Africa & Middle East
လက်ဘနွန်တွင် ဆက်သွယ်ရေး ကိရိယာများ ဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း အစ္စရေးက ပထမဆုံးအကြိမ် ဝန်ခံ
ဂျေရုဆလမ်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက နိုဝင်ဘာ ၁၀ ရက်၌ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် လက်ဘနွန်၌ ဟစ်ဇ်ဘိုလာအဖွဲ့ဝင်များကို ပစ်မှတ်ထား ပြုလုပ်ခဲ့သောဆက်သွယ်ရေး ကိရိယာများ ဖောက်ခွဲမှုနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ဝန်ခံခဲ့ကြောင်း အဆိုပါနေ့ အစ္စရေးမီဒီယာများ၏ သတင်းထုတ်ပြန်မှုများအရ သိရသည်။
အစ္စရေးနိုင်ငံ ကာကွယ်ရေးဌာန တာဝန်ခံနှင့် အစိုးရထိပ်တန်းအရာရှိ အချို့က ကန့်ကွက်ခဲ့သော်လည်း အစ္စရေးသည် “ပေဂျာစက် စစ်ဆင်ရေး” ကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ဟစ်ဇ်ဘိုလာအဖွဲ့ ခေါင်းဆောင်ဟောင်း Nasrallah ကို သတ်ဖြတ်ခဲ့ကြောင်း နေတန်ယာဟု၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြခဲ့သည်။
စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်များက လက်ဘနွန်တွင် ပေဂျာစက်နှင့် စကားပြောစက် (walkie-talkie) စသည့် ဆက်သွယ်ရေးကိရိယာများ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ စုစုပေါင်း လူ ၃၇ ဦး သေဆုံးပြီး ၃,၀၀၀ ဦး ခန့် ဒဏ်ရာရရှိခဲ့သည်။ အစ္စရေးဘက်မှာမူ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ တိုက်ရိုက် တုံ့ပြန်မှု မရှိခဲ့ပေ။
ထို့အပြင် လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့မှ ဒုံးကျည်အများအပြားသည် လက်ဘနွန်နယ်စပ်မှ အစ္စရေးသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း အစ္စရေးစစ်တပ်၏ နိုဝင်ဘာ ၁၀ ရက်က ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။ အစ္စရေးမြောက်ပိုင်းရှိ ဟိုင်ဖာမြို့နှင့် Galilee ရေကန် တစ်လျှောက်ရှိ မြို့အများအပြား၌ ထိုနေ့တွင် လေကြောင်းရန်ကာကွယ်ရေး သတိပေးဥဩသံများ မကြာခဏ မြည်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနမှ သတင်းထောက်တစ်ဦး၏ မိုဘိုင်းလ်ဖုန်းတွင် တပ်ဆင်ထားသည့် ကြိုတင်သတိပေးစနစ်က ပြသခဲ့သည်။
ယခင်နှစ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ်တစ်ဖန် ဖြစ်ပွားပြီးကတည်းက လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးမြောက်ပိုင်းကို မကြာခဏ တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ရာ အစ္စရေးက လက်ဘနွန်တောင်ပိုင်းရှိ ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်ခြင်းနှင့် အမြောက်ပစ်ခတ်ခြင်းဖြင့် လက်တုံ့ပြန်ခဲ့သည်။ ယခုနှစ်စက်တင်ဘာလတွင် လက်ဘနွန်၌ ဆက်သွယ်ရေးစက်များ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လက်ဘနွန်နှင့် အစ္စရေးတို့ကြား ပဋိပက္ခများ ရုတ်တရက် အရှိန်အဟုန်မြင့်တက်လာခဲ့သည်။ အစ္စရေးသည် လက်ဘနွန်မြို့တော် ဘေရွတ် တောင်ဘက် ဆင်ခြေဖုံးစသည့်နေရာများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ရာ Nasrallah ၊ Safieddine စသည့် ဟစ်ဇ်ဘိုလာ ထိပ်တန်းအရာရှိအများအပြားသည် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသည်။ ယခင်နှစ် အောက်တိုဘာလဆန်းမှစ၍ ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အစ္စရေးတို့ကြား ပဋိပက္ခကြောင့် လက်ဘနွန်တွင် လူပေါင်း ၃,၁၃၆ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း လက်ဘနွန် ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ယခုလ ၉ ရက်၌ ထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။ (Xinhua)
…………………………………
(Chinese Version)
以色列首次承认制造了黎巴嫩通信设备爆炸事件
新华社耶路撒冷11月10日电(记者冯国芮 王卓伦)据以色列媒体10日报道,以总理内塔尼亚胡在当天召开的内阁会议上首次承认针对黎巴嫩真主党成员制造了通信设备爆炸事件。
报道援引内塔尼亚胡的话说,尽管遭到以色列国防机构负责人和一些政府高级官员的反对,但以色列仍执行了“传呼机行动”并消灭了真主党前领导人纳斯鲁拉。
9月17日和18日,黎巴嫩接连发生传呼机和对讲机等通信设备爆炸事件,累计造成37人丧生、约3000人受伤。以方一直未对这一事件作出正面回应。
此外,根据以军10日发表的声明,多枚黎巴嫩真主党的“发射物”从黎巴嫩越境进入以色列。新华社记者手机安装的预警系统显示,以色列北部城市海法及加利利湖一带多个城镇当天频繁拉响防空警报。
去年10月7日新一轮巴以冲突爆发以来,黎巴嫩真主党不时向以色列北部发动袭击,以军空袭和炮击黎南部目标进行报复。今年9月黎巴嫩发生通信设备爆炸事件后,黎以冲突陡然升级。以色列持续空袭黎首都贝鲁特南郊等地,纳斯鲁拉、萨菲丁等多名真主党高层死于以军空袭。据黎巴嫩公共卫生部本月9日公布的统计数据,自去年10月初以来,黎巴嫩真主党与以色列的冲突已在黎造成3136人死亡。
图说:2024年9月18日,在黎巴嫩贝鲁特的通信设备爆炸遇难者葬礼上,一名真主党成员为手中的对讲机卸下电池。新华社发(比拉尔·贾维希摄)