝေးတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် (အရှေ့တန်းအလယ်) မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစည် (ဆင်ဟွာ)

……………………………..
(Chinese Version)
国际观察|新一轮巴以冲突一周年:灾难重 外溢广 停火难
新华社加沙/耶路撒冷10月6日电(记者黄泽民 王卓伦)2023年10月7日,新一轮巴以冲突爆发。战火持续已一年,加沙地带人道危机前所未有,战争惨剧骇人听闻;冲突外溢效应持续蔓延,从黎巴嫩到叙利亚、从也门到伊朗,地区热点交织共振;美国对以军援不断,巴以停火谈判进展缓慢……
中东,这片人类历史上曾经的“文明高地”,绝不能成为当今时代的“和平低谷”。国际社会呼唤和平的声音从未减退,早日平息战火、遏阻冲突外溢、落实“两国方案”,才是走向持久和平的正确道路。
“一场后果不堪设想的熊熊大火正迎面袭来”
10月6日,以色列军队空袭加沙地带中部一座清真寺,造成至少18人死亡。新一轮巴以冲突爆发以来,这样的惨剧几乎每天都在发生。
据巴勒斯坦加沙地带卫生部门10月5日发布的数据,本轮冲突中,以色列在加沙地带的军事行动已造成巴方超过4.1万人死亡、逾9.6万人受伤。巴卫生部门9月15日发表声明说,在所有可辨认身份的遇难者中,儿童占33.1%,妇女占18.3%。
战火下的加沙地带,人道主义危机愈演愈烈。据估计,加沙地带每10人中就有9人因战火流离失所。大量民众面临食品、药品以及生活用水和饮用水短缺,74%的流离失所者帐篷已经无法使用。随着冬季和雨季来临,加沙地带民众的生存将更加艰难。联合国人道主义事务协调厅日前表示,今年9月至今,加沙地带南北之间近90%的人道主义行动均遭到拒绝或阻碍。
巴以冲突的外溢效应冲击整个中东,地区动荡不断加剧,爆发全面战争风险激增。以色列“定点清除”黎巴嫩真主党领导人纳斯鲁拉,导致以黎冲突陡然激化;与伊朗开始相互直接攻击对方本土,有陷入报复循环的危险;与也门胡塞武装对抗升级,红海频频传来警报……
“加沙地带前所未有的死亡和破坏所产生的冲击波现在有可能将整个地区推向深渊,一场后果不堪设想的熊熊大火正迎面袭来。”联合国秘书长古特雷斯9月27日在安理会中东问题高级别会议上说。
联合国人权事务高级专员办事处警告,不断扩大的敌对行动有可能“使整个(中东)地区陷入人道主义和人权灾难”。
“停火谈判取得重大进展的可能性很小”
本轮冲突一年间,巴勒斯坦方面与以色列围绕加沙地带停火及释放被扣押人员的谈判断断续续,但始终未取得实质性进展。分析人士指出,以色列与巴勒斯坦伊斯兰抵抗运动(哈马斯)诉求差异巨大,美国又在外交和军事层面偏袒以色列,导致停火谈判举步维艰。
目前巴以双方的主要分歧在于“费城走廊”问题。以色列希望战后在加沙地带保留军事存在,尤其是加沙南部与埃及接壤的“费城走廊”。以总理内塔尼亚胡多次表示,想要摧毁哈马斯的军事和治理能力、阻止哈马斯重新武装起来,就必须控制“费城走廊”。
哈马斯和停火谈判斡旋方之一埃及都坚决反对以色列的这一要求。哈马斯9月27日发表声明重申,加沙地带的战后管理是巴勒斯坦内部事务,以色列关于决定加沙地带未来的计划将受到抵抗。埃及也多次强调,不接受在拉法口岸巴勒斯坦一侧和“费城走廊”部署任何军事力量。

以色列国际问题专家迈克尔·米尔施泰因指出,“费城走廊”问题事关哈马斯的未来生存。目前来看,“巴以停火谈判取得重大进展的可能性很小”。
以色列的国内政治问题同样是停火谈判难以取得进展的重要原因。美国《纽约时报》日前刊文分析说,内塔尼亚胡似乎没有为永久停火做好准备,因为达成停火协议将使他丧失执政联盟内部极右翼势力的支持。即便执政联盟在战争结束后能够维持,民众也将更加强烈地要求重新选举。
本轮冲突一年间,美国高官频繁访问中东地区,仅国务卿布林肯就十次到访,但都成果寥寥。分析人士指出,美国在巴以问题上“拉偏架”,一面呼吁停火,一面在联合国安理会等场合偏袒以色列,并不断对以提供巨额军援,致使停火谈判久拖不决。
9月26日,以色列国防部宣布获得美国87亿美元军事援助,其中35亿美元援助为“至关重要的战时采购”,另外52亿美元将用于升级防空系统。美国国防部长奥斯汀说,美方将继续帮助以色列“自卫”,不会停止军援。
同日,巴勒斯坦总统阿巴斯在联合国大会发言时痛斥美国政府向以色列持续提供政治和军事支持:“它(美国)向以色列提供致命武器,用于屠杀无数无辜平民,包括妇女儿童。这助长了以色列的侵略行径。”
巴勒斯坦政治分析人士阿什拉夫·阿杰拉米接受新华社记者采访时说,内塔尼亚胡对加沙停火不感兴趣,美国政府所谓的通过外交手段防止冲突扩大是在撒谎。实际上,美国政府正在通过其军事实力和影响力为内塔尼亚胡政府提供掩护,进而控制着这场冲突。
“必须不惜一切代价避免一场地区战争”
冲突爆发一年,不仅加沙地带的战火没有停息,以色列与多方的冲突都在升级,中东地区滑向全面战争的风险不断增大,引发国际社会普遍担忧。
巴勒斯坦政治分析人士、加沙爱资哈尔大学学者塔拉勒·奥卡尔说,内塔尼亚胡决定扩大与黎巴嫩真主党的冲突,而不是结束在加沙的战事,这意味着巴勒斯坦人将继续受苦。
面对严峻形势,国际社会频频发声,呼吁尽早平息加沙冲突并防止其外溢影响持续扩大。
“需要停火,必须不惜一切代价避免一场地区战争……加沙仍然是暴力的中心,是结束暴力的关键。”在9月27日的联合国安理会中东问题高级别会议上,古特雷斯发出呼吁。
俄罗斯外长拉夫罗夫表示,本轮冲突的根本原因“过去是、现在仍然是巴勒斯坦问题没有得到解决”,而加沙地带是当前对抗的中心。法国总统马克龙日前呼吁重返政治解决方案,停止为以色列在加沙地带作战提供武器。
约旦国王阿卜杜拉二世日前同伊拉克总理苏达尼通电话时表示,应尽力促成地区全面停火,避免局势进一步恶化。阿卜杜拉二世强调,以色列对加沙地带和黎巴嫩的战争行为必须立即停止。
新一轮巴以冲突带来了惨重的人道灾难、动荡的地区局势。当务之急是尽快激活“两国方案”,尽快在加沙实现永久停火和全面撤军,制止在黎巴嫩发生的新的人道危机,防止冲突进一步扩散升级。中东地区的持久和平需要各方共同努力。

1. 9月21日,在加沙地带北部加沙城,一名女孩查看以军袭击后的废墟。新华社发(马哈茂德·扎基摄)
2. 8月21日,以色列国防部长加兰特(中)在加沙地带与埃及接壤地区的“费城走廊”视察。新华社发(以色列政府新闻办公室供图)
3. 10月2日,在位于纽约的联合国总部,联合国秘书长古特雷斯(前排中)在安理会中东局势紧急会议上讲话。新华社记者谢锷摄