Connect with us

မြန်မာ-中文

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၊ လေဆန်းခရိုင်တွင် မြောင်လူမျိုးများနှစ်သစ်ကူးပွဲအား ပျော်ရွှင်စွာ ဆင်နွှဲကြ

ရိုးရာဝတ်စုံအပြည့် ဝတ်ဆင်ထားသော စီတန်းလှည့်လည်ပွဲတွင် ပါဝင်ဆင်နွှဲနေသည့် မြောင်လူမျိုးမွေးချင်းများကို နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချန်တုန်းနန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချန်တုန်းနန် မြောင်လူမျိုးနှင့် တုန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လေဆန်းခရိုင်တွင် မြောင်လူမျိုးများနှစ်သစ်ကူးပွဲအား နိုဝင်ဘာ ၁၁ ရက်၌ ကျင်းပခဲ့သည်။ သောင်းနှင့်ချီသော မြောင်လူမျိုးစုတို့သည် လေဆန်းခရိုင်တွင် ပျော်ပျော်ရွှင်ရွှင်စုဝေးခဲ့ကြပြီး ရိုးရာ၀တ်စုံအပြည့်နှင့် စီတန်းလှည့်လည်ခြင်း၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များပြသခြင်း၊ လူထောင်ပေါင်းများစွာပါဝင်နိုင်သော စားပွဲရှည် ညစာသုံးဆောင်ခြင်းစသည့် အခမ်းအနားများဖြင့် ပွဲတော်ကို ပျော်ရွှင်စွာ ကျင်းပကြသည်။ မြောင်လူမျိုးနှစ်သစ်ကူးပွဲသည် မြောင်လူမျိုးမွေးချင်းများအတူအကွ သီးနှံရိတ်သိမ်းမှုအား ဂုဏ်ပြုခြင်း၊ ဘိုးဘွားများအား ပူဇော်ခြင်း၊ ကောင်းကင်နှင့် မြေကြီးအား တစ်ခုတည်းအဖြစ် ပေါင်းစည်းမူအား ကျေးဇူးတင်ခြင်းတို့ကို စုဝေး ဆင်နွှဲသည့် ကြီးကျယ်ခမ်းနားသော ပွဲတော်တစ်ခုဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် မြောင်လူမျိုးနှစ်သစ်ကူးပွဲကို နိုင်ငံအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ကိုယ်စားပြုနိုင်သော အမည်စာရင်း ဒုတိယအသုတ်တွင် ထည့်သွင်းရွေးချယ်ခဲ့သည်။ (Xinhua)


………………….
(Chinese Version)
贵州雷山:欢庆苗年
黔东南(贵州),2024年11月10日
当日,贵州省黔东南苗族侗族自治州雷山县举行庆苗年活动。数万名苗族群众欢聚雷山县城,通过盛装巡游、非遗展示、千人长桌宴等形式欢度节日。苗年是苗族同胞集庆祝收获、祭祀祖先、感恩天地为一体的盛大节日。2008年,苗年入选第二批国家级非物质文化遗产代表性项目名录。
图说1:11月10日,身着盛装的苗族同胞参加巡游活动。新华社发(王纯亮摄)